ဘေးထွက် ဆိုးကျိုးနည်းပါးပြီး ၉၉ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ကြွေး
ကြော်ထားသည့် အမျိုးသားသုံး သန္ဓေတားဆေးတစ်မျိုးကို တီထွင်နိုင်ပြီဟု သိပ္ပံ
ပညာရှင်တို့က ပြောကြားခဲ့သည်။အဆိုပါဆေးမှာ တရုတ်၊ မလေးရှား၊
အိန်္ဒိယ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားရှိ Gendarussaချုံပင်ငယ်ကို သုံးထားခြင်း
ဖြစ်ပြီး အမျိုးသား သုက်ကောင်ရှိ အင်ဇိုင်းများကို အားနည်းစေသဖြင့် အမျိုး
သမီး၏ သားဥကို ထိုးဖောက်နိုင်စွမ်း မရှိသည့်အတွက် ကိုယ်ဝန်မရနိုင်ခြင်းဖြစ်
ကြောင်း သိရသည်။ သို့ရာတွင် သုက်ကောင်အရေအတွက်နှင့် အရည်အသွေး
ကို ထိခိုက်စေခြင်းမရှိဟု သိရသည်။
အာလင်ဂါတက္ကသိုလ်မှ ပါမောက္ခဘန်ဘန်းက အဆိုပါ ချုံပင်၏ ကောလာဟ
လကို ကြားသိပြီးနောက် ထိုအပင်ကို၁၉၈၅ ခုနှစ်တွင် လေ့လာမှုအတွက် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ နှစ် ၃၀ ကြာ စမ်းသပ်ပြီးနောက် ဆေးပြားပုံစံပြုလုပ်ကာ ၄င်း၏ ပဋိသန္ဓေတားနိုင်သောအာနိသင်ကို သက်သေပြရန် လက်တွေ့စမ်း
သပ်ခဲ့သည်။
ပါမောက်္ခဘန်ဘန်းသည် လက်ရှိတွင်ဆေးပမာဏကို စမ်းသပ်နေဆဲဖြစ်ပြီး
လိင်ဆက်ဆံမှုမပြုမီ တစ်နာရီအလိုတွင်ဆေးမှီဝဲရမည့် နည်းဗျူဟာကို ဖန်တီး
နိုင်ရန် မျှော်လင့်ထားသည်။ အမျိုးသား၃၅၀အား လက်တွေ့စမ်းသပ်လေ့လာမှု
အရ ထိုဆေးမှာ ၉၉ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ရသည်။
ဆေးသောက်ပြီး တစ်လအတွင်း အမျိုးသားတို့၏ မျိုးအောင်နိုင်စွမ်းမှာ ပုံမှန်
ပြန်ဖြစ်လာကြောင်း၊ သို့ရာတွင် အမျိုးသားအချို့မှာ ဆေးကြောင့် ကိုယ်အလေး
ချိန် မြင့်တက်မှု ရှိကြောင်းနှင့် လေ့လာမှုတွင် ပါဝင်သူတစ်ဦးသည် နှလုံး သို့မဟုတ်အသည်းလုပ်ငန်းဆောင်တာ အားနည်းကြောင်း ဖော်ပြသည့်
အင်ဇိုင်းနှစ်မျိုး မြင့်တက်နေသော်လည်း ယင်းမှာ ဆေးကြောင့်
လား၊ အခြား ကျန်းမာရေးပြသနာကြောင့်လားဆိုသည်ကို ဝေခွဲမရသေးကြောင်း
ပါမောက်္ခဘန်ဘန်းက ဆိုသည်။
ဇွန် (Ref;DM)
(၆-၁၂-၂၀၁၄ ရက်ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာမှ)
Saturday, 6 December 2014
၉၉ ရာခိုင်နှုန်း ထိရောက်သည့်အမျိုးသားသုံး သန္ဓေတားဆေးတီထွင်နိုင်ပြီဟု ဆို -------------------------------------------

Subscribe to:
Post Comments (Atom)
No comments:
Post a Comment