Thursday, January 1, 2015
ဖယောင်းသွင်း ဖယ်ရှားခြင်း၊ အမြစ်မှ ဆွဲနုတ်လို့ ပေးရတဲ့ အဖိုးအခတွေကြောင့် ပိုက်ဆံတွေ တော်တော်ကုန်နေပြီလား။ ခန္ဓာကိုယ်မှ မလိုအပ်တဲ့ အမွေးအမျှင်များကို အသားနာခံ ဖယ်ထုတ်တာကို ငြီးငွေ့နေပြီလား။ ရိုးရှင်းစွာ ဖြေရှင်းမယ့် နည်းလမ်းတစ်ခု ရှိပါတယ်။ လိုအပ်မယ့် ပစ္စည်းတွေက အိမ်မှာတင် ရှိကောင်းရှိနေပါလိမ့်မယ်။
ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်းကို အုတ်ဂျုံမှုန့်(Oatmeal) စားပွဲတင်ဇွန်းတစ်ဝက် (၀.၅) ရယ၊် လီမွန်ရည် အစက်အနည်းငယ်နဲ့ ရောစပ်ပါ။ ပြီးရင် မျက်နှာပေါ်အပြည့် သို့မဟုတ် အမွေးအမျှင်များဖယ်ထုတ်ချင်တဲ့နေရာကို လိမ်းပေးပါ။ လိမ်းပြီး ၁၅ မိနစ်ထားပြီးပါက ရေဆေးနိုင်ပါပြီ။ ပြီးရင် ခရင်မ်လိမ်းလိုက်ပါ။
ဒီနည်းမှာတော့ စိတ်ရှည်ဖို့ လိုပါလိမ့်မယ်။ ဒီကုထုံးကို တစ်ပတ် ၂-၃ ကြိမ်နဲ့ တစ်လကြာ လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်လပြီးရင် အမွေးအမျှင်တွေ လုံးဝပျောက်ကင်းသွားပါလိမ့်မယ်။
သုံးကြည့်လို့ အားလုံး အဆင်ပြေနိုင်ကြပါစေ။
Source: gmcenter
Trend Myanmar
Wednesday, 31 December 2014
မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ အလွယ်တကူ ဖယ်ရှားနည်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment