Friday, 2 October 2015

ဩဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

--------------------------------------- ကမ္ဘာ တစ်ဝန်းလုံးမှာ ပေါက်ရောက်နေတဲ့ ချိုတဲ့ သစ်သီးဖြစ်တဲ့ ဩဇာသီးဟာ အရသာရှိသလို ဆေးဖက်ဝင်တဲ့ အစွမ်းလည်း အများအပြား ရှိပါတယ်။ (၁) အစာမကြေ ဝေဒနာကို သက်သာစေပါတယ် ဩဇာသီးဟာ အစာမကြေတာ၊ ရင်ပည့်ရင်ကယ်တာ စတဲ့ ဝေဒနာတွေကို သက်သာ စေပါတယ်။ (၂) ဝမ်းပျက် ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာကို သက်သာ စေပါတယ် ဩဇာသီးမှာ ကြေးနီဓာတ် ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်း ကင်းဝေးစေပြီး ဝမ်းပျက် ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာ တို့ကိုလည်း သက်သာ စေပါတယ်။ (၃) အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ် ဗီတာမင်စီ အများအပြား ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိ ရှိကာ ကိုယ်ခန္ဓာ တွင်းရှိ ဖရီးရယ် ဒီကယ်တွေကို တွန်းလှန် ပေးနိုင်ပါတယ်။ (၄) အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ် ဩဇာသီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံကေသာ ကို ကျန်းမာ စေပါတယ်။ (၅) နှလုံးကျန်းမာစေပါတယ် ဩဇာသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများတာကြောင့် နှလုံးရောဂါ မဖြစ်အောင် အကာအကွယ် ပေးပါတယ်။ ကြွက်သား အားနည်း မှုကို သက်သာစေတဲ့အတွက် ပင်ပန်း နွမ်းနယ်မှု ကင်းစေပါတယ်။ (၆) အဆစ်ကို ကျန်းမာစေပါတယ် ဩဇာသီးမှာ မဂ္ဂနီဆီယမ် များစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ဟန်ချက် ညီမျှစေပြီး အဆစ်တွေထဲက အက်စစ်ဖယ်ရှားရေးမှာ ပါဝင်ကူ ညီပါတယ်။ ဒါကြောင့် အဆစ် ရောင်နာတဲ့ လက္ခဏာ တွေကို လျော့ကျစေပါတယ်။ (၇) အထွေထွေ ကျန်းမာရေး ကောင်းမွန်စေပါတယ် ဩဇာသီးမှာ သိုင်ယာမင်း (B1) ၊ ဗီတာမင်အေ၊ ရိုင်ဘိုဖလေဗင် (B2) ၊ သ ဘာဝသကြား၊ နိုင်ယာစင်၊ ကာဗိုဟိုက်ဒ ရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီ ယမ်၊ ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ် စတာတွေပါဝင်တာကြောင့် အထွေထွေ ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။ (၈) ပိုးသတ်အာနိသင်ရှိပါတယ် ဩဇာသီးအစေ့မှာ ပိုးသတ်စေတဲ့ အာနိသင်ရှိပါတယ်။ (၉) သရေစာအဖြစ် စားနိုင်ပါတယ် ဩဇာသီးမှာ သဘာဝ သကြားဓာတ် ပါဝင်တာကြောင့် သရေစာနဲ့ အချိုပွဲ အနေနဲ့ စားသင့် ပါတယ်။ (၁၀) သွေးအားနည်းရောဂါကို သက်သာစေပါတယ် ဩဇာသီးမှာ သံဓာတ်ပါဝင်တာ ကြောင့် သွေးအားနည်း ရောဂါကုသမှုမှာ အသုံး ဝင်ပါတယ်။ (မြဝတီ)

No comments:

Post a Comment