Friday, 23 January 2015

မိခင် နေမကောင်း၍ ဆေးဝယ် သွားစဉ် သားမယားပြုကျင့်ခံရ


ဒီပဲယင်းမြို့နယ်၊ မြင်းတန့် ကျေးရွာတွင် မိခင်ဖြစ်သူ နေမကောင်း၍ သမီးဖြစ်သူမှ ဆေးဝယ် သွားစဉ် တစ်ရွာတည်းနေသူမှ သားမယား အဖြစ် ပြုကျင့်ခံ ရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ဒီပဲယင်းမြို့နယ် မြင်းတန့် ကျေးရွာ၌ မ......(၂၂) နှစ်သည် မိခင် ဖြစ်သူ နေမကောင်းသည့် အတွက် ဆေးဆိုင်သို့ တစ်ဦးတည်း သွားကာ ဆေးဝယ်ခဲ့ပြီး အပြန်တွင် တစ်ရွာတည်းနေ မောင်...... (၂၁) နှစ်မှ အရိုးအသွား ရှစ်လက်မခန့်ရှိ ဓားမြှောင်ဖြင့် ထောက်ကာ အနီးရှိ စပါးကျီတိုက် ထဲသို့ ခေါ်သွားကာ သားမယား အဖြစ် ပြုကျင့် ခဲ့ကြောင်း သိရပြီး မိခင် ဖြစ်သူ နေမကောင်း သဖြင့် မည်သူမျှ ပြန်မပြောခဲ့ကြောင်း ပထမ သတင်းပေးချက် အရ သိရသည်။

ယင်းသို့ သားမယား အဖြစ်ပြုကျင့် ခံရ ပြီး ယခုလ (၁၉) ရက်နေ့တွင် မ....(၂၂) နှစ်မှာ ကိုယ်ဝန်ရှိ လာပြီး မိခင်အား ဖွင့်ပြောခဲ့ရာ လူမှုရေး အရ မောင်...... မိဘများထံ သွာ ရောက် ညှိနှိုင်းခဲ့ သော်လည်း ပြေလည်မှု မရသဖြင့် ပြုကျင့်ခံရ သူမှ တရားလိုပြုကာ ဒီပဲယင်းမြို့မ ရဲစခန်းတွင် တိုင်တန်းခဲ့ သဖြင့် ယခုလ (၂၁) ရက်နေ့တွင် မောင်......အား (ပ) ၁၀/၂၀၁၅ ပြစ်မှု ပုဒ်မ ၃၇၆/၃၆၆ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း တိုင်းရဲတပ်ဖွဲ့  မှူးရုံး မှုခင်းမှတ်တမ်းများ အရ သိရသည်။

လင်းလင်းမောင်
Messenger News Journal

No comments:

Post a Comment