Thursday, 1 January 2015

လမ်းဘေးမှာ . . . ပိုက်ဆံလိုက်တောင်းတဲ့ ကလေးတစ်ယောက် သင့်ကို ပိုက်ဆံလာတောင်းတဲ့အခါ . . . ဒီမေးခွန်းလေးမေးကြည့်ပါ -


“ အလုပ်လုပ်မလား အလုပ်ရှာပေးမယ် ? ”
အဒီလိုမေးရင် သူကကြိမ်းသေ ပြန်ဖြေပါလိမ့်မယ် -
“ မလုပ်ချင်ဘူး ”
အတော်များများမေးကြည့်ဖူးပေမယ့် -
အဖြေကတော့ “ မလုပ်ချင်ဘူး ” တစ်မျိုးပဲထွက်ပါတယ်။
သူတို့ရဲ့စိတ်မှာ အလုပ်လုပ်ရတာကပင်ပန်းမယ်
ကားဂိတ်တွေ၊ ဈေးတွေမှာ လိုက်တောင်းရတာက
လွယ်လွယ်ကူကူနဲ့ ပိုက်ဆံရတယ် အလုပ်လုပ်ရင်တောင်
အဒီလောက်ရမှာ မဟုတ်ဘူးလို့ တွက်နေလို့ပါ . . .
ကလေးတစ်ယောက် ပိုက်ဆံလိုက်တောင်းတာကို ပိုက်ဆံ
ပေးလိုက်တာဟာ သူ့ဘ၀ကို ဖျက်ဆီးလိုက်တာဖြစ်ပြီး
ကလေးတစ်ယောက် ဈေးရောင်းတာကို ၀ယ်ယူအားပေး
လိုက်တာကတော့ သူ့ရဲ့အလုပ်လုပ်ချင်တဲ့စိတ် ကိုယ့်ပိုင်ဝင်ငွေနဲ့
မိဘတွေကို ထောက်ပံ့လို့တဲ့စိတ် သူ့ရဲ့ကြိုးစားလို့တဲ့စိတ် . . .
အားလုံးကို ခွန်အားတွေ ပေးလိုက်သလိုပါပဲ . . .
မြ၀ဏိုးစံ(စာပေဥယျာဉ်)

စာအုပ်မြို့တော်

No comments:

Post a Comment