တရုတ်နိုင်ငံတွင် လေးရက်ခန့် Gmail ပြတ်တောက်ခဲ့ပြီးနောက် ယခုအခါတွင် အဆိုပါ email ဝန်ဆောင်မှုကိုအနည်းငယ် ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
Google ၏ e-mail ဝန်ဆောင်မှုသည် တရုတ်နိုင်ငံအတွင်း အနည်းငယ် ပြန်လည်အသုံးပြုခွင့်ရနေပြီ ဖြစ်ကြောင်း ကုမ္ပဏီ၏ Transparency အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုသို့ တရုတ်နိုင်ငံတွင် Gmail ပြန်လည် အသုံးပြုခွင့်ရခြင်းကို Financial Times သတင်းစာက စတင်သတိပြုမိခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် Gmail လေးရက်ကြာခန့် ပြတ်တောက်မှုအပြီးတွင် မေးခွန်းများစွာ ကျန်ရှိခဲ့ပြီး တရုတ်အခြေစိုက် ဆင်ဆာဖြတ်တောက်မှုကို ဆန့်ကျင်သည့် အဖွဲ့အစည်း Greatfire.orgက Gmail ပြတ်တောက်မှုမှာ အစိုးရတွင် တာဝန်ရှိနိုင်ကြောင်း ပြောကြားထားသည်။
Google က Gmail ပြတ်တောက်မှုတွင် ကုမ္ပဏီ၏ နည်းပညာဆိုင်ရာ အကြောင်းအချက်များ မည်သို့မျှ မသက်ဆိုင်ကြောင်း CNET သို့ပြောကြားထားသည်။ ထို့အပြင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက Gmail ပြတ်တောက်ခြင်းကို ဂရုမပြုမိကြောင်း Reuters သို့ ပြောဆိုခဲ့သည်။
Google သည် တရုတ်နိုင်ငံတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ရာ ပြဿနာများစွာနှင့် ကြုံတွေ့ခဲ့ရပြီး ပြီးခဲ့သည့် ဇွန်လက ၂၅ နှစ်မြောက် တိန်အန်မင်ရင်ပြင် အရေးအခင်းမတိုင်မီတွင်လည်း တရုတ်အာဏာပိုင်များက browser များ၌ Gmail အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့သေးသည်။ ယခုအခါ လေးရက်ကြာ Gmail ပြတ်တောက်မှုတွင် သုံးစွဲသူများအနေဖြင့် Microsoft ၏ Outlook သို့မဟုတ် Apple ၏ email client မှတဆင့် Gmail ကို အသုံးပြုခွင့်ရခဲ့ခြင်း ဖြစ်သည်။
Ref: CNET
No comments:
Post a Comment