Friday, 9 January 2015

MPT နှုန်းထားအသစ် နှင့် ၀န်ဆောင်မှုအသစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် နှုန်းထားအသစ် နှင့် ၀န်ဆောင်မှုအသစ်ကို စတင် ဆောင်ရွက်မည်။ 

ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ အတွေ့အကြုံများဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ(၁၂)ရက်နေ့ တွင် ဝန်ဆောင်မှု အသစ်များနှင့် နှုန်းထားအသစ်များကို ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းသည့်အနေနှင့် စတင် ဆောင်ရွက်မည် ဖြစ်ပါသည်။
“ကျွန်တော်တို.ရဲ. ၀န်ဆောင်မှု နှုန်းထားသစ်များ ကြေညာ တာကို သိရှိနိုင်ဖို.အတွက်သုံးစွဲသူများဟာ စောင့်ဆိုင်းနေခဲ့ကြရပါတယ်။ ယခုအခါမှာဆိုရင် ကျွန်တော်တို.ရဲ. ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မှု စွမ်းပကားနှင့် ၀န်ဆောင်မှုပေးနေတဲ. အခြေအနေတွေအပေါ်မှာ ကောင်းစွာ ယုံကြည်မှု ရှိလာပြီဖြစ်တဲ့ အတွက်ကြောင့် ကမ်းလှမ်းမှုနှုန်းထား အသစ်တွေနှင့်အတူ မြန်မာနိုင်ငံသူနိုင်ငံသားများကို ဆက်သွယ်ချိတ်ဆက်ပေးမဲ့ နောက်ထပ် ခြေလှမ်းသစ်ကို မျှဝေပေးချင်ပါတယ်။”ဟု  MPT-KDDI-Sumitomo ပူးပေါင်းလုပ်ငန်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ် မစ္စတာနာဂရှီးမားက ဇန်နဝါရီလ (၉)ရက်၊ သောကြာနေ့၌ ပြုလုပ်သော ဝန်ဆောင်မှု အသစ်များ မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ၂၀၁၅ ခုနှစ်ဦးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများအတွက် ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှု(၅)ခုကို ကြေညာခဲ့ပါသည်။
၁။    ဆွေသဟာ အစီအစဉ်သစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ(၁၂)ရက် နေ့တွင် ဆွေသဟာ အမည်ရှိ အစီအစဉ်သစ်ကို စတင် ၀န်ဆောင်မှု ပေးမည် ဖြစ်ပါသည်။ ထိုအစီအစဉ်အရ ပြည်သူများအနေနှင့် ဖုန်း ပြောခြင်း၊ SMS ပေးပို့ခြင်း တို့ကို ဈေးနှုန်း ချိုသာစွာဖြင့် သုံးစွဲခွင့် ရရှိကြမည် ဖြစ်ကာ ပိုမိုမြန်နှုန်းမြင့်သော အင်တာနက်အသုံးပြုခွင့်ကိုပါ ရရှိမည် ဖြစ်ပါသည်။ ဆွေသဟာအစီအစဉ်ကို ရယူရန် အတွက် မှတ်ပုံတင် စာရင်းပေးပို့ရန် လိုအပ် ပါသည်။ ထို့ ပြင် GSM နှင့် WCDMA  သုံးစွဲသူများသာလျှင် ဆွေသဟာ အစီအစဉ်ကို ရယူ သုံးစွဲနိုင်ခွင့် ရှိပါသည်။
ဆွေသဟာ၊  “သုံးသလောက် ပေးရမည့် ”  အစီအစဉ်သစ်၏ အဓိက အချက်များ
ဈေးနှုန်းနှင့် ၀န်ဆောင်မှု အသစ် ကို စတင် မိတ်ဆက် အရောင်း မြှင့်တင်ခြင်း ပြုလုပ်သည့် နေ့မှ စ၍ ၂၀၁၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ အထိ ဆွေသဟာ အစီအစဉ်ကို မှတ်ပုံတင် သုံးစွဲသူတိုင်း သည် မိမိနှစ်သက်ရာ MPTနံပါတ် (၃)ခုကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။အင်တာနက် ချိတ်ဆက်ခ ပေးရန် မလိုဘဲ အင်တာနက်ကို 

သုံးစွဲနိုင်ခွင့်ရှိသူMPT သုံးစွဲသူအားလုံးGSM/ WCDMA သုံးစွဲသူများမှတ်ပုံတင်နည်းDefault tariffPrepaid သုံးစွဲသူအတွက် “SWE” ဟု ရိုက်ပါ။ (သို့မဟုတ်)Postpaid သုံးစွဲသူအတွက် “POSTSWE“ ဟု ရိုက်ပါ။ထို့နောက် ၁၃၃၂ သို့  SMS ပို့ပါ။(မူလဈေးနှုန်းမှ ဆွေသဟာသို့ပြောင်းသုံးခြင်း)ဖုန်းခေါ်ဆိုခ နှုန်းတစ်မိနစ် ၅၀ ကျပ်အသုံးမများချိန်(၂၃း၀၀-၀၇း၀၀)တွင် တစ်မိနစ် ၂၅ကျပ်အရောင်းမြှင့်အစီအစဉ်း နှစ်သက်ရာMPT နံပါတ်(၃)ခုအတွက် တစ်မိနစ်လျှင် ၂၅ကျပ် နှုန်းဖြင့် ရက်ပေါင်း(၃၀)SMS ပို့ခ နှုန်းတစ်စောင် ၂၅ကျပ်တစ်စောင်လျှင် ၁၅ကျပ်အင်တာနက် သုံးခနှုန်းတစ်မိနစ် ၄ကျပ်(3G ကွန်ရက်)တစ်မိနစ် ၂ကျပ်(2G ကွန်ရက်)
အင်တာနက်ဖွင့်ခ  ၁၀၀၀၀ကျပ်အင်တာနက်မြန်နှုန်း  256kbps for 3G and 128Kbps for 2G SIM cards.1MB လျှင်  ၁၅ကျပ်
အင်တာနက် လျှောက်ထားခြင်း အခမဲ့မြန်နှုန်းမြင့်အင်တာနက် (42Mbpsထိ)အရောင်းမြှင့်အစီအစဉ်: မှတ်ပုံတင်ပြီးသည့် နေ့မှစ၍ ရက်(၃၀) အတွင်း 50MB အပိုဆောင်း ပေးခြင်း ၂။    ဖုန်းခေါ်ခြင်း၊ အင်တာနက် အသုံးပြုခြင်းကို ဈေးချိုချိုဖြင့် ဆောင်ရွက်ပေးခြင်း
 
ဆွေသဟာအစီအစဉ်သည် မိုဘိုင်းဖုန်းဖြင့် ကြိမ်ဖန်များစွာ ချိတ်ဆက်ပြောဆို၊ အင်တာနက်  ကြည့်လိုသူများအတွက် ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးရန် အထူး စီစဉ်ထားပါသည်။ ထိုအထူးအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ဆွေသဟာအသုံးပြုသူများအတွက် မူလ ကမ်းလှမ်းချက် များထက် ပိုမိုသက်သာသော နှုန်းထားများကို ခံစားခွင့် ရမည် ဖြစ်ပါသည်။

Voice PackageMPT ဖုန်းနံပါတ်များ အားလုံးသို့ မိနစ်ပေါင်း ၄၈၀ ခေါ်ဆိုနိုင်ခြင်း၁၂၀၀၀ကျပ်တစ်မိနစ် ၂၅ကျပ်နှုန်း၃၀ ရက်“480MIN” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ၊*Internet Package 400MB400 MB၅၀၀၀ကျပ်1MBလျှင် ၁၂.၅ကျပ်၃၀ ရက်“400MB” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ၊*Internet Package 1GB1 GB၁၀၀၀၀ကျပ်1MBလျှင် ၁၀ကျပ်၃၀ ရက်“1GB” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ၊**  မှတ်ပုံတင်ပြီးသည်နှင့် ဖုန်းလက်ကျန်ငွေမှ Packages ၏ ကျသင့်ငွေကို နုတ်ယူပါမည်။
ဆွေသဟာအစီအစဉ် ရယူထားပြီးသော GSM/WCDMA သုံးစွဲသူ (Prepaid & Postpaid) များသာလျှင် ဆွေသဟာ Packages များကို ရရှိနိုင်ပါသည်။

၃။    အခမဲ့ ထပ်ဆောင်းဝန်ဆောင်မှု အသစ်များ
ထို့အပြင် ထပ်ဆောင်း ၀န်ဆောင်မှု အသစ်များကိုလည်း  မှတ်ပုံတင်ကာ အခမဲ့ ရယူ သုံးစွဲနိုင်ပါသည်။

Voicemailသုံးစွဲသူထံသို့ ခေါ်ဆို မရသည့်အခါ ခေါ်ဆိုသူဘက်မှ အသံဖြင့် သတင်းစကား ချန်ထား နိုင်ပါသည်၊“VMS” ဟုရိုက်၍ 1331 သို့ SMS ပို့ပါ၊Missed call alertဖုန်းပိတ်ထားစဉ်တွင် တစ်စုံတစ်ဦးမှ ခေါ်ဆိုထား ပါက အကြောင်းကြားချက် ပေးပို့ နိုင်ပါသည်၊“MCA” ဟုရိုက်၍ 1331 သို့ SMS ပို့ပါ၊Call forwardသုံးစွဲသူထံ ခေါ်ဆိုမှုများကို အခြားနံပါတ်များသို့ လွှဲပြောင်း ပေးပို့ နိုင်ပါသည်၊“CF” ဟု ရိုက်၍ 1331 သို့ SMS ပို့ပါ၊Call waitingသုံးစွဲသူမှ ဖုန်းပြောနေစဉ် အတွင်း ဒုတိယလူ တစ်ဦးဦးက ခေါ်ဆိုလာခဲ့လျှင် ခေါ်ဆိုကြောင်း သိရမည်ဖြစ်ပြီး၊ ဒုတိယ ခေါ်ဆိုသူအား လက်ခံစကားပြော နေစဉ်တွင် ပထမ ပြောနေသူကို စောင့်ဆိုင်းထားစေ နိုင်ပါသည်၊“CW” ဟုရိုက်၍ 1331  သို့ SMS ပို့ပါ၊၄။   ဆက်သွယ်ရေးဝန်ဆောင်မှုကို လူတိုင်း လက်လှမ်း မီစေမည့် တန်ဘိုးနည်း ငွေဖြည့်ကဒ်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သည်  ပြည်သူလူထု အများစုကြီးက တယ်လီဖုန်း ဆက်သွယ်မှုကို လက်လှမ်းမီစွာ သုံးစွဲနိုင်ရန်အတွက် တန်ဘိုးနည်း ငွေဖြည့်ကဒ်များ ဖြစ်သည့် ၁၀၀၀ ကျပ်တန် နှင့် ၃၀၀၀ ကျပ်တန် ငွေဖြည့်ကဒ်များကို စတင် မိတ်ဆက် ရောင်းချပေးမည် ဖြစ်ပါသည်။  ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက် နေ့ မှ စတင်၍ ပုံမှန် အရောင်း ဆိုင်များ နှင့် e-top-up မှတဆင့် အဆိုပါ ငွေဖြည့်ကဒ်များကို ၀ယ်ယူ ရရှိနိုင်ပါသည်။

၅။  Sim Card အစားထိုး လဲလှယ်ခ နှုန်းထား လျှော့ချခြင်း

ယခင်က Sim Card ပျောက်ဆုံး သွားလျှင် Sim Card အသစ် ပြန်လည်ရယူလိုသူများ အနေနှင့် ငွေကျပ် ၂၀,၀၀၀ ကျခံရပါသည်။ သုံးစွဲသူများ၏ အကြံပြုချက်များ အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏  Sim Card ပျောက်ဆုံး၊ ပျက်စီး မှုများ အတွက် ၁၅၀၀ ကျပ် ပေးရုံမျှဖြင့် ကဒ်အသစ်တစ်ခု ပြန်လည် ရရှိ စေရန် စီစဉ်ထားပါသည်။ Sim Card ပျက်များအတွက် ပျက်စီးမှုသည် သုံးစွဲသူကြောင့် မဟုတ်ပါက Sim Card ကို အခမဲ့ ပြန်လည် ထုတ်ပေး ပါမည်။
ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် အသစ်နှင့် ပက်သက်၍ “ဆက်သွယ်ရေး ကွန်ရက် ဧရိယာလွှမ်းခြုံမှုကို ကျေးလက်ဒေသများသို့ တိုးချဲ့ နေစဉ်နှင့် တစ်ဆထက် တစ်ဆ ပိုမို များပြားလာသော သုံးစွဲသူများအား ဝန်ဆောင်မှုပေးနေစဉ် အတွင်း အကောင်းဆုံးအဆင့်မီ စွာ ဆောင်ရွက် ပေးနိုင်ရန်အတွက် ဆက်သွယ်ရေး ကွန်ရက်၏ စွမ်းပကားကို ဆက်လက် တိုးချဲ့ဆောင်ရွက် သွားမည်” ဟု မစ္စတာ နာဂရှီးမားက  နိဂုံးချုပ်စကားပြော ကြားသွားပါသည်။
အသေးစိတ်သိရှိလိုပါက www.mpt.com.mmနှင့် MPT ၏ facebook စာမျက်နှာ www.facebook.com/mptofficialpageတို့တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။

ရန်ကုန်၊၂၀၁၅ခုနှစ်၊ဇန်န၀ါရီလ(၉)ရက်

No comments:

Post a Comment