Thursday, 1 October 2015

အနုပညာရှင်များ မဲပေးမည့်သူကို ထုတ်ဖော်ပြောခြင်းသည် ဥပဒေအရ ညီညွှတ်မှုမရှိဟု သရုပ်ဆောင်ဒါရိုက်တာ ဇာဂနာပြောကြား

Thursday, October 1, 2015 ယခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ဆန္ဒမဲပေးမှုတွင် အနုပညာရှင်အချို့မှာ မိမိကြိုက်နှစ်သက်ရာ ပါတီကို ထုတ်ဖော်ပြောခြင်းသည် ဥပဒေအရ ညီညွှတ်မှု မရှိခြင်းကြောင့် လျှို့ဝှက်စွာ ဆန္ဒမဲပေးခြင်းဖြင့် မိမိဆန္ဒမဲတန်ဖိုးကို ထိန်းသိမ်းထား သင့်ကြောင်း သရုပ်ဆောင် ဒါရိုက်တာ ဇာဂနာက ပြောကြားလိုက်သည် ။ ''ကျွန်တော်တို့ နိုင်ငံမှာ လျှို့ဝှက်စွာ ဆန္ဒမဲပေးစနစ်နဲ့ မကိုက်ညီဘူး ။ ဘယ်သူ့ကို မဲပေးမယ်ဆိုပြီး ထုတ်ဖော်ပြောခြင်းက ဥပဒေနဲ့ ငြိစွန်းတယ် ။ ဒါကြောင့် လျှို့ဝှက်စွာ မဲပေးကြပါ ။ ကိုယ်ပေးမယ့် မဲကို ကိုယ့်စိတ်ထဲမှာ ထားပါ ။ ဒါဟာ မဲရဲ့တန်ဖိုးပါပဲ ။ ကျွန်တော့်ရဲ့ မဲက ဆယ်ပြားတန်ရင် သမ္မတရဲ့ မဲကလည်း ဆယ်ပြားတန်ပါတယ် ။ လျှို့ဝှက်မဲ ဆန္ဒပေးခြင်း ခေါင်းစဉ်အောက်မှာ လျှို့ဝှက်စွာမဲပေးပြီး မဲတန်ဖိုးထိန်းသိမ်းပါ'' ဟု ၎င်းကပြောသည် ။ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းသည် ဒါရိုက်တာ သရုပ်ဆောင် ဇာဂနာ၏ ပထမဆုံး ဆန္ဒမဲပေးခြင်းဖြစ်သော်လည်း အောက်တိုဘာလ ၄ ရက်တွင် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သည့် တတိယကြိမ်မြောက် peace opare show ကို စင်ကာပူနိုင်ငံ၌ ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းကြောင့် ယခုနှစ်ဆန္ဒမဲပေးရန် ပြည်သူ တစ်ယောက်အနေဖြင့် ပါဝင်နိုင်ရန် မျှော်လင့်နေရကြောင်း သိရသည် ။ ''၂၀၁၅ ခုနှစ်မဲပေးမှုက ကျွန်တော့်အနေနဲ့ ပထမဆုံး မဲပေးရမှာပါ ။ ကျွန်တော် ၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ထောင်ထဲမှာပါ ။ ဒီနှစ်မဲပေးခွင့် ရှိမလားမသိဘူး ။ ဘာကြောင့်လဲဆိုတော့ အောက်တိုဘာ ၄ ရက်နေ့ကျရင် ငြိမ်းချမ်းရေး အော်ပရာရှိုးအတွက် စင်ကာပူကိုသွားမယ် ။ အဲဒီက ပြန်လာရင် မဲပေးရမလား ၊ အင်းစိန်ထောင်ထဲ တန်းဝင်ရမလား မသိပါဘူး'' ဟု ဇာဂနာက ပြောသည် ။ ဒါရိုက်တာ သရုပ်ဆောင် ဇာဂနာသည် ၁၉၉၀ ခုနှစ် ၊ ၂၀၀၇ ခုနှစ် ၊ ၂၀၁၀ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့ အကျဉ်းကျခဲ့ပြီး ၂၀၁၄ ခုနှစ်မှ စတင်၍ အနုပညာ အလုပ်များကို ပြန်လည် စတင်ခဲ့ကြောင်း သိရသည်။ သတင်း -MMK The Ladies News Journal PannPwint - Celebrity

No comments:

Post a Comment