Tuesday, 20 October 2015

အမည်မသိပျံသန်းပစ္စည်း(UFO) တစ်စင်း လန်ဒန်မြို့ လမ်းလယ်ခေါင်မှာ ပျက်ကျနေ

အမည်မသိပျံသန်းပစ္စည်း(UFO) တစ်စင်းကို လမ်းလယ်ခေါင်မှာ ပျက်စီးပြီး ဆိုက်ကပ်နေတာကို တွေ့ခဲ့ရပါတယ်။ အာကာသယာဉ် လို့ သံသယရှိခံရတဲ့ ထို ယာဉ်ပျံ ဟာ မီးလောင်ပျက်စီးနေခဲ့ပြီး တွေ့မြင်ခဲ့တဲ့ လမ်းသွားလမ်းလာတွေက Kingston ရဲတပ်ဖွဲ့ ကို အကြောင်းကြားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ထို ယာဉ်ပျံ ဘယ်လိုရောက်လာတယ်ဆိုတာ ပြောပြနိုင်မယ့် လူတိုင်းကို လိုက်လံ စုံစမ်းမေးမြန်းနေတယ်လို့ သိရပါတယ်။ ဒီ ယာဉ်ပျံ ပျက်ကျလာတဲ့ သတင်းကို လန်ဒန်အခြေစိုက် Kingston မြို့နယ် ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၇ ရက်နေ့ညက သူတို့ရဲ့ Facebook Page မှာတင်ထားခဲ့တာဖြစ်ပါတယ်။ "မနေ့ညက သန်းခေါင်လောက်မှာ တာဝန်သိပြည်သူတစ်ယောက်က ၉၉၉ ကိုဖန်ုးဆက်ပြီး အမည်မသိတဲ့ အရာတစ်ခု လမ်းလယ်ခေါင်မှာ မီးလောင်ကျွမ်းနေတယ်လို့ ဆိုလာပါတယ်။ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဟာလန်ဒန်မီးသတ် တပ်ဖွဲ့နဲ့အတူ အခင်းဖြစ်ပွားရာနေရာ ကို သွားရောက်ခဲ့ရာ မှာတော့ သူတို့မျက်လုံးကို သူတို့ မယုံနိုင်တော့ပါဘူး။" လို့လည်း Kingston ရဲတပ်ဖွဲ့က ရေးသားထားပါတယ်။ ထို အာကာသယာဉ် လို့ သံသယရှိခံရတဲ့ ယာဉ်ပျံ နဲ့ပတ်သက်ပြီး သတင်း အချက်အလက် ပိုင်ဆိုင်ထားသူကိုလည်း ရဲတပ်ဖွဲ့ကို ဆက်သွယ်ဖို့လည်း ရဲတပ်ဖွဲ့ကတောင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း ပြည်သူလူထုကတော့ ရဲတပ်ဖွဲ့ ကိုရှုံ့ချခဲ့ပြီး ဒါဟာ အာကာသ ယာဉ်မဟုတ်ပဲ ပီဇာ မုန့်ဖုန့်တဲ့ အရာ ကြီး ပြောင်းပြန်ဖြစ်နေတာလို့သာ သတ်မှတ်ခဲ့ကြပါတယ်။ ( Mario ) #သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ) #knowledge.thithtoolwin.com Ref : Mirror

Tuesday, 6 October 2015

အီဂျစ်မြွေနတ်ဘုရားနဲ့တူအောင် ကိုယ့်ငယ်ပါကိုယ်ဖြတ်ခဲ့တဲ့ လူသတ်သမား

OCTOBER 06, 2015 ကိုယ့် ကိုယ်အင်္ဂါတွေကိုယ်ဖြတ်တဲ့ မှတ်တမ်းဆိုးရှိတဲ့ Nikkon Jenkins ဆိုသူဟာ အီဂျင်မြွေနတ်ဘုရားနဲ့တူအောင်ဆိုပြီး ကိုယ့်ငယ်ပါကိုယ်ဖြတ်တဲ့ အဖြစ်အပျက်ဖြစ်ခဲ့ပါတယ်။ သူဟာ ဧရာမမြွေကြီးနဲ့တူတဲ့ ရှေးဟောင်းနတ်ဘုရား Apophis ရဲ့ စကားတွေကိုကြားခဲ့ရတယ်လို့ ယုံကြည်ခဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ငယ်ပါကို သူဖြတ်ခဲ့တာပါ။ နဖူးပေါ်မှာ “၆၆၆” ကို တက်ယောက်ကားနဲ့ထွင်းခဲ့ပေမဲ့ တကယ့်တကယ် “၉၉၉” ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။ မှန်ထဲမှာကြည့်ထွင်းခဲ့တယ်ဆိုတာကို မေ့သွားလို့ပါတဲ့။ Nikkon Jenkis ဟာ ၂၀၁၃ခုနှစ်မှာ လူလေးယောက်ကို အရူးထပြီးသတ်ခဲ့သူပါ။ မြွေနဲ့တူအောင်ဆိုပြီး လျှာကိုဖြတ်ကာ ထောင်နံရံကို သွေးတွေဖက်ဖြန်းခဲ့တဲ့ မှတ်တမ်းလည်းရှိပါတယ်။ အကျဉ်းစောင့်တွေက Jenkins ဟာဘယ်သူလဲ၊ သူဘယ်လိုများ ထောင်ထဲမှာ ဓားတွေကိုဖွက်ထားလဲဆိုတာ မသိဘူးလို့ ပြောပါတယ်။ “ဒါတွေဘယ်လို ဖြစ်တာလဲဆိုတာ မင်းမေးချင်လိမ့်မယ်။ သူဒီထဲကို ဘယ်လိုရောက်ခဲ့တယ် သူဘာတွေရခဲ့တယ်ဆိုတာကို ဘယ်သူမှသိပုံမပေါ်ဘူး။ ငါ့အတွက်တော့ ဆန်းကြယ်မှုတစ်ခုပဲ။” လို့ ထောင်မှူး Lux ကပြောခဲ့ပါတယ်။ သူသေဒဏ်ပေးခံရနိုင်တယ်ဆိုတာကို သိပြီးနောက်ပိုင်း မလုံမခြုံတွေဖြစ်ခဲ့ပါတယ်။ သူဟာ သေဒဏ်ပေးခံခဲ့ရပြီး မပေးခင်မှာ တရားခွင်ကိုတတ်ရောက်နိုင်စွမ်းမရှိတဲ့အတွက် တစ်နှစ်ကြာခဲ့တယ်လို့ သိရပါတယ်။ သူ့ကို မြွေနတ်ဘုရားကနေ အသံနဲ့အမိန့်တွေပေးခဲ့တဲ့အတွက် ယခုလိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ဉာဏ်ကောင်းလွန်းတဲ့ စိတ်ရောဂါသည် ဟုတ်လား၊ မဟုတ်လားဆိုတာကိုတော့ စိတ်ရောဂါကုဆရာဝန်တွေကြား ဒွိဟဖြစ်လို့နေပါတယ်။ သစ်ထူးလွင် Copy the BEST Traders and Make Money : http://bit.ly/fxzulu

Monday, 5 October 2015

လူသတ်ပြီး ခရီးဆောင်သေတ္တာနဲ့ထည့် အလောင်းလာပစ်ထား

ဒါ ဘယ်သူများလဲ သိရင် ပြောကြပါအုံး ************************************ ယနေ့(၆-၁၀-၂၀၁၅)ရက်နေ့ နံနက် ၀၇:၀၀အချိန်ခန့်တွင် မန္တလေးခရိုင် ပုသိမ်ကြီးမြို့ ရန်ကင်းတောင် အတက်လမ်းတွင် လမ်းလျှောက်သူများက မသင်္ကာဖွယ် ခရီးဆောင် အိတ်တစ်လုံးတွေ့ရှိကြောင်း ရာအိမ်မှူးထံသတင်းရရှိသဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ပါသည်။ တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးရာ အလျား ၂ပေ/ အနံ တစ်ပေခွဲ/အမြင့် ၁၀လက်မရှိ ဘီးတပ် လက်တွန်းခရီးဆောင်အိတ်(တရုပ်နိုင်ငံလုပ် Nanxiangတံဆိပ်)အတွင်း ဖေါ်ပြပါဓာတ်ပုံအတိုင်း ခွေခေါက်၍ ထည့်ထားပြီး အလောင်းအား စစ်ဆေးရာ တွင် ဦးခေါင်းဝဲဘက်ချိုစောင်းတွင် နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ချက် ထိပ်တည့်တည့် ဖူးယောင်ဒဏ်ရာ တစ်ချက် နှုတ်ခမ်းတွင် ဖူးယောင်ဒဏ်ရာ တစ်ချက် တွေ့ရှိရပါသည်။ အလောင်းမှာ တောင့်တင်းစ ပြုနေပြီး အသက်(၄၀)ခန့်ဟု ယူဆရ ရင်ဘတ်တွင် ငါးရုပ် ဘုရင်ရုပ် ယာဘက်လက်မောင်းတွင် ကနုတ်ပန်း လက်ဖျံတွင် အိမ်မြှောင်ရုပ် ဝဲဘက်လက်မောင်းတွင်ပန်းပွင့်များပါသော ကနုတ်ပန်းများ၊ ကျောက်ကုန်းတွင် ငှက်ရုပ်နှင့် နဂါးရုပ်ခြေသလုံးတွင် အင်းကွက်ပုံသဏ္ဏာန် ဆေးမင်ကြောင်များထိုးထားပါသည်။ စုံစမ်းစစ်ဆေးမှုများ စတင်နေပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ပါသည်။ မိမိပတ်ဝန်းကျင်တွင် အသတ်ခံရသူအား သိရှိနိုင်ခြင်းရှိမရှိ ဝိုင်းဝန်းစုံစမ်းပေးကြပါရန်နှင့် သိရှိသူရှိပါ 02 57749 ပုသိမ်ကြီးရဲစခန်းဖုန်း(တာဝန်မှူး)သတင်းပို့ပေးကြပါရန် ဦး ထွန်း's post in မန္တလေး သတင်း ပုံရိပ်များ

Sunday, 4 October 2015

တောင်ငူမြို့တွင် ၄ တန်းကျောင်းသူတဦးကို တပ်သားတဦးမှ အဓမ္မပြုကျင့်

OCTOBER 05, 2015 ပဲခူးတိုင်း တောင်ငူမြို့မှာ အောက်တိုဘာလ ၄ ရက်နေ့က တပ်မတော်သားတ ဦးက  ၉ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူတဦးကို အဓမ္မပြုကျင့်မှုဖြစ်ခဲ့ပါတယ်။ ဥာဏ်ထွန်းအောင်အမည်ရတဲ့ ပြစ်မှုကျူးလွန်သူဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်သားတဦးဖြစ်ပြီး အဲဒီနေ့ညနေ ၅ နာရီအချိန် အဆိုပါကျောင်းသူ နေအိမ်မှာ တဦးတည်း ရှိနေချိန် အိမ်ရှေ့ရေနုတ်မြောင်းအနီးက သစ်ပင်အောက်ကို ခေါ်ဆောင် အဓမ္မပြုကျင့်ခဲ့တာလို့ သိရှိရပါတယ်။ အိမ်ပြန်ရောက်ချိန်မှာ မိန်းမကိုယ်မှသွေးတွေယိုစီးနေတာကို တွေ့ရပြီး ဖခင်က မေးချိန်မှာ ပြောပြခဲ့တဲ့အတွက် တောင်ငူမြို့နယ်မြေရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့ ညနေမှာ တောင်ငူပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်ချက်ရယူပြီး စွပ်စွဲခံရသူကို မြို့သစ် နယ်မြေရဲစခန်းမှာ (ပ)၈၆/၂၀၁၅ ပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။ ပြစ်မှု ကျူးလွန်သူဟာ အဲဒီကျောင်းသူနဲ့ အစ်မတ၀မ်းကွဲတော်စပ်သူရဲ့ခင်ပွန်းဖြစ်ပါတယ်။ သတင်းဓာတ်ပုံ – ကိုသားကြီး  Copy the BEST Traders and Make Money : http://bit.ly/fxzulu

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် မူးယစ်ဆေး သုံးစွဲမှုများနှင့် ဆက်စပ်၍ လူကုန်ကူးမှုများ ဖြစ်ပေါ်နေပြီး မြန်မာအမျိုးသမီးငယ် တစ်ဦးလျှင် တရုတ်ယွမ်ငွေ တစ်သောင်းနှင့် လေးသောင်းကြား ရောင်းစားမှုများ ရှိနေ

  Sun, 10/04/2015 ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် မူးယစ်ဆေးဝါး သုံးစွဲမှုများနှင့် ဆက်စပ်ပြီး လူကုန်ကူးမှုများလည်း ဖြစ်ပေါ်နေကြောင်း တအောဝ်း အမျိုးသမီးအဖွဲ့မှ ရရှိသော သတင်းများအရ သိရသည်။ “ကျွန်မတို့ ရှမ်းပြည်မြောက်ပိုင်းပေါ့နော်။ အထူးသဖြင့် ဒီ မူဆယ်၊ နမ့်ခမ်း၊ နမ်ပုံ၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီဘော အဲဒီနား တစ်လျှောက်တွေဆိုရင် မူးဝါးဆေးဝါးတွေက အရမ်းကို ပေါများနေတာပေါ့။ အလွယ်တကူလည်း ၀ယ်လို့ရတယ်။ ပြီးလို့ရှိရင် လူငယ်တော်တော် များများကလည်း မူးယစ်ဆေးဝါးဖက်ပြီး ပျက်စီးလာကြတယ်။ ဘယ်ရွာမဆို လက်ညှိုးထိုးလိုက်ရင် မူးယစ်ဆေးဝါး မသုံးတဲ့ ရွာလို့ မရှိသလောက်ဘဲ။ ရွာထဲမှာလည်း လက်ညှိုးထိုးလိုက်ရင် ၁၀ ယောက်မှာ ခုနစ်ယောက်၊ ရှစ်ယောက်လောက်က မူးယစ်ဆေးဝါး ကျေးကျွန်တွေ ဖြစ်လာကြတယ်” ဟု တအောဝ်းပလောင် အမျိုးသမီးအဖွဲ့၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) မဒီးဒီးပိုးကျိန်းက ပြောကြားသည်။ အကျိုးဆက် အနေဖြင့် အမျိုးသမီးလေးများက ရွာထဲမှာပင် မနေတော့ကြောင်း၊ ရွာထဲမှာ နေပါက ဘိန်းစားများနှင့် အိမ်ထောင်ကျမည်ကို စိုးရိမ်လာကြကြောင်း၊ ထို့ကြောင့် အရွယ်ရောက်လာသည့် မိန်းကလေး အတော်များများ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်လာကြကြောင်းလည်း သိရသည်။ “သူတို့ ဒီလို ထွက်ပေါက်ရှာပြီး နိုင်ငံခြားကို ထွက်သွားတဲ့အခါ အဆင်ပြေတဲ့လူတွေ ရှိသလို အဆင်မပြေတာတွေ၊ လူကုန်ကူး ခံရတာတွေလည်း အများကြီးပါပဲ။ တချို့ တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်သွားတာတွေလည်း ရှိတယ်။ အရင်တုန်းက ကျွန်မတို့ တအောင်းရွာတွေမှာ သူခိုးဂျပိုးလည်း မရှိဘူးလေနော်။ တကယ်ကို အေးအေးချမ်းချမ်းပဲ။ အခုဆိုရင် ဘာမှ မထားရဲသလောက်ပဲ။ ဆိုင်ကယ်တောင် ဒီအတိုင်း မထားရဲဘူး။ ပျောက်တဲ့ အလေ့အထတွေက အရမ်းများလာတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။   ယင်းဖြစ်ရပ်များမှာ ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ယခင်က တအောဝ်းဒေသတွင် အမျိုးသားတပ်မတော် ရှိခဲ့ကြောင်း၊ သို့သော် ထိုတပ်မတော်သည် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေး ယူလိုက်ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် လက်နက် အပြီးအပိုင် အပ်ရကြောင်း၊ ထိုတပ်မတော် ရှိစဉ်က သူတို့ ထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးဝါး နှိမ်နင်းရေးများ လုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ယင်းတို့ဒေသတွင် ဘိန်းသုံးစွဲသူ ယခုလောက် များပြားခြင်း မရှိခဲ့ကြောင်း၊ သို့သော်လည်း ၂၀၀၅ ခုနှစ်နောက်ပိုင်း၊ တစ်နည်းအားဖြင့်  လက်နက်အပ်ပြီး နောက်ပိုင်း တအောဝ်းဒေသတွင် သိသိသာသာ များပြားလာကြောင်း၊ စိုက်ပျိုး ထုတ်လုပ်မှုလည်း များပြားလာကြောင်း သိရသည်။ “ဘိန်းစိုက်တာ များလာပေမယ့် ဒီပလောင်ဒေသမှာ ဒီလောက်ထိ အရင်းအနှီး မရှိဘူး။ တရုတ်က လာစိုက်တယ်။ ပလောင်တွေကတော့ အလုပ်သမားအဖြစ် ပြန်လုပ်ကြတယ်။ အစပိုင်းတော့ စမ်းတဲ့သဘောမျိုး သုံးကြတယ်။ နောက်ပိုင်းကျတော့ လုပ်အားခ မပေးဘဲ ဘိန်းပဲပေးတဲ့ အလေ့အထ ဖြစ်လာတယ်။ ဒါကြောင့် ဘိန်းစားတွေ များလာတဲ့ အပိုင်းလည်း ဖြစ်လာတယ်” ဟု ဆိုသည်။ စင်စစ် ရှမ်းပြည်မြောက်ပိုင်း တအောဝ်းပလောင် ဒေသတွင် လက်ဖက်တစ်မျိုးတည်းကိုသာ အဓိက စိုက်လေ့ရှိကြောင်း၊ နောက်ပိုင်းတွင် တရုတ်ပြည်ဘက်မှ လက်ဖက်များ တရားမ၀င် လမ်းကြောင်းမှ ၀င်ရောက်လာကြကြောင်း၊ ယင်းနောက်ပိုင်း ဒေသခံများ အလုပ်လက်မဲ့ ဖြစ်လာကြကြောင်း၊ အလားတူ အခြား မိုင်းရှူး၊ ဖားကန့် စသည့် ဒေသများမှ ပြန်လာသူများလည်း သုံးတတ်လာကြကြောင်း၊ သူတို့နှင့် ဆက်နွှယ်သူများပါ သုံးစွဲလာတတ်ကြောင်းလည်း သိရသည်။ “တချို့ကေ့စ်တွေဆိုရင် မိဘကိုယ်တိုင်က သားသမီးကို ရောင်းစားတာ ရှိတယ်။ ရောင်းစားတယ်ဆိုတာ ဥပမာ-မိဘနှစ်ယောက်လုံးက ဘိန်းစွဲနေတယ်။ စွဲနေတော့ သူတို့ မွေးထားတဲ့ ကလေးသုံးယောက်ကို တရုတ်ပြည်ဘက် အတင်းပို့ပြီး အလုပ်လုပ်ခိုင်းတယ်။ အကြီး မိန်းကလေးဆို ၁၀ နှစ်လောက်ပဲ ရှိသေးတယ်။ ကျွန်မတို့က သိတော့ အချိန်မီ တားဆီးလိုက်နိုင်တယ်။ မတားဆီးနိုင်တာလည်း ရှိတယ်” ဟု ဒီးဒီးပို့ကျိန်းက ပြောကြားသည်။ မူဆယ်၊ နမ့်ခမ်း၊ ကွက်ခိုင်ဒေသများသည် တရုတ်နယ်စပ်နှင့် နီးနေကြောင်း၊ ယင်းဒေသများတွင် လူကုန်ကူးမှုများ ရှိနေကြောင်း၊ တရုတ်နိုင်ငံ၏ One Family One Child Policy ကြောင့် တရုတ်နိုင်ငံတွင် မိန်းကလေး လိုအပ်ချက် မြင့်မားလာသည့် အချိန်တွင် လူကုန်ကူးမှုများလည်း ရှိကြောင်း၊ အလားတူ မိဘကိုယ်တိုင် ဆေးသုံးစွဲရာမှ သားသမီးကို ရောင်းစားမှုများ ရှိကြောင်း၊ အမျိုးသမီးငယ်လေး တစ်ဦးလျှင် တရုတ်ယွမ် တစ်သောင်းနှင့် လေးသောင်းကြားတွင် ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ လူကုန်ကူးသည့် ပြဿနာသည် မြန်မာနိုင်ငံ၏ ဆယ်စုနှစ် တစ်ခုကြာ ကာလအတွင်း တဖြည်းဖြည်း ကြီးထွားလာသည့် ပြဿနာ ဖြစ်ကြောင်း၊ အထူးသဖြင့် အမျိုးသမီးများ လူကုန်ကူးခံရခြင်းကို ကျဆင်းအောင် လုပ်ဆောင်နိုင်မှုပိုင်းတွင် အားနည်းမှုများ ရှိနေကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာများကို မနှိမ်နင်းနိုင်ခြင်းတို့ကြောင့် ယခုကဲ့သို့ တိုးပွားလာခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများ၏ ဈေးကွက်များသို့ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို ပို့ဆောင်လေ့ ရှိနေကြောင်းလည်း သတင်းရရှိသည်။ အလားတူ နိုင်ငံရေး ပဋိပက္ခများ ရှိနေခြင်း၊ တစ်နည်းအားဖြင့် လက်နက်ကိုင် တိုက်ပွဲများကို ရပ်တန့်နိုင်မှု မရှိခြင်း၊ ဆင်းရဲနွမ်းပါးမှု အတိုင်းအတာ မြင့်တက်လာခြင်းနှင့် အလုပ်အကိုင် ရှားပါးခြင်းတို့သည်လည်း အဓိက အကြောင်းရင်းများပင် ဖြစ်နေကြောင်း၊ အထူးသဖြင့် ကချင်ဒေသနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် ဖြစ်ပွားမှု မြင့်တက်နေကြောင်း သိရသည်။ ကချင်ဒေသသည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့်အတွက် အခြားပြည်နယ်များထက် အခြေအနေ ပိုဆိုးသည့် အနေအထား ရှိကြောင်း၊ အထူးသဖြင့် ကချင်အမျိုးသမီးများအား တရုတ်နိုင်ငံသို့ သတို့သမီး (အငှားမယား)များအဖြစ် တင်ပို့နေကြခြင်းပင် ဖြစ်ကြောင်းနှင့် အလားတူ လိင်ဖျော်ဖြေရေး လုပ်ငန်းများသို့ ရောက်သွားသူများလည်း ရှိသည်။ လူကုန်ကူး ခံရသူများထဲတွင် အချို့မှာ တရုတ်နိုင်ငံ အရှေ့မြောက်ဖျား ဒေသများဖြစ်သော ချွင်ချန်း၊ ဘေဂျင်း၊ နန်နင်း စသည့် ဒေသများအထိ ရောက်ရှိသွားကြကြောင်း၊ အချို့ကိုမူ မြန်မာနိုင်ငံနှင့် ထိစပ်နေသော တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်း ပြည်နယ်တစ်ခုဖြစ်သည့် ယူနန်ပြည်မှ လိင်ဖျော်ဖြေရေး လုပ်ငန်းများအတွက် ရည်ရွယ်ကြောင်းလည်း သိရသည်။ တချို့မှာ ကာရာအိုကေခန်းများ၊ အနှိပ်ခန်း (Massage Parlour) များသို့ ရောက်ကြကြောင်းလည်း သိရသည်။ ကချင်ပြည်နယ်တွင် ဖြစ်ပွားမှု မြင့်တက်သည့် အကြောင်းအရင်းအများနှင့် ပတ်သက်လျှင်မူ မြေသိမ်းယာသိမ်းမှုများ၊ အလုပ်အကိုင် ရှားပါးသည့် ပြဿနာများကြောင့်ဖြစ်ကြောင်း ထိုင်းအခြေစိုက် ကချင်အမျိုးသမီးများအသင်း (the Kachin Women's Association Thailand KWAT) ၏ အစီရင်ခံစာ တစ်စောင်တွင်လည်း ဖော်ပြထားသည်။ ဖြစ်ပေါ်ခဲ့သည့် အခင်းအကျင်းသည် စစ်တပ် ကျောထောက်နောက်ခံ စီးပွားရေးသမားများနှင့် လုပ်ပိုင်ခွင့်အာဏာ ရှိသူများအပြင် တရုတ်လူမျိုး စီးပွားရေး သမားများအတွက်ပါ အကျိုးအမြတ်များစွာ ဖြစ်ထွန်းခဲ့သည်ဟု သိရသည်။ သို့သော် ဒေသခံများ အတွက်မူ မကောင်းသော အကျိုးသက်ရောက်မှုများသာ ဖြစ်ခဲ့ကြောင်း၊ ဒေသခံတို့ဘ၀ ဆင်းရဲသည်ထက်သာ ဆင်းရဲလာခဲ့ကြောင်း၊ သဘာဝ သယံဇာတ အရင်းအမြစ်များကို ထုတ်ယူနေသော်လည်း ထိုဒေသတွင် လူထုအား အလုပ်အကိုင် ဖော်ဆောင်ပေးနိုင်သည့် လုပ်ငန်းများ။ တစ်နည်းအားဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်းကို အထောက်အကူ ဖြစ်စေသည့် (Resource based Industry) များ စနစ်တကျ ဖွံ့ဖြိုးလာခြင်းလည်း မရှိကြောင်း စစ်တမ်းအချို့တွင်လည်း ဖော်ပြထားပါသည်။      သို့သော် အရင်းအမြစ် ထုတ်ယူသည့် လုပ်ငန်းများနှင့် ဆက်စပ်ပြီး စည်ကားလာသည့် မြို့အချို့တွင်မူ ဖျော်ဖြေရေးလုပ်ငန်းများ ပေါ်ပေါက်လာခဲ့ကာ လူကုန်ကူးသည့် လုပ်ငန်းများအတွက် အခွင့်အလမ်းများ ဖြစ်ပေါ်စေခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် သီတင်းကျွတ်ပြီးနောက်ပိုင်း ဘိန်းကို စတင်စိုက်ပျိုးလေ့ရှိကြောင်း၊ မတ်နှင့် ဧပြီကြားလောက်တွင် စပြီး ချက်လုပ်လေ့ရှိကြောင်းလည်း သိရသည်။           Writer:  အငယ်ထွေး ရှမ်းပြည်မြောက်ပိုင်း တစ်နေရာကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းက တွေ့ရစဉ် Eleven

Friday, 2 October 2015

ဩဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

--------------------------------------- ကမ္ဘာ တစ်ဝန်းလုံးမှာ ပေါက်ရောက်နေတဲ့ ချိုတဲ့ သစ်သီးဖြစ်တဲ့ ဩဇာသီးဟာ အရသာရှိသလို ဆေးဖက်ဝင်တဲ့ အစွမ်းလည်း အများအပြား ရှိပါတယ်။ (၁) အစာမကြေ ဝေဒနာကို သက်သာစေပါတယ် ဩဇာသီးဟာ အစာမကြေတာ၊ ရင်ပည့်ရင်ကယ်တာ စတဲ့ ဝေဒနာတွေကို သက်သာ စေပါတယ်။ (၂) ဝမ်းပျက် ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာကို သက်သာ စေပါတယ် ဩဇာသီးမှာ ကြေးနီဓာတ် ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်း ကင်းဝေးစေပြီး ဝမ်းပျက် ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာ တို့ကိုလည်း သက်သာ စေပါတယ်။ (၃) အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ် ဗီတာမင်စီ အများအပြား ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိ ရှိကာ ကိုယ်ခန္ဓာ တွင်းရှိ ဖရီးရယ် ဒီကယ်တွေကို တွန်းလှန် ပေးနိုင်ပါတယ်။ (၄) အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ် ဩဇာသီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံကေသာ ကို ကျန်းမာ စေပါတယ်။ (၅) နှလုံးကျန်းမာစေပါတယ် ဩဇာသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများတာကြောင့် နှလုံးရောဂါ မဖြစ်အောင် အကာအကွယ် ပေးပါတယ်။ ကြွက်သား အားနည်း မှုကို သက်သာစေတဲ့အတွက် ပင်ပန်း နွမ်းနယ်မှု ကင်းစေပါတယ်။ (၆) အဆစ်ကို ကျန်းမာစေပါတယ် ဩဇာသီးမှာ မဂ္ဂနီဆီယမ် များစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ဟန်ချက် ညီမျှစေပြီး အဆစ်တွေထဲက အက်စစ်ဖယ်ရှားရေးမှာ ပါဝင်ကူ ညီပါတယ်။ ဒါကြောင့် အဆစ် ရောင်နာတဲ့ လက္ခဏာ တွေကို လျော့ကျစေပါတယ်။ (၇) အထွေထွေ ကျန်းမာရေး ကောင်းမွန်စေပါတယ် ဩဇာသီးမှာ သိုင်ယာမင်း (B1) ၊ ဗီတာမင်အေ၊ ရိုင်ဘိုဖလေဗင် (B2) ၊ သ ဘာဝသကြား၊ နိုင်ယာစင်၊ ကာဗိုဟိုက်ဒ ရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီ ယမ်၊ ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ် စတာတွေပါဝင်တာကြောင့် အထွေထွေ ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။ (၈) ပိုးသတ်အာနိသင်ရှိပါတယ် ဩဇာသီးအစေ့မှာ ပိုးသတ်စေတဲ့ အာနိသင်ရှိပါတယ်။ (၉) သရေစာအဖြစ် စားနိုင်ပါတယ် ဩဇာသီးမှာ သဘာဝ သကြားဓာတ် ပါဝင်တာကြောင့် သရေစာနဲ့ အချိုပွဲ အနေနဲ့ စားသင့် ပါတယ်။ (၁၀) သွေးအားနည်းရောဂါကို သက်သာစေပါတယ် ဩဇာသီးမှာ သံဓာတ်ပါဝင်တာ ကြောင့် သွေးအားနည်း ရောဂါကုသမှုမှာ အသုံး ဝင်ပါတယ်။ (မြဝတီ)

Thursday, 1 October 2015

အနုပညာရှင်များ မဲပေးမည့်သူကို ထုတ်ဖော်ပြောခြင်းသည် ဥပဒေအရ ညီညွှတ်မှုမရှိဟု သရုပ်ဆောင်ဒါရိုက်တာ ဇာဂနာပြောကြား

Thursday, October 1, 2015 ယခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ဆန္ဒမဲပေးမှုတွင် အနုပညာရှင်အချို့မှာ မိမိကြိုက်နှစ်သက်ရာ ပါတီကို ထုတ်ဖော်ပြောခြင်းသည် ဥပဒေအရ ညီညွှတ်မှု မရှိခြင်းကြောင့် လျှို့ဝှက်စွာ ဆန္ဒမဲပေးခြင်းဖြင့် မိမိဆန္ဒမဲတန်ဖိုးကို ထိန်းသိမ်းထား သင့်ကြောင်း သရုပ်ဆောင် ဒါရိုက်တာ ဇာဂနာက ပြောကြားလိုက်သည် ။ ''ကျွန်တော်တို့ နိုင်ငံမှာ လျှို့ဝှက်စွာ ဆန္ဒမဲပေးစနစ်နဲ့ မကိုက်ညီဘူး ။ ဘယ်သူ့ကို မဲပေးမယ်ဆိုပြီး ထုတ်ဖော်ပြောခြင်းက ဥပဒေနဲ့ ငြိစွန်းတယ် ။ ဒါကြောင့် လျှို့ဝှက်စွာ မဲပေးကြပါ ။ ကိုယ်ပေးမယ့် မဲကို ကိုယ့်စိတ်ထဲမှာ ထားပါ ။ ဒါဟာ မဲရဲ့တန်ဖိုးပါပဲ ။ ကျွန်တော့်ရဲ့ မဲက ဆယ်ပြားတန်ရင် သမ္မတရဲ့ မဲကလည်း ဆယ်ပြားတန်ပါတယ် ။ လျှို့ဝှက်မဲ ဆန္ဒပေးခြင်း ခေါင်းစဉ်အောက်မှာ လျှို့ဝှက်စွာမဲပေးပြီး မဲတန်ဖိုးထိန်းသိမ်းပါ'' ဟု ၎င်းကပြောသည် ။ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းသည် ဒါရိုက်တာ သရုပ်ဆောင် ဇာဂနာ၏ ပထမဆုံး ဆန္ဒမဲပေးခြင်းဖြစ်သော်လည်း အောက်တိုဘာလ ၄ ရက်တွင် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သည့် တတိယကြိမ်မြောက် peace opare show ကို စင်ကာပူနိုင်ငံ၌ ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းကြောင့် ယခုနှစ်ဆန္ဒမဲပေးရန် ပြည်သူ တစ်ယောက်အနေဖြင့် ပါဝင်နိုင်ရန် မျှော်လင့်နေရကြောင်း သိရသည် ။ ''၂၀၁၅ ခုနှစ်မဲပေးမှုက ကျွန်တော့်အနေနဲ့ ပထမဆုံး မဲပေးရမှာပါ ။ ကျွန်တော် ၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ထောင်ထဲမှာပါ ။ ဒီနှစ်မဲပေးခွင့် ရှိမလားမသိဘူး ။ ဘာကြောင့်လဲဆိုတော့ အောက်တိုဘာ ၄ ရက်နေ့ကျရင် ငြိမ်းချမ်းရေး အော်ပရာရှိုးအတွက် စင်ကာပူကိုသွားမယ် ။ အဲဒီက ပြန်လာရင် မဲပေးရမလား ၊ အင်းစိန်ထောင်ထဲ တန်းဝင်ရမလား မသိပါဘူး'' ဟု ဇာဂနာက ပြောသည် ။ ဒါရိုက်တာ သရုပ်ဆောင် ဇာဂနာသည် ၁၉၉၀ ခုနှစ် ၊ ၂၀၀၇ ခုနှစ် ၊ ၂၀၁၀ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့ အကျဉ်းကျခဲ့ပြီး ၂၀၁၄ ခုနှစ်မှ စတင်၍ အနုပညာ အလုပ်များကို ပြန်လည် စတင်ခဲ့ကြောင်း သိရသည်။ သတင်း -MMK The Ladies News Journal PannPwint - Celebrity
သင်္ကြန်ပြီးနောက်ပိုင်း ဝေဖန်မှုတွေနဲ့အတူ ပိုပိုလန်းအောင် ကြိုးစားလာတဲ့ ဆရာဝန်အဆိုတော် PannPwint - Celebrity