မိုင်ယာမီ၊ ဇန်န၀ါရီ ၆
ဖလော်ရီဒါပြည်နယ်၏ ပထမဆုံး လိင်တူလက်ထပ်ပွဲများကို မိုင်ယာမီတွင် ယမန်နေ့က ကျင်းပခဲ့ပြီး လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်းအား တရားဝင်ခွင့်ပြုလိုက်သည့် ၃၆ ခုမြောက် ပြည်နယ် ဖြစ်လာသည်။
ဖွဲ့စည်းပုံဥပဒေနှင့် ဆန့်ကျင်လျက် လိင်တူချင်း ထိမ်းမြားမှုကို ယခင်က ဤပြည်နယ်၌လည်း ကန့်သတ်တားမြစ်ခဲ့၍ နယ်လှည့်တရားသူကြီး ဆာရာဇတ်ဘယ်က ယခုလို လက်ထပ်ခွင့်ရလာချိန်တွင် မိုင်ယာမီဒိတ်ခရိုင်တွင်းရှိ လိင်တူစုံတွဲ အချို့ကို တပြိုင်နက် လက်ထက်ပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သူမက ဗွေဇော်ဦး စုံတွဲနှစ်တွဲကို လက်ထပ်ပေးလိုက်ချိန်တွင် မျက်ရည်များနှင့် အပြန်အလှန် ပွေ့ဖက်ကာ လက်ခုပ်သြဘာများ ပေးခဲ့ကြသည်။
တရားသူကြီးက လက်ထပ်လက်စွပ် ဆင်မြန်းမပေးခင် မေးမြန်းမှုများ ပြုလုပ်ရာ ကာလာအာဂွီလို (၃၇ နှစ်) နှင့် ဘ၀လက်တွဲဖော် ကေသီပဲတိုတို့က သူမတို့နှစ်ဦးကြား ကျမ်းသစ္စာကျိန်ဆိုပြီးသည်မှာ ၁၅ နှစ်အထိ ရှိခဲ့ပြီဟု ဆိုကြသည်။
"နောက်ဆုံးတော့ ကျွန်မတို့ သားလေးမှာ မိသားစု ရှိလာတော့မယ်၊ အနှိမ်ခံနိုင်ငံသား အဖြစ်က လွတ်မြောက်ပြီ" ဟု ပဲတို (၄၂ နှစ်) က ပြောကြားသည်။
ကျော်လင်းထွန်း
__Ref: Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment