Wednesday, 7 January 2015

မြန်မာနိုင်ငံသားတို့  ရိုက်ပွဲများဖြစ်ပွား


++++++++++++++++
6 January2014 phuket news

ထိုင်းနိုင်ငံ ဖူးကက် ပင်လယ်အပန်းဖြေမြို့ မှာ ဇန်န၀ါရီလ ၁ရက်နေ့က လေယာဉ်ကွင်းဆောက် လုပ်ရေး လုပ်သားများ အကြား နှစ်သစ်ကြို စားသောက်ပွဲများပြုလုပ်ရာမှအုပ်စုလိုက်လိုက်ရန်ဖြစ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ဆောက်လုပ်နေဆဲ ဖြစ်တဲ့ အပြည်ပြည်ဆိုင် ရာ လေဆိပ် တိုးချဲ့ ရေးလုပ်ငန်းများကို ယာယီ ရပ်ဆိုင်း ထားရကြောင်းသိရပါတယ် ။

လေဆိပ်အနီးတွင် ဆောက်လုပ်ပေးထားတဲ့ အလုပ်သမားအဆောင် များကနေ အလုပ်သမား အုပ်စုနှစ်စုကြား ညဦးပိုင်းမှစတင်ပြိး ခိုက်ရန်ဖြစ်ပွားရာမှာ လူ၁၀ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ပြီး အဆောက်အဦးနေအိမ်ခန်းများလည်း ဖျက်ဆီးခံရကြောင်းသိရပါတယ်

ညတွင်းချင်း လုံခြုံရေး ရဲကားများရောက်လာကြသော်လည်း အလုပ်သမား ၀င်းအတွင်း အခြေအနေမှာ ဆက်လက် တင်းမာနေခဲ့ပါတယ် ရန်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း အလုပ်သမားအုပ်စုများ တွင်းမှ မြန်မာနိုင်ငံသား ၁၂၀ကျော်လေဆိပ် နဲ့ ပိုဝေးတဲ့ နေရာကို့ ပြောင်းေ၇ွ့ မှုများလုပ်ဆောင် ခဲ့ရ ကြောင်း။

ထိုင်းနိုင်ငံသား အလုပ်သမားတာဝန်ခံ Mr Somboonပြောတာကတော့ .. "မြန်မာနိုင်ငံသားတွေက ကမ္ဘောဒီးယားနိုင်ငံသား ထက် အရမ်းသွေးဆူ လွယ်တယ် ဒီဇင်္ဘာလ ၃၀ရက်ကလည်း ရန်ပွဲတွေဖြစ်သေးတယ်"
ခုခမာတွေ(ကမ္ဘောဒီးယား)တွေက တာဝန်ရှိတဲ့သူတွေက ထိမ်းလို့ ရပ် သွားေ ပမယ့် မြန်မာနိုင်ငံ သားတွေက ခမာတွေကိုဆက်လက်တိုက်ခိုက် ရန်ရှာနေတုံးဘဲ ဟု ပြောသွားပါတယ် ။

အခုချိန်ထိပဲ အဆိုပါအုပ်စုလိုက်ဖြစ်ပွားနေတဲ့ နေရာများမှာ ရဲလုံခြုံရေး ကားများ ကင်းလှည့် စောင့်ေ၇ှာက်ပေးနေကြာင်း phuket news သတင်းတွင်ဖေါ်ပြ ထားပါတယ် ။
Social Action for Women - SAW

No comments:

Post a Comment