***************
ခင်များတို့အုပ်စိုးနေသမျှတော့
ကလေးတွေရဲ့အနာဂတ်
အမှိုက်ပုံမှာပဲမိုလင်းရဦးမယ်
ခင်များတို့သားသမီးတွေရဲ့ဖိနပ်တရံစာ
အမှိုက်ပုံနားက...ကလေးတွေရဲ့
ဘယ်နှစ်ဘဝစာအိမ်မက်လဲ
မညီင်္မျှခြင်းတရားဆိုတာကို
စာနာမှုအလီနဲ့မြှောက်တိုင်း
မနက်စာထမင်းတနပ်ငတ်တယ်
ခင်များတို့အုပ်စိုးနေသမျှတော့
မိဘမဲ့ကလေးတွေသိန်းသန်းချီပြီး
စစ်ပွဲတွေထဲခွေးလေခွေးလွင့်လို
ကလေးငယ်တွေလမ်းဘေးရောက်ဦးမယ်
ခင်များတို့အာဏာကိုဖက်တွယ်သမျှတော့
လူအခွင့်ရေးဓားသွားပေါ်မှာ
အမှန်တရားမြတ်နိုးသူခြေလှမ်း
နာကျင်လဲဆက်လျှောက်ရဦးမယ်
ခင်များတို့အုပ်စိုးနေသမျှတော့
် ဗိုလ်ချုပ်ပြောတော့ဖာနိုင်ငံ
ဖြစ်သွားလဲဆန်းသလာဗျာ ။
nay phay
No comments:
Post a Comment