Monday, 26 January 2015

ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေ ကျန်းမာရေးကောင်းဟု ဒေါ်ကြိုင်ကြိုင်ပြောကြား

 

 
ရန်ကုန်။    ။ ဗိုလ်ချုပ်မှုးကြီးဟောင်းဦးသန်းရွှေသည် ကျန်းမာရေးကောင်းမွန်ကြောင်း ၄င်း၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်က သီတဂူဆရာတော်အရှင်ဥာဏိဿရအား အင်္ဂါနေ့တွင် ပြောဆိုလိုက်ကြောင်း သိရသည်။

ဇန်န၀ါရီ ၂၇ ရက်မှ စတင်၍  ကျင်းပမည့် ၁၉  ကြိမ်မြောက် ရွှေကျင်နိကာယသံဃာ့အစည်းအဝေးကြီးအတွက် ရန်ကုန်တိုင်း မှော်ဘီမြို.ရှိ ဓမ္မဒူတအရှင်ဆေကိန္ဒ၏ ကျောင်းတွင် ရောက်ရှိနေသော ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး ဦးအဂ္ဃိယ နှင့် သီတဂူဆရာတော် အရှင်ဥာဏိဿရအား ဒေါ်ကြိုင်ကြိုင်က ယနေ့ဆွမ်းစားပြီချိန်၌ လှုဖွယ်ဝတ္တုများဖြင့် လာရောက်ကန်တော့ခဲ့ကြောင်း သီတဂူဆရာတော်အဖွဲ.မှ ဦးသုန္ဒရက Yangon Globe အား ပြောကြားသည်။

ထိုတွေ့ဆုံမှုတွင် သီတဂူဆရာတော်က  ၄င်း၏ မကြာသေးမီက သွားရောက်ခဲ့သော အီရန်နိုင်ငံခရီးစဉ်အကြောင်း ဒေါ်ကြိုင်ကြိုင်အား မိန့်ကြားခဲ့ပြီးနောက်  ဦးသန်းရွှေနေကောင်းကျန်းမာသလားဟု မေးမြန်းသောအခါ နေထိုင်ကောင်းပါသည်ဟု သူမက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ရွှေကျင်ဆရာတော်ကြီးမှာမူ ကျန်းမာရေးမကောင်းသောကြောင့် စကားအပြန်အလှန်ပြောဆိုနိုင်ခြင်းမရှိဟု ဆိုသည်။ 

လာမည့် ဖေဖ၀ါရီ ၂ ရက်နေ့တွင် အသက် ၈၂ ပြည့်မည်ဖြစ်သော စစ်အာဏာရှင်ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေသည် မျက်မှောက်နိုင်ငံရေးဇာတ်ခုံတွင် နောက်ကွယ်မှ ဆက်လက်ကြိုးကိုင်နေသည်ဟု နိုင်ငံရေးလေ့လာသူများက ယူဆကြသည်။ လွန်ခဲ့သည့် နှစ် နှောင်းပိုင်းတွင် ၄င်း အနိစ္စ ရောက်သည်ဟူသော ကောလဟာလများ အင်တာနက် အွန်လိုင်းပေါ်တွင် ပျံ.နှံ့ခဲ့သည်။


The Yangon global

No comments:

Post a Comment