အင်တာနက်မှာ အခုလို ကပ်ထားတဲ့ ပုံ ပျံ့နှံ့ ခဲ့ပြီး နောက် ရဲက ဖမ်းဆီး အရေးယူတာမွေ မြို့နယ်မှာ နေထိုင်သူ မွတ်ဆလင် အမျိုးသား တဦးဟာ သူ့ရဲ့ ကား နောက်မှန် မှာ အစ္စလာမ် ဘာသာရေး အကြောင်း အနက်ရောင် အောက်ခံမှာ အဖြူ ရောင် အာရပ်ဘီ စားလုံးနဲ့ စတစ်ကာ ကပ်ပြီး ကားကို အသုံး ပြုနေတဲ့ အတွက် ယာဉ်ထိန်း ရဲက သူ့ကို ဖမ်းဆီးပြီး အမှုဖွင့် လိုက်ပြီ ဖြစ်ပါတယ်။
တာမွေမြို့နယ် နယ်ထိန်း အရာရှိ ရဲအုပ် ခင်ဝင်း ကတော့ ဒီစာသား ဟာ အစ္စလာမ် အကြမ်းဖက် အဖွဲ့တွေ သုံးတဲ့ စာလုံး မျိုးနဲ့ ဆင်တူ နေတာ ဖြစ်တယ်လို့ ပြောပါ တယ်။
ဒီအတွက် ဒါဟာ ဘာသာရေး အရ လှုံ့ဆော်ပြီး ထင်ရောင် ထင်မှား ဖြစ်ရောင် လုပ်တယ် ဆိုပြီး၊ ၅၀၅ (ခ) နဲ့ အမှု ဖွင့်ထား တယ်လို့ ဆိုပါတယ်။
အဲဒီ အဖမ်း ခံရတဲ့ သူ ကတော့ သူတို့ရဲ့ ဘာသာရေး ယုံကြည်မှု အရ ကပ်ထား တာသာ ဖြစ်ပြီး တခြား ဘယ်လို သဘော မျိုးမှာ မဟုတ်ဘူး လို့ ပြောကြောင်း ရဲအုပ် ခင်ဝင်းက ပြောပါတယ်။
အခုတော့ ကားကနေ ဒီစတစ်ကာ ကို ဖြုတ်သိမ်းပြီး ကားကိုတော့ ပြန်ပေး လိုက်ပြီလို့ သိရပါတယ်။
အာရဗီ ဘာသာ နားလည်သူ တွေကတော့ ဒီစာသား တွေဟာ အစ္စလာမ် ဘာသာဝင် တွေရဲ့ ယုံကြည်မှုကို ဖော်ပြတဲ့ စာသား တွေပဲ ဖြစ်ပြီး နေရာ အနှံ့မှာ တွေ့ရ တဲ့ စာသား ဆိုင်းဘုတ် မျိုး ဖြစ်တယ် လို့ ဆိုကြ ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
No comments:
Post a Comment