Monday, 5 January 2015

ပိုးသတ်ဆေး ပက်ဖြန်းစဉ် ပိုက်ခေါင်း ပိတ်သဖြင့် ပါးစပ်ဖြင့် စုပ်ရာမှ (၁၆)နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံး


ပိုးသတ်ဆေး ပက်ဖြန်းစဉ် ပိုက်ခေါင်း ပိတ်သဖြင့် ပါးစပ်ဖြင့် စုပ်ရာမှ ပိုးသတ် ဆေးရည်များ ၀မ်းဗိုက် အတွင်းသို့ ၀င်ရောက်သွားကာ သေဆုံးမှုဖြစ်

ရန်ကုန်၊ ဇန်န၀ါရီ ၅

၎.၁.၂၀၁၅ ရက်နေ့ ၁၂၃၀ အချိန်တွင် ခရမ်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ခရမ်းဆေးရုံသို့ အမျိုးသမီးတစ်ဦး ပိုးသတ်ဆေး သောက်မိ၍ သေဆုံး ရောက်ရှိ လာကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ခရမ်းမြို့နယ်နေ အသက် (၁၆)နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

ဖြစ်စဉ်အား စုံစမ်းရာ ၀၉၄၅ အချိန်တွင် သေဆုံးသူသည် အဘွားဖြစ်သူနှင့်အတူ လယ်ထဲ၌ စိုက်ပျိုးထားသော ပဲတီစိမ်းပင်များအား အမ်-ပါရီဖော့(စ်)ပိုးသတ် ဆေးရည်ပက်ဖြန်းနေစဉ် ဆေးဖြန်း သည့်ပိုက်ပိတ်နေသဖြင့် ပိုက်ခေါင်းအား ဖြုတ်ပြီး ပါးစပ်နှင့်စုပ်ရာမှ ပိုးသတ်ဆေးရည်များ ၀မ်းဗိုက်ထဲသို့ဝင်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ခရမ်းမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၅)ဖြင့် ရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment