Wednesday, 31 December 2014

မြန်မာ့ အလင်း သတင်းစာတိုက်မှ တာဝန်ရှိသူ သုံးဦး ထောင်ဒဏ်နှစ်(၄ဝ)စီ ကျခံစေရန် အမိန့်ချမှတ်

နေပြည်တော် ဒီဇင်ဘာ ၃၁

မြန်မာ့အလင်း သတင်းစာတိုက် (ရန်ကုန်)တွင် မန်နေဂျာ တာဝန် ထမ်းဆောင်ခဲ့သည့် ဦးထွန်းထွန်းလတ်နှင့် လက်ထောက်မန်နေဂျာ တာဝန်ထမ်းဆောင်ခဲ့ကြသူ ဦးဝင်းမြင့်နှင့် ဦးကျော်မင်းဦးတို့အား နိုင်ငံတော်ဘဏ္ဍာ ငွေအလွဲသုံးစားမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်း ခရိုင်တရားရုံးက ပြစ်မှုတစ်ခုလျှင် ထောင်ဒဏ် (၁ဝ)နှစ်နှင့် ပြစ်မှုလေးခုတို့ အတွက် ထောင်ဒဏ်နှစ်(၄ဝ)အား အသီးသီး ကျခံစေရန် ဒီဇင်ဘာ ၃ဝ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုသည် မြန်မာ့အလင်း သတင်းစာတိုက်၏ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ပေါ်ပေါက်ခဲ့သော ငွေကြေးကွာဟမှု၊ အလွဲသုံးစားမှုနှင့် ငွေကြေးလိမ်လည်ထုတ်ယူမှုတို့အတွက် ၂ဝ၁၁ ခုနှစ်တွင် တရားစွဲဆိုခဲ့သည့် အမှုဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဘဏ္ဍာ မဆုံးရှုံးစေရေးအတွက် ဝရမ်းကပ်သိမ်းဆည်းထား သော တရားခံသုံးဦး၏ နေအိမ်နှင့်တိုက်ခန်းများအား လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

(သတင်းစဉ်)
Myanmaalinn

No comments:

Post a Comment