ရန်ကုန်၊ ဇန်နဝါရီ ၁-
ဆီးချို၊ သွေးချိုရောဂါရှိသူများအနေဖြင့် Alcohol ကို သတ်မှတ်ထားသည့် ပမာဏထက် ပို၍မသောက်သင့် ကြောင်း သိရသည်။
ဆီးချို၊ သွေးချိုရောဂါရှိသူများ သည် အရက် (Alcohol) သောက် ခြင်းကို ရှောင်နိုင်ပါက ပိုမိုကောင်း မွန်ပြီး အရက်သောက်သူ များတွင် TG Level နှင့် Sugar Level မြင့် တက်နိုင်သည့်အတွက် သတ်မှတ်ထား သည့်ပမာဏထက် ပို၍မသောက် သုံး သင့်ကြောင်း သိရသည်။
''အများဆုံးမေးကြတဲ့မေးခွန်း ပါပဲ။ ကျွန်မတို့က အရက်မသောက် ပါနဲ့လို့ပြောလိုက်ပေမယ့်လဲ လူနာ တွေဘက်က ပွဲတွေကလဲများပါတယ်။ Dinner တွေကလဲ များပါတယ်။ အဲဒီတော့ လုံးဝမသောက်ဘဲလဲ မရ ပါဘူးပေါ့။
တချို့မြန်မာလူမျိုး အ သက် ၅ဝကျော်တွေဆိုရင်တော့ ပြောစကားကို နားထောင်တယ်။ဥပမာ- အသက် ၄ဝလောက်နဲ့ ဆီး ချို၊ သွေးချိုရောဂါဖြစ်တဲ့သူတွေက တော့ နားမထောင်ကြတာတွေရှိ တယ်။ ငယ်လဲငယ်သေးတယ်။ ဒီ ရောဂါဖြစ်တာလဲ သိပ်မကြာသေး တာကို:''ဟု အာဟာရဆိုင်ရာ အထူး ကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်း ဝင်းမြင့်က ပြောသည်။
ယင်းကဆက်လက်၍ ''အဲဒီ တော့ မဖြစ်မနေသောက်ရမယ်ဆိုရင် ဘယ်လောက်သောက်ရမလဲ၊ ဘယ် လိုသောက်ရမလဲ၊ ဘယ်အမျိုးအစား တွေ သောက်ရမလဲဆိုတာတွေကို မေးလာတဲ့အခါကျတော့ ယောက်ျား လေးတွေဆိုရင် တစ်ရက်ကို နှစ်ပက် ထက် ပိုမသောက်သင့်ဘူး။
မိန်းက လေးဆိုရင်တော့ တစ်ပက်ထက် ပို မသောက်သင့်ဘူး။ တစ်ပတ်ကို အ လွန်ဆုံးငါးရက်လောက်ပဲ သောက် သင့်တယ်'' ဟုဆိုသည်။
တချို့လူနာများသည် တစ်ပတ် ကို တစ်ခါသာသောက်သည်ဆိုသော် လည်း ယင်းနေ့တွင် အလွန်အကျွံ သောက်သုံးခြင်း များရှိကြပြီး ယင်း သို့သောက်သုံးခြင်းဖြင့် ကယ်လိုလီ များစွာတက်လာကာ ဆီးချို၊ သွေးချို များတက်လာခြင်း၊ အဝလွန်ခြင်း များ ဖြစ်လာနိုင်သည့်အတွက် ဆီးချို၊ သွေး ချိုဝေဒနာရှင်များအနေဖြင့် အရက်၊ ဘီယာ၊ ဝိုင် အစရှိသည့် Alcohol များကို စနစ်တကျသောက်သုံးသင့် ကြောင်း သိရသည်။
''အဲဒါကြောင့် တကယ်တမ်း သောက်မယ်ဆိုရင် စနစ်တကျ သောက်သင့်ပါတယ်။ ဘာလို့လဲဆို တော့ One Drink တိုင်းမှာ Alcohol က ၁၅g ပါတယ်။ အဲဒါကြောင့်အရက် ကို စနစ်တကျသောက်သင့်ပါတယ်။
ပြီးတော့ ဖြစ်နိုင်ရင် အရက်သောက် တဲ့သူတွေက အစာနဲ့အတူ သောက် သင့်ပါတယ်။ အရက်တွေ အရမ်း သောက်ထားတဲ့ ဆီးချို၊ သွေးချိုဝေ ဒနာရှင်တွေက ည(သို့မဟုတ်)နံနက် အိပ်ရာထချိန်မှာ ဆီးချိုတွေက အရမ်းကျတယ်''ဟု ဒေါက်တာဒေါ်ဝင်း ဝင်းမြင့်က ထပ်မံပြောကြားခဲ့သည်။
KTM
Democracytoday
Friday, 2 January 2015
ဆီးချို၊ သွေးချိုရောဂါရှိသူများ Alcohol ကို သတ်မှတ်ထားသည့်ပမာဏထက် ပို၍မသောက်သုံးသင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment