Sunday, 4 January 2015

အကယ်ဒမီနဲ့လွဲခဲ့လို့ အသည်းကွဲနေတဲ့ ဒါရိုက်တာဝင်းထွန်းထွန်း


အကယ်ဒမီဆန်ခါတင်စာရင်းတွင်ပါဝင်ခဲ့သည့် စုန်းပြူးဇာတ်ကားဖြင့် ပရိသတ်များ ထင်ကြေးပေးခံရသည့် ဒါရိုက်တာဝင်းထွန်းထွန်းက အကယ်ဒမီနှင့်လွဲ ခဲ့၍ အသည်းကွဲနေကြောင်း ပြောသည်။ အကယ်ဒမီထူးချွန်ဆုပေးပွဲ အပြီး နောက်နေ့တွင် စိတ်ဓာတ် ကျနေသဖြင့် ဇာတ်ကားရိုက်ကူး ရာတွင် အရမ်းခက်ခဲခဲ့ကြောင်း နှင့် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသဖြင့် အရမ်းခံစားရ ကြောင်း ဒါရိုက်တာဝင်းထွန်းထွန်း က ပြောသည်။‘‘အခုတစ်လောမှာ စဉ်းစားမိ တာ လူတွေက အနုပညာဆိုတာ ကို ဘယ်လိုပေတံနဲ့တိုင်းလဲဆို တာ နားမလည်ဘူး။ အစ်ကို့ကား ထဲမှာပါတဲ့ သရုပ်ဆောင်တွေရော၊ဓာတ်ပုံဆရာတွေရော အကုန်ကြိုးစားထားကြတယ်။ အဲဒီနေ့ကဆိုရင် အကြီးကြီးကို ဆုံးရှုံးသွားသလိုခံစားရတယ်’’ဟု ၎င်း၏ စိတ်ခံစားချက်ကို ဖွင့်ဟ ပြောပြသည်။

အနုပညာသက်တမ်း ၁၇ နှစ်ရှိပြီဖြစ်သော ဒါရိုက်တာဝင်း ထွန်းထွန်းသည် ယခုနှစ်တွင် လည်း ရိုက်ကူးနေကျဖြစ်သည့် ဒရာမာရုပ်ရှင်ကားများရိုက်ကူး ရန်ရှိနေပြီး ၎င်းကိုယ်တိုင်မျှော် လင့်ချက်မထားတော့ဘဲ ဇာတ် ကားများကို အကောင်းဆုံးဖြစ် အောင်သာ ထပ်မံကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ထင်ကြေး ပေးခံရပြီး မရရှိခဲ့သည့်အတွက် ပရိသတ်များကို တောင်းပန် ကြောင်း ဆိုသည်။

၎င်းသည် လက်ရှိတွင် ရင် တွင်းစူးနစ်ဗီဒီယိုဇာတ်ကားကို သရုပ်ဆောင် နေတိုး၊ မိုးဟေကို တို့နှင့် ရိုက်ကူးနေပြီး ယင်းဇာတ် ကားထဲတွင် ငွေမက်သည့်မိန်းမ တစ်ယောက်ကို ချစ်မိသည့် သစ္စာ ရှိ ယောက်ျားတစ်ယောက်၏ အသည်းကွဲဇာတ်လမ်းတစ်ခု အကြောင်းကို ရိုက်ကူးနေသည်။

7Day Daily

No comments:

Post a Comment