Wednesday, 31 December 2014

ပရိသတ်တွေနဲ့ ပရဟိတအစီအစဉ်လုပ်ဖို့ ကြိုးစားနေတဲ့ မိုးစက်ဝိုင်


Thursday, January 1, 2015
၂၀၁၅နှစ်ဆန်းတွင် ပရိသတ်များနှင့်အတူ လှူဒါန်းနိုင် မည့် ပရဟိတအစီအစဉ်တစ်ခုအ ကောင်အထည်ဖော်နိုင်ရန် ကြိုး စားနေသည်ဟု မိုးစက်ဝိုင်ကပြော သည်။
‘‘မိုးစက်ကို အားပေးတဲ့ ပရိ သတ်တွေပါဝင်နိုင်မယ့် ပရဟိတ အစီအစဉ်တစ်ခုလုပ်နိုင်အောင် ကြိုးစားပြီး စီစဉ်နေပါတယ်။ အစီ အစဉ်အတိအကျကို မကြာခင်အ သိပေးသွားပါမယ်’’ဟု မိုးစက်ဝိုင် ကပြောသည်။
ယင်းအစီအစဉ်ကို ယခင်က ဇန်န၀ါရီအတွင်း ပြုလုပ်နိုင်ရန် စီစဉ်ခဲ့သော်လည်း ပြင်ဆင်ချိန် နည်းနေသောကြောင့် ဖေဖော်ဝါရီ မှသာ ပြုလုပ်တော့မည်ဟု မိုးစက်ဝိုင်၏ မန်နေဂျာကပြောသည်။
‘‘ဇန်န၀ါရီလထဲမှာ မီဒီယာ ကနေ လှူလို့ရမယ့် ဘဏ်အ ကောင့်တွေကို အသိပေးသွားပါ မယ်။ အလှူငွေကောက်တာကို တစ်လလောက်အချိန်ယူပြီး ကြို့ ပင်ကောက်က မိဘမဲ့ကလေး ကျောင်းကိုလှူဖို့လောလောဆယ် စီစဉ်ထားပါတယ်’’ဟု ၎င်းကပြော သည်။
Amazing Cities အစီအစဉ် အတွက် ရိုက်ကူးရေးကို ပြီးခဲ့သည့် ရက်က မြိတ်နှင့် ကော့သောင်းတွင် ခက်ခက်ခဲခဲရိုက်ကူးခဲ့ရသော ကြောင့် ပင်ပန်းခဲ့ရသကဲ့သို့ ပျော် ရွှင်စရာလည်းကောင်းခဲ့ကြောင်း မိုးစက်ဝိုင်ကပြောသည်။
‘‘သံပခြုပ်တွေလည်းကိုင်ခဲ့ တယ်။ ငါးဖမ်းတဲ့သင်္ဘောပေါ် တက်ပြီး ငါးတွေလည်းအများကြီး ကိုင်ခဲ့တယ်။ နောက်ပြီး ကဏန်း ပျော့တွေလည်းကိုင်ခဲ့တယ်’’ဟု မိုးစက်ဝိုင်က ခရီးစဉ် အမှတ်တရ များကိုပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်းက ရုပ်ရှင်တစ်ကားတွင်ပါဝင်သရုပ် ဆောင်ရန်စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်အထိ မရိုက်ကူးဖြစ် သောကြောင့် ၂၀၁၅အတွင်း သရုပ်ဆောင်အနေဖြင့် ဇာတ်ကားတစ်ကားရိုက်ကူးဖြစ်မည်ဟု ဆိုသည်။
‘‘၂၁၀၅ထဲမှာ အခုလက်ခံ ထားတဲ့ ကားကမဆက်သွယ်ရင် တစ်ကားမဟုတ်တစ်ကားတော့ ရိုက်ဖို့အစီအစဉ်ရှိပါတယ်’’ဟု မိုးစက်ဝိုင်ကပြောသည်။

7Day Daily

No comments:

Post a Comment