Tuesday, 6 January 2015

ကားတစ်စီးအတွင်း မျောက်အကောင် ၅ဝနီးပါး သယ်ဆောင်လာသူကို တရုတ်သစ်တော အရာရှိ ဖမ်းဆီး

ပေကျင်း ဇန်နဝါရီ ၅

တရုတ်သစ်တော အရာရှိ တစ်ဦးသည် ကားတစ်စီး ၏ နောက်ဖုံး အတွင်း မျောက်အကောင် ၅ဝနီးပါး သယ်ဆောင်လာသည်ကို တွေ့ရှိ ခဲ့ပြီးနောက် တရား မဝင် မှောင်ခို သယ်ဆောင်လာ သည်ဟု ယူဆရသူနှစ်ဦး ကို ဖမ်းဆီး လိုက်ကြောင်း ဒေးလီးမေးလ် သတင်းဌာန က သတင်း ဖော်ပြ ထားသည်။

တရုတ်နိုင်ငံတောင်ပိုင်း ဇူအမ်ဒေသတွင် ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ မျောက်များကို ရိုးရာတိုင်းရင်းဆေးဖော်စပ်ရန် တရား မဝင်တင်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရေအတွက်အတိအကျမှာ ၄၇ ကောင်ဖြစ်ပြီး ဖမ်း ဆီးရမိချိန်တွင် တစ်ကောင်သေဆုံးနေကြောင်း သိရ သည်။ပြန်လည်ကယ်တင်နိုင်ခဲ့သည့် မျောက်များထဲ တွင် ရှားပါးမျိုးနွယ်ဝင်ဖြစ်သော မျက်ပြူးမျောက် ၂၈ ကောင်ပါဝင်ကြောင်း ချိုင်းနားဒေးလီးသတင်းစာ က ဖော်ပြထားသည်။

ကျန်မျောက်များမှာ အမွေးထူ ပြီး မျက်နှာ အနီရောင်ရှိကာ အအေးဒဏ်ခံနိုင်သည့် တောရိုင်း မျောက်များ ဖြစ်သည်။

မျက်ပြူးမျောက်များ သည် သွားလာမှုနှေးကွေးသည့် ရှားပါးမျောက်အမျိုး အနွယ်ဝင်ဖြစ်ပြီး တရုတ်နိုင်ငံ တောင်ပိုင်း၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင်သာ တွေ့ရှိနိုင်သည့် မျောက်မျိုး ဖြစ်သည်။

၎င်းတို့ကို ကမ္ဘောဒီးယားနိုင်ငံတွင် ရိုးရာတိုင်းရင်း ဆေးအဖြစ် ဖော်စပ်လေ့ရှိပြီး နိုင်ငံတကာအဖွဲ့အစည်း တချို့၏ ကန့်ကွက်မှုနှင့်ရင်ဆိုင်နေရသည်။

အဆိုပါမျက်ပြူးမျောက်များကို အမျိုးသမီးများ မီးဖွားပြီးနောက် ပြန်လည်ကျန်းမာရန် အသုံးပြုရာတွင် လည်းကောင်း၊ အစာအိမ်ပြဿနာများနှင့်အရိုးကျိုး သည့်ဒဏ်ရာများကို ကုသရာတွင်လည်းကောင်း၊ လိင်နှင့်ဆက်စပ်ရောဂါများကုသရာတွင်လည်းကောင်း အသုံးပြုကြောင်း သိရသည်။ T 1 P (Ref : BBC)

The Union Daily

No comments:

Post a Comment