Monday, 12 January 2015

နာမည်ကျော် Calvin Klein အတွက် ရိုက်ပေးထားတဲ့ ဓါတ်ပုံတွေဟာ ပြုပြင်ထားတာဖြစ်တယ်လို့ ပြောတဲ့ ၀က်ဘ်ဆိုဒ်ကို ဂျပ်စတင်ဘီဘာက တရားစွဲမည်ဟုဆို


နာမည်ကျော် Calvin Klein အတွက် ရိုက်ပေးထားတဲ့ ဓါတ်ပုံတွေဟာ ပြုပြင်ထားတာဖြစ်တယ်လို့ ပြောတဲ့ ၀က်ဘ်ဆိုဒ်ကို ဂျပ်စတင်ဘီဘာက အလွန် စိတ်ဆိုးဒေါထွက်နေပြီး တရားစွဲမယ်လို့ ကြေညာခဲ့ပါတယ်။ ပေါ့ ဂီတကြယ်ပွင့်ဟာကြော်ငြာရိုက်ကူးရေးအတွက် သူရဲ့အတွင်းခံဝတ်စုံဖက်ရှင်နဲ့ဓါတ်ပုံရိုက်ခဲ့ပြီး  ကြော်ငြာအ

တွက် မသုံးဖြစ်ဘဲ လျှို့ ဝှက်သတင်းတွေ ပေါက်ကြားပြီး ဖော်ပြလိုက်တဲ့အခါ ဓါတ်ပုံတွေမှာ သူ့ရဲ့တောင့်တင်းလှပတဲ့ ခန္ဓာကိုယ်အလှဟာ ထင်သလောက်မဟုတ်ဘူးဖြစ်နေတာကို တွေ့ရပါတယ်။

 Breatheheavy.com မှာ ဖော်ပြထားတဲ့ ဘီဘာ့ရဲ့ပုံတွေမှာတော့ ပိုမိုသေးငယ်တဲ့ ရင် အုပ်၊နောက်ကျော၊ လက်မောင်းကြွက် သားတွေနဲ့ခြေထောက်တွေ အပြင်အတွင်းခံ ၀တ်စုံနဲ့ပုံဟာ ပိုမိုသေးငယ်တဲ့ကြွက်သားအဖုအထစ်တွေနဲ့ ဖြစ်နေပါတယ်တဲ့။ဘီဘာကတော့သူ့ရဲ့နဂိုမူလပုံတွေဟာပြင်ဆင်တည်းဖြတ်

ထားခြင်းမရှိဘဲသူရဲ့အစစ်အမှန်ပုံတွေသာဖြစ်ကြောင်း ပြန်လည်ပြောဆိုထားပါတယ်။

 TMZ.com မှာကတော့ ဘီဘာရဲ့အဖွဲ့က ၀က်ဘ်ဆိုဒ်ပေါ်ကပုံတွေဟာ အတုတွေဖြစ်ပြီး ပြင်ဆင်တည်းဖြတ်လိုက်တဲ့သူကို ပုံတွေပြန်ဖျက်သိမ်းခိုင်းထားပါတယ် အဲလိုမှမဟုတ်ရင် တရားစွဲဆိုမယ်လို့ဆိုကြပါတယ်။ 

Credit : http://www.starpulse.com/news

No comments:

Post a Comment