ရန်ကုန်၊ ဇန်န၀ါရီ ၅
၎.၁.၂၀၁၅ ရက်နေ့ ၂၂၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းအတိုင်း ခြောက်ကွေ့ ဘက်မှ အောင်မင်္ဂလာ အဝေးပြေးဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ အမျိုးအစား(စုံစမ်းဆဲ) ယာဉ်သည် ချမ်းမြေ့ဆေးခန်း ရှေ့အရောက် လမ်းဖြတ်ကူးသူ အသက်(၃၀)နှစ်ခန့်ရှိ အမည်မသိ အမျိုးသား တစ်ဦးအား တိုက်မိပြီး မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း၊ ယာဉ်တိုက်ခံရသူ အမျိုးသားမှာ အဆိုပါယာဉ်နှင့် အတူ ချိတ်ပါသွားခဲ့ပြီး အောင်မင်္ဂလာ အဝေးပြေးဝင်း၊ ဂိတ်(၄)ထွက်ပေါက်ရှေ့အရောက် လမ်းလယ်တွင် ပြုတ်ကျ ကျန်ခဲ့ကြောင်းနှင့် ယာဉ်တိုက်ခံရသူ အမျိုးသားမှာ ခန္ဓာကိုယ်၌ စုတ်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ယာဉ်တိုက်မှုဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသူ ယာဉ်မောင်း (စုံစမ်းဆဲ)အား မြောက်ဥက္ကလာပ မြို့နယ်၊ ဝေဘာဂီနယ်မြေ ရဲစခန်းယာဉ်(ပ)၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့် စုံစမ်း ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment