Thursday, 22 January 2015

ခေတ်သစ် မျက်မမြင် ၅ ယောက် ----------------------------------------

တစ်ခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့ …

သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာ တစ်ခုခုကို နေ့စဉ် ပြောဆိုဆွေးနွေးငြင်းခုန်ကြပါ
သတဲ့ …

တစ်နေ့တော့ ..သူတို့ဟာ …အင်တာနက် ဆိုတဲ့ အကြောင်းအရာကစပြီး ဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့ မေးခွန်း ကို ရောက်သွားကြပါသတဲ့ …

လေသန်သန်နဲ့ ..အင်တာနက် အကြောင်းကိုသာ ရွှီးနေကြတာ …ကွန်ပျူတာ ဆိုတာ ဖြူ သလား မဲသလား ..မသိကြဘူး ကွဲ့ ..အဲလေ ..ဘယ်သိမှာလဲ သူတို့က မျက်မမြင်တွေကိုး ..

တစ်နေ့တော့ ..သူတို့ ၅ ဦး ဆုံပြီး ..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့ …အတွက် ..ကိုကြီးဝေယံရဲ့ အိမ်ကို ရောက်လာကြပါသတဲ့ …

ရောက်လာတယ်ဆိုရင်ဘဲ ကိုဝေယံကို အကျိုးအကြောင်း ပြောပြတော့ ..ကိုဝေယံလဲ အတော် သဘောတွေ ကျသွားပါသတဲ့ …

" အမယ် တယ်ဟုတ်ပါလား ..ကို့ ညီတို့ ကိုတော့ လေးစားသွား ပဟ …အစ်ကို ကူညီမယ် "

ဆိုပြီး ..သူ့ရဲ့ ဧည့်ခန်းထဲကို ထိုင်ခိုင်း ပါသတဲ့ …
ပြီးတော့ သူ့အိပ်ခန်းထဲမှာ သူသုံးနေကျ ကွန်ပြူတာကလည်း အဆင့်သင့် ရှိနေတော့ အဆင်ပြေသွားတော့တာပေါ့..

သူဖတ်ဖူးတဲ့ ဟိုပုံပြင်ထဲက မျက်မမြင်တွေ ဆင်ကြီးကို စမ်းသလိုမျိုး စမ်းပြီး ကွန်ပျူတာကို ဘယ်လို ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့

ဒီလိုနဲ့ဘဲ ပထမ ဦးဆုံးကိုဘိုကြီးကို...အခန်းထဲကို ၀င်ခိုင်းပြီး စမ်းစေပါသတဲ့
ခဏနေတော့ ..သူ ပြန်ထွက်လာပြီး ကိုရွှေပန်းကို ပြောသတဲ့ ..

" ကိုကြီးရာ ..တကယ်တော့ ကွန်ပျူတာဆိုတာ …မိန်းခလေး တစ်ယောက်ရဲ့ ဗိုက်သား လိုပါဘဲလား ဗျာ ..မျက်နှာပြင်ကလေးက ချောမွေ့ နေတာကိုး " တဲ့

ကိုဝေယံ သဘောကျ သွားသပေါ့ …
ဥပမာ ကလေးက ကောင်းတော့ သဘောတွေ ကျသပေါ့

" အင်း …ဒီကောင် မော်နီတာ မျက်နှာပြင်ကို စမ်းမိသွားပြီဘဲ "

နောက်တစ်ယောက် ကိုမိုးမြင့် ၀င်သွားပါသတဲ့ …
သူလဲ ..ပြန်ထွက်လာပြီး …
" အော် ကွန်ပျူတာ ဆိုတာ ..မိန်းခလေးတစ်ယောက်ရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ " တဲ့

" အမ် …မင်းက ဘယ်လို စမ်းတာလဲ " ဆိုတော့

" ကျနော် ထိုင်ပြီး စမ်းတာပါ" …တဲ့ "

" အော်…ဒီကောင် …ကွန်ပျူတာ တင်ထားတဲ့ ..စားပွဲခြေထောက်ကို စမ်းမိတာပါလား ….ဟားဟား …"

နောက်ထပ် တစ်ယောက် မောင်မင်းသူရိန် ၀င်ပါသတဲ့ကွယ် .
သူလဲ ပြန်ထွက်လာတော့ ပြုံးစေ့စေ့နဲ့ ..

" ကွန်ပျူတာဆိုတာ .. မိန်းကလေးတစ်ယောက်ရဲ့ …အသားလိုပါဘဲ ..နှိပ်လိုက်ရင် ခွက်ဝင်သွားတယ်နော် …" တဲ့

" အော် ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး "

ကိုဝေယံလန့်တောင်နေပါတယ်တဲ့ ..
ဒီကောင်တွေရဲ့ ဥပမာက မိန်းကလေး တစ်ယောက်ရဲ့ ဆိုတာထဲကကို မထွက် လို့ လေ

နောက်တစ်ယောက် ကိုမိုး ထွက်လာပြီး ..

" မိန်းကလေး နစ်ယောက်ရဲ့ ကျောပြင် ကလေးလိုပါဘဲ ညီညာပြန့်ပြူး လို့ "

" အော် ဒီကောင်က မာသာဘုတ် ကို စမ်းမိတာကိုး "

နောက်ဆုံးတစ်ယောက် ကိုတင်နိင်အောင် အထဲကို ၀င်သွားတော့ ကိုဝေယံလေး စိတ်ဝင်တစား စောင့်နေမိတယ် …
သူတို့ ဥပမာပေးတွေက ကောင်းလွန်းနေတာကိုး ကွယ်

နောက်ဆုံးဝင်သွားတဲ့ တစ်ယောက်ကတော့ ..အတင်း ၀ုန်းဒိုင်း ကျဲပြီး ပြေးထွက်ရင်း ပြောသတဲ့
" ဟာ ….ကွန်ပျူတာ ဆိုတာ ပါးကို ရိုက်တတ် သဟ " လို့ ဆိုပြီး ရဲတွတ်နေတဲ့ ပါးကို လက်နဲ့ ပွတ်ရင်း ပြောသတဲ့ ..

ကိုဝေယံလေး ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲ အခန်းထဲက … သူ့မိန်းမ ညာသန်မ ထွက်လာပြီးးးးး

" ဒီမယ် ကိုဝေယံရှင့် နဲ့ ကျမ မင်ဂါဆောင်တာ တစ်နှစ်တောင် မပြည့်သေးဘူး.. ရှင့်အချိုးတွေ မူမှန်တာ ကြာပြီ ..ဒီနေ့ ဘာအချိုး ချိုးတာလဲ ပါးကျိုးသွားချင်လို့လား ..တော်ပြီ ရှင့်အိမ်က ဆင်းတယ်...." ဆိုပြီး ထွက်သွားပါသတဲ့ ..

သည်တော့မှ ကိုဝေယံလေးလည်း သတိရသွားတော့တယ်။

" ဟိုက် …ငါ့ .မိန်းမ မိညာသန် ကို အခန်းထဲက ထွက်ခိုင်းဖို့ မေ့သွားပါလား …တောက် ..ဟိုကောင်တွေ ဥပမာတွေက ကောင်းလှပါတယ် အောက်မေ့နေတာ …"

တွားပါဘီကွာ..unsure emoticon
credit : original writer

သူငယ်ချင်းပျော်စေရန် နာမည်အစားထိုး
ပြုထားပါသဖြင့်အမှားပါရင် ခွင့်လွတ်ပါရန်

yannaing

No comments:

Post a Comment