Saturday, 3 January 2015

အပြစ်မမြင်တဲ့ကောင်းကင်


*******************

အဖေဆိုတာ...
တောင်ထိပ်မှာပေါက်နေတဲ့သစ်အိုပင်
အဒီသစ်ပင်ပြိုလဲသွားတဲ့အခါ
အမေဆိုတာ...
အရိပ်မဲ့တဲ့လူမမယ်ကလေးတွေအတွက်
ထီးတစ်လက်လိုမိုးပေးခဲ့တယ်
နွေ....ထီးကိုဆောင်းထားတဲ့သားသမီး
ထီးလေးဘယ်လောက်ပူနေမလဲလို့
ထီးဆောင်းခဲ့သူတွေးမိခဲ့ဘူးလား
မိုး..တက်နိုင်သလောက်မိုးပေးခဲ့တယ်လေ
မိုးသဲရင်ထီးနဲ့တူတဲ့မိဘ
ဘယ်လောက်ချမ်းနေမလဲ
ထီးဆောင်းတဲမင်းတွေးမိပါသလား
ဆောင်း....နေ့ခင်းဆိုနွေလိုပါပဲ
မလိုအပ်ရင်ထီးတစ်ချောင်းလို
ခေါက်သိမ်းသွားလိုက်လေ

တခါတလေဖောင်လိုပဲ
သားသမီးတွေရပ်တည်နိုင်တဲ့
ကမ်းစမ်းကိုပို့ခဲ့ဘူးတယ်

မိဘရင်ခွင်ကိုခြေစုံနင်း
မင်းဘဝအောက်မြင်ခြင်းတဖက်ကမ်းကို
မင်းရောက်သွားရင်
ဖောင်းလေးကိုလှည့်ကြည့်မနေနဲ့

ငါမသိလို့မေးပါရစေ
လှိုင်းထန်တဲ့ပင်လယ်မှာ
မင်းဘဝအနာဂတ်လှပတဲ့ကမ်းခြေ
ဖောင်နဲ့တူတဲ့အမေပို့ခဲ့ဘူးတာ
သတိရသေးလား

သားသမီးတိုင်းနင်းခြေဘူးတဲ့
အမေ့ရင်ခွင်ဆိုတာဘယ်တော့မှ
မနာကျင်တက်တဲ့ ခွင့်လွှတ်ခြင်းကောင်ကင် ။

nay phay

No comments:

Post a Comment