Tuesday, 6 January 2015

၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ယာဉ်မတော် တဆမှု များကြောင့် ၅၈၈ ဦးသေဆုံး

၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ယာဉ်မတော်တဆ မှုများကြောင့် သေဆုံးသူ ၅၈၈ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်းယာဉ် ထိန်းရဲတပ်ဖွဲ့မှ အတည်ပြု ခဲ့သည်ဟု ဆင်ဟွာ သတင်း ဌာနကဖော်ပြသည်။

၂ဝ၁၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၃ဝဝဝ ကျော်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၄၂ဝဝ ဦး ရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများ ထဲတွင် အမျိုးသမီး ၁၂ဝဝ ဦးရှိကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း ယာဉ်မတော်တဆမှု များကြောင့် ပျမ်းမျှသေဆုံးသူဦးရေမှာ တစ်နေ့လျှင် ၁ ဒသမ ၆ ဦးနှုန်းရှိကြောင်းသိရသည်။

ရန်ကုန်တိုင်းယာဉ်ထိန်းရဲ တပ်ဖွဲ့သည် ယာဉ်မတော်တဆဖြစ်ပွားမှု များလျော့ကျစေရန် ယာဉ်မောင်းလိုင်စင်စစ်ဆေးခြင်း၊စည်းကမ်းဖောက် ဖျက်သောယာဉ်များကိုအရေးယူခြင်းများပြု လုပ်ခဲ့သည်ဟုဆိုသည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းများထဲတွင် ယာဉ်မောင်းသင်တန်း စနစ်တကျ မတက်ရောက်ခြင်းကြောင့် ကျွမ်းကျင်မှုမရှိဘဲ ယာဉ်မောင်းနှင်ခြင်းနှင့်အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်ခြင်း များမှာ အဓိကကျသောအကြောင်း ရင်းများဖြစ်သည်ဟု သိရသည်။

ယခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုလျော့ကျစေရန်ယာဉ်မောင်းများကို ပညာပေးအစီအစဉ်သစ် များပြုလုပ်ရန် နှင့်စည်းကမ်းဖောက်ဖျက်သော ယာဉ်မောင်းများကို ပြင်းထန်သည့် အရေးယူမှုများပြုလုပ်ရန် စီစဉ်နေသည်ဟုဆိုသည်။

တရားဝင်ထုတ်ပြန်သော သတင်းအချက်အလက်များအရ ၂ဝ၁၄ သြဂုတ်လတွင်မြန်မာ တစ်နိုင်ငံလုံး၌ မှတ်ပုံတင်ထား သော မော်တော်ယာဉ်စီးရေမှာ ၄ ဒသမ ၇ သန်းနှင့်မော်တော်ဆိုင်ကယ်စီးရေမှာ ၄သန်းရှိသည်ဟု သိရသည်။

ပြည့်ဖြိုးနိုင်
The Union Daily

No comments:

Post a Comment