ရန်ကုန် (မဇ္ဈိမ)။ ။ ဒေါပုံမြို့နယ်တွင် ပြည့်တန်ဆာအမှုဖြင့် ဖမ်းဆီးစစ်ဆေးနေသည့် အမျိုးသမီးမှာ အမျိုးသားတစ်ဦး ဖြစ်နေသည်ကို ဖမ်းဆီးပြီး တစ်ပတ်ကျော် အကြာတွင် သိခဲ့ရသည်ဟု ဒေါပြုံမို့မရစဲခန်းက ရဲအရာရှိတစ်ဦးက ပြောသည်။
ဇန်နဝါရီ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီ ခွဲခန့်က ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ ဝါဆို ကားမှတ်တိုင်အနီးတွင် ပြည့်တန်ဆာ အလုပ်အတွက်
မြှူဆွယ်သွားလာနေသည့် အသက် ၂၀ အရွယ် မသော်တာထွန်း ဆိုသူကို ဖမ်းဆီးခဲ့သည်။
ထို့နောက် ဒေါပုံမြို့မရဲစခန်း၌ ပြည့်တန်ဆာ ဥပဒေပုဒ်မ ၇(၁)(က) ဖြင့်အမှုဖွင့်ပြီး ဒေါပုံမြို့နယ် တရားရုံးသို့ ဇန်နဝါရီ ၁၂ ရက်တွင် တရားစွဲဆိုတင်ပို့ခဲ့ ခြင်းဖြစ်သည်။ ၎င်းအား အင်းစိန်ထောင်တွင် ထိန်းသိမ်းထားပြီး ဇန်နဝါရီ ၁၉ ရက်က ဒေါပုံတရားရုံး၌ ထပ်မံရုံးထုတ်စစ်ဆေးပြီး အင်းစိန်ထောင်သို့ ပြန်လည်ရောက်ရှိမှသာ အဆိုပါအဖြစ်မှန်ကို သိရှိခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။
ဒေါပုံ မြို့မရဲစခန်းစခန်းမှူး ဒု-ရဲမှူး မြင့်လွင်က "ကျွန်တော်ကတော့ တစ်ခါမှ မကြုံဖူးပါဘူး။ တကယ် မိန်းကလေး တစ်ယောက်အတိုင်းပါပဲ။ အင်းစိန်ထောင်ရောက်မှ ယောကျာ်းလေးဖြစ်နေကြောင်း သိရတာပါ။ သူ့မှာ မှတ်ပုံတင်လည်း မရှိဘူ" ဟု ပြောသည်။
အဆိုပါဖြစ်စဉ်ကို ဒေါပုံမြို့နယ်တရားရုံးတွင် ဆက်လက်စစ်ဆေးနေပြီး အမှုအပြီးသတ် စစ်ဆေးပြီးပါက ဆက်လက်သတင်း ထုတ်ပြန်ပေးသွားမည်ဟု ဒု-ရဲမှူး မြင့်လွင်က ဆိုသည်။
No comments:
Post a Comment