Wednesday, 23 September 2015

ဇေကမ္ဘာဝင်းအနီး ဖမ်းမိသော မူးယစ်ဆေးဝါးများ သိုလှောင် ရောင်းဝယ် သည့် ကုမ္မဏီမှ မန်နေးဂျင်း ဒါရိုက်တာ လာရောက် အဖမ်းခံ ။ ===================================================

ဇေကမ္ဘာဝင်းအတွင်း ဖမ်းမိသော မူးယစ်ဆေးဝါးများ အပါဝင် မူးယစ်ဆေးဝါး  များစွာနှင့် ပက်သက်၍ ကုလားတန်မြစ်ဝှမ်း ကုမ္မဏီမှ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးမင်းဦးခိုင်မှ စက်တင်ဘာ ၁၅ရက်နေ့တွင် လာရောက် အဖမ်းခံ ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရုံးမှ သိရသည်။ “ဇေကမ္ဘာဝင်းအတွင်းရယ်၊ မြောက်ဒဂုံကရယ်၊ သာကေတရယ်မှာ ဖမ်းမိ တဲ့ မူးယစ် ဆေးဝါးတွေက ကုလားတန်မြစ်ဝှမ်း ကုမ္ပဏီက ဖြစ်တယ်။  အဲဒီ ကုမ္ပဏီက မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးမင်းဦးခိုင်ရဲ့ ဇနီးဖြစ်သူ ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ အချိန်မှာ သူက မဲဆောက် ဘက်မှ မြဝတီဘက်ကို ကူးလာပြီး ဒီအမှုနဲ့ ပတ်သက်ပြီး ရှင်းပြစရာတွေ  ရှိတယ်လို့ဆိုပြီး လာရောက် အဖမ်းခံခဲ့တာ”ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ  ထိပ်တန်းအရာရှိ တစ်ဦးက ပြောသည်။ ထိုင်းနိုင်ငံ မူးယစ် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး မဲဆောက်တွင် ဦးမင်းဦး ခိုင်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်း  ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ “ဦးမင်းဦးခိုင်က အမှုတွင် သူမပါဝင်ဘဲ သူ့ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင်များ လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း ထွက်ချက် ပေးထားတယ်။ စိတ်ကြွ ဆေးတွေကို “၀” လူမျိုး ၀န်တာဝမ် ဆိုသူက ရန်ကုန်သို့ သယ်ယူလာပြီး  ရောင်းချတယ်။ ငွေပေးငွေယူ အလုပ်တွေကိုတော့ ရှစ်မိုင်မှာရှိတဲ့ ရန်ကုန် စီးတီး ဟိုတယ်မှာ အခြေချပြီးတော့ ပြုလုပ်ခဲ့တယ်”ဟု ရန်ကုန်တိုင်း  ဒေသကြီး ရဲတပ်ဖွဲ့မှ ထိပ်တန်း အရာရှိတစ်ဦးက Tomorrow သို့ ပြောကြား သည်။ ကုလားတန်မြစ်ဝှမ်း ကုမ္ပဏီ အနေဖြင့် ၄င်းစိတ်ကြွဆေးပြားများအား  ဇေကမ္ဘာ ၀င်းအတွင်းရှိ ၄င်းတို့ ကုမ္ပဏီပိုင် ဂိုဒေါင်တွင် ပေပါများဖြင့် သိုလှောင်ပြီး မောင်တောမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့  ရောင်းချခြင်း ဖြစ်ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး  ကုလားတန်မြစ်ဝှမ်း ကုမ္ပဏီနှင့် ရှယ်ယာဝင်ထားသည့် ကုမ္ပဏီများ ကိုလည်း စပ်ဆက်မှု ရှိ၊ မရှိကိုလည်း ဆက်လက် စုံစမ်းနေကြောင်း  သိရသည်။ ကမ္ဘာပေါ်ရှိ ဒုတိယ အများဆုံး စိတ်ကြွဆေးပြားများကို ဇေကမ္ဘာ ၀င်း အတွင်း ကားတစ်စီးပေါ်၌ ဖမ်းဆီးရမိခဲ့ပြီး မြောက်ဒဂုံရှိ နေအိမ် တစ်အိမ် တွင်လည်း မူးယစ်ဆေးဝါးများ ထပ်မံ ဖမ်းဆီးရမိခဲ့ကာ သာကေတ မြို့နယ် ၌လည်း စွန့်ပစ် စိတ်ကြွဆေးပြားများ တွေ့ရှိခဲ့ရမှုနှင့် ပတ်သက်ပြီး ကုလား တန်မြစ်ဝှမ်း ကုမ္ပဏီမှ တာဝန်ရှိသူ အားလုံး ထွက်ပြေး တိမ်းရှောင် ခဲ့သောကြောင့် ကျန်တရားခံပြေးများကို ဆက်လက် ဖမ်းဆီးရမိရေး  ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ သတင်း-ဇေယျာ ( Tomorrow သတင်းဂျာနယ် )

No comments:

Post a Comment