Saturday, 19 September 2015

လိင်အင်္ဂါကို မယားငယ်က ကတ်ကြေး နဲ့ လှီးဖြတ်ခြင်း ခံလိုက်ရတဲ့ အမျိုးသား

အိမ်ထောင်ရေး ဖောက်ပြန်တဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ လိင် အင်္ဂါကို သူနဲ့ ချစ်ကျွမ်းဝင်နေတဲ့ မယားငယ် ကောင်မလေး က လှီးဖြတ်လိုက်ခြင်းခံခဲ့ရပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ရှိတဲ့ Hangzhou မြို့မှာနေထိုင်တဲ့ အသက် ၅၀ အရွယ် စီးပွားရေး သမား တစ်ယောက်ဖြစ်တဲ့ Liu ဟာ သူ့ရဲ့ မယားငယ် ရည်းစား ဖြစ်တဲ့ အသက် ၂၀ အရွယ် Zhang ကို ကတိပေးထားတာရှိပါတယ်။ အဲဒါကတော့ သူဟာ သူ့ရဲ့ မယားကြီး ကိုကွာရှင်းပြီး Zhang နဲ့ ဘ၀ အသစ်တစ်ခုကို စတင်မယ်ဆိုတာပါပဲ။ Zhang ဟာ အချိန်ကြာကြာ စောင့်ဆိုင်းနေရတယ်လို့ ခံစားလာရတဲ့အတွက် Zhang ဟာ သူ့ကို ဟိုတယ်ခန်းတစ်ခုကို ခေါ်သွားပြီး သူ့ရဲ့ လိင်အင်္ဂါ ကို လှီးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ Liu ဟာ လိင်အင်္ဂါ အဖြတ်ခံလိုက်ရတဲ့အခါမှာ အော်ဟစ်ပြီး ဟိုတယ်ခန်းအတွင်းမှ ပြေးထွက်လာကာ သွေးတွေထွက်နေတယ်လို့ မျက်မြင်သက်သေ ၀န်ထမ်း အမျိုးသမီး တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် သူမဟာ အမျိုးသမီး ငယ်တစ်ယောက် မကြာခင်မှာ ထွက်ခွာသွားတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ "ကျွန်မ အခန်းထဲ ၀င်သွားတဲ့အခါမှာ ကတ်ကြေး တစ်လက်နဲ့ လှီးဖြတ်ခံထားရတဲ့ လိင်အင်္ဂါ ကို တွေ့ရပါတယ်" လို့ ထို မျက်မြင်သက်သေ အမျိုးသမီး က ပြည်တွင်း မီဒီယာ တွေကို ပြောပြခဲ့ပါတယ်။ Liu ကတော့ ခန္ဓာကိုယ် တစ်ဝက် အ၀တ်ဗလာ နဲ့ လမ်းပေါ်ကို အော်ဟစ်ပြေးလွှားကာ ဆရာဝန် ခေါ်ပေးဖို့ အော်နေခဲ့ပါတယ်။ ရဲဝန်ထမ်းတွေကတော့ Liu ရဲ့ လိင်အင်္ဂါကို သိမ်းဆည်းထားပါသလား ဆိုတဲ့ မေးခွန်းကို ပြန်ဖြေဖို့ ငြင်းဆိုခဲ့ကြပါတယ်။ ( Mario ) #သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ) #knowledge.thithtoolwin.com

No comments:

Post a Comment