Tuesday, 6 January 2015

ရန်ကုန်စည်ပင် ကိုယ်စားလှယ်တွေ ကတိသစ္စာပြုတာ မူလဥပဒေနဲ့ ညီရဲ့လား


Posted by: Video-editer on January 6, 2015 at 20:51 PM 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တွေ ဇန်နဝါရီ ၆ရက်နေ့မနက်မှာ ကတိသစ္စာပြုတဲ့အခမ်းအနားကို မြို့တော်ခမ်းမမှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံ့ဝန်ထမ်းဖြစ်ရမယ့်သူတွေကို ကတိသစ္စာပြုခိုင်းတာ ဥပဒေနဲ့ ညီညွတ်ပါရဲ့လား။

အခြေခံဥပေဒဆိုင်ရာ ဖွဲ့စည်းပုံခုံရုံးက ပြဌာန်းထားတဲ့ ဥပဒေနဲ့ ရန်ကုန်စည်ပင်ရဲ့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားချက်တွေဟာ မူလဥပဒေကို ကျော်ဖြတ်လို့မရတာကြောင့် နိုင်ငံဝန်ထမ်းဥပဒေကို လိုက်နာရမယ်လို့ ပြောထားတာကြောင့် မလိုက်နာနိုင်ဘူးလို့ ဦးခင်လှိုင်က ပြောပါတယ်။

ဥပဒေရဲ့အထက်မှာ ဘာမှမရှိတာကြောင့် သူတို့က နည်းဥပဒေအရ ဆောင်ရွက်နေပြီး မူလဥပဒေနဲ့ ဆောင်ရွက်တာမဟုတ်ဘူးလို့ စည်ပင်ရဲ့ ကတိသစ္စာပြုတဲ့ကိစ္စကို ဇောတိက ဦးခင်လှိုင်က ဝေဖန်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ရပိုင်ခွင့်ကို သဟဇာတဖြစ်အောင် လုပ်ပေးနိုင်မယ့် စည်ပင်သာယာရေးကော်မတီ ဖြစ်လာဖို့ မြို့တော်ဝန်ဦးလှမြင့်က မျှော်လင့်တယ်လို့ ဆိုပါတယ်။ ကော်မတီဝင်သစ်တွေဟာ စည်ပင်မှာ အချိန်ပြည့်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အခွင့်အရေးတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ရန်ကုန်စည်ပင်သာယာရေးကော်မတီမှာ ဌာနပေါင်း ၂ဝရှိပြီး သူ့အနေနဲ့ ဆရာဝန်တစ်ယောက်ဖြစ်တာမို့ ကျန်းမာရေးနဲ့ဆိုင်တဲ့ကဏ္ဍကို ကိုင်တွယ်ရမယ်လို့ ထင်တဲ့အကြောင်း၊ ကိုယ်ကျိုးမကြည့်ဘဲ ပြည်သူအတွက် လုပ်သွားမယ်လို့ ဒေါက်တာအေးမင်းက ပြောပါတယ်။

တာဝန်ထမ်းဆောင်ရမယ့် သက်တမ်းတစ်နှစ်အတွင်း မြောက်ဥက္ကလာပမြို့နယ် ရေစီးရေလာကောင်းဖို့၊ အမှိုက်ပိတ်ဆို့နေတဲ့ ပြဿနာတွေကို ဖြေရှင်းသွားမယ်လို့ ဆိုလာသူက မြောက်ဥက္ကလာပမြို့နယ် စည်ပင် ဥက္ကဌ ဦးဌေးဦးက ပြောပါတယ်။

kamayut

No comments:

Post a Comment