


OCTOBER 05, 2015
ပဲခူးတိုင်း တောင်ငူမြို့မှာ အောက်တိုဘာလ ၄ ရက်နေ့က တပ်မတော်သားတ ဦးက ၉ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူတဦးကို အဓမ္မပြုကျင့်မှုဖြစ်ခဲ့ပါတယ်။ ဥာဏ်ထွန်းအောင်အမည်ရတဲ့ ပြစ်မှုကျူးလွန်သူဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်သားတဦးဖြစ်ပြီး အဲဒီနေ့ညနေ ၅ နာရီအချိန် အဆိုပါကျောင်းသူ နေအိမ်မှာ တဦးတည်း ရှိနေချိန် အိမ်ရှေ့ရေနုတ်မြောင်းအနီးက သစ်ပင်အောက်ကို ခေါ်ဆောင် အဓမ္မပြုကျင့်ခဲ့တာလို့ သိရှိရပါတယ်။ အိမ်ပြန်ရောက်ချိန်မှာ မိန်းမကိုယ်မှသွေးတွေယိုစီးနေတာကို တွေ့ရပြီး ဖခင်က မေးချိန်မှာ ပြောပြခဲ့တဲ့အတွက် တောင်ငူမြို့နယ်မြေရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့ ညနေမှာ တောင်ငူပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်ချက်ရယူပြီး စွပ်စွဲခံရသူကို မြို့သစ် နယ်မြေရဲစခန်းမှာ (ပ)၈၆/၂၀၁၅ ပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။ ပြစ်မှု ကျူးလွန်သူဟာ အဲဒီကျောင်းသူနဲ့ အစ်မတ၀မ်းကွဲတော်စပ်သူရဲ့ခင်ပွန်းဖြစ်ပါတယ်။ သတင်းဓာတ်ပုံ – ကိုသားကြီး
Copy the BEST Traders and Make Money : http://bit.ly/fxzulu
No comments:
Post a Comment