အမေရိကန် ပြည်ထောင်စု၊ ကော်လိုရာဒို ပြည်နယ်မှ အမျိုးသမီးငယ်တဦးကို အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေး စစ်သွေးကြွအဖွဲ့ (IS) အား အကူအညီ ပေးရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်။
မူဆလင်ဘာသာသို့ ပြောင်းလဲ ကိုးကွယ်ခဲ့သည့် အသက် ၁၉ နှစ်အရွယ် ရှန်နွန်ကွန်လေသည် ပြီးခဲ့သော ဧပြီလက ဆီးရီးယားသို့ သွားရောက်၍ IS စစ်သွေးကြွတဦးနှင့် လက်ထပ်ရန် ကြိုးပမ်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
IS နှင့် ဆက်သွယ်မှု ရှိနေသည့် အခြား အမေရိကန်များနှင့် ဆိုင်သော အချက်အလက်များကို ဖော်ထုတ်ပြောပြပါက ပြစ်ဒဏ်လျှော့ချပေါ့ပေးမည်ဟု အစိုးရတရားလိုဘက်မှ ကမ်းလှမ်းခဲ့ရာ ဟာလီမာဟု မိမိကိုယ်ကိုယ် အမည် ပြောင်းထားသူ ကွန်လေအနေဖြင့် သူမ၏ လုပ်ရပ်အပေါ် လွန်စွာ နောင်တရမိကြောင်း ထွက်ဆိုလာတော့သည်။
ကျော်လင်းထွန်း
__Ref: BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment