Thursday, 8 January 2015

ဝိသာခါကို သူ့မိဘများ မှာကြားလိုက်သော စကား(၁၀)ခွန်း **

*
□■□■□■□■□■□■□■□■□■□■□■
အိမ်ထောင်ရှင်မ ဖြစ်တော့မည့် 
ဝိသာခါကို သူ့မိဘများ 
မှာကြားလိုက်သော စကား(၁၀)ခွန်း
၁) အိမ်တွင်းမီး အပြင်မထုတ်ရ
၂) အိမ်ပြင်မီး အတွင်းမသွင်းရ
၃) ပြန်ပေးမည့်သူကိုသာပေး။
၎) ပြန် မပေးမဲ့သူကို မပေးနဲ့။
၅) ပေးသင့်သူကိုလည်း ပေး။
၆) ချမ်းသာစွာထိုင်။
၇) ချမ်းသာစွာ စား။
၈) ချမ်းသာစွာ အိပ်။
၉) မီးကို ရိုသေစွာလုပ်ကျွေး။
၁၀) အိမ်တွင်းနတ်ကို ရှိခိုးပူဇော်။
တို့ဖြစ်ပါသည်။
၁) အိမ်တွင်းမီး အပြင်မထုတ်ရဆိုတာ..
အိမ်တွင်းမှာရှိတဲ့ အိမ်တွင်းရေးပြဿနာ
ကိစ္စအဝဝကို အပြင်
ဖောက်သည်မချနဲ့ဆိုလိုတာပါ။
၂) အိမ်ပြင်မီး အတွင်းမသွင်းရဆိုတာ…
ပြင်ပမှာဖြစ်လာတဲ့ ပြဿနာတွေကိုလည်း
အိမ်တွင်းသည်မလာနဲ့ လို့ဆိုလိုတာပါ။
၃) ပြန်ပေးမယ့်သူကို ပေးဆိုတာ..
ချေးငှားတဲ့အခါ ပြန်တောင်းရမည့်
သူကိုသာ ချေးငှားလို့ဆိုတာပါ။
၎) ပြန်မပေးမယ့်သူကို မပေးနဲ့ဆိုတာ…
ပစ္စည်းဥစ္စာချေးငှားတဲ့အခါ
ပြန်တောင်းရမ်းလို့မရမည့်သူကို
မချေးငှားနဲ့လို့ ဆိုလိုတာပါ။
၅) ပေးသင့်သည်ဖြစ်စေ၊
မပေးသင့်သည်ဖြစ်စေ ပေးပါဆိုတာက…
မိမိဆွေမျိုးအသိုင်းအဝိုင်းထဲမှာ.. 
ဘဝပေးအရ မပြည့်စုံတဲ့သူတွေကိုတော့
ဘာမှမျှော်လင့်တောင့်တမနေပဲ
ထောက်ပံ့လိုက်ပါဟု ဆိုလိုတာပါ။
၆) ချမ်းသာစွာထိုင်ပါဆိုတာ..
မိမိလင်ယောက်ျား၊ယောက္ခမတွေရဲ့
အထက်အရပ်၊လေညာအရပ်စသော
မပြစ်မလွတ်သောနေမှာ မထိုင်ဘဲ
အပြစ်ကင်းသောနေရာမှာ
ထိုင်လို့ပြောတာပါ။
၇) ချမ်းသာစွာစားပါဆိုတာ…
မိဘ၊ ယောက္ခမ၊ခင်ပွန်းတို့ကို
ရှေးဦးစွားကျွးပြီး နောက်မှစားပါလို့
ပြောတာပါ။
၈) ချမ်းသာစွာအိပ်ပါဆိုတာ.. 
မိဘ၊ ယောက္ခမ၊ လင်ယောက်ျားတို့ ကို
သင့်တင့်သော ဝေယျာဝစ္စပြုပြီးမှာ
အိပ်ပါလို့ပြောတာပါ။
၉)မီးကိုရိုသေစွာလုပ်ကျွေးဆိုတာ.. 
ယောက္ခမတွေကို ကောင်းစွာ
စောင့်ရှောက်လို့ပြောတာပါ။
၁၀) အိမ်ဦးနတ်ကိုရိုသေဆိုတာ..
မိမိလင်ယောက်ျားကို အိမ်ဦးနတ်ကဲ့သို့
ဆက်ဆံရမယ် လို့ ဆိုလိုတာပါ။

စာအုပ်မြို့တော်

No comments:

Post a Comment