Tuesday, 6 October 2015

အီဂျစ်မြွေနတ်ဘုရားနဲ့တူအောင် ကိုယ့်ငယ်ပါကိုယ်ဖြတ်ခဲ့တဲ့ လူသတ်သမား

OCTOBER 06, 2015 ကိုယ့် ကိုယ်အင်္ဂါတွေကိုယ်ဖြတ်တဲ့ မှတ်တမ်းဆိုးရှိတဲ့ Nikkon Jenkins ဆိုသူဟာ အီဂျင်မြွေနတ်ဘုရားနဲ့တူအောင်ဆိုပြီး ကိုယ့်ငယ်ပါကိုယ်ဖြတ်တဲ့ အဖြစ်အပျက်ဖြစ်ခဲ့ပါတယ်။ သူဟာ ဧရာမမြွေကြီးနဲ့တူတဲ့ ရှေးဟောင်းနတ်ဘုရား Apophis ရဲ့ စကားတွေကိုကြားခဲ့ရတယ်လို့ ယုံကြည်ခဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ငယ်ပါကို သူဖြတ်ခဲ့တာပါ။ နဖူးပေါ်မှာ “၆၆၆” ကို တက်ယောက်ကားနဲ့ထွင်းခဲ့ပေမဲ့ တကယ့်တကယ် “၉၉၉” ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။ မှန်ထဲမှာကြည့်ထွင်းခဲ့တယ်ဆိုတာကို မေ့သွားလို့ပါတဲ့။ Nikkon Jenkis ဟာ ၂၀၁၃ခုနှစ်မှာ လူလေးယောက်ကို အရူးထပြီးသတ်ခဲ့သူပါ။ မြွေနဲ့တူအောင်ဆိုပြီး လျှာကိုဖြတ်ကာ ထောင်နံရံကို သွေးတွေဖက်ဖြန်းခဲ့တဲ့ မှတ်တမ်းလည်းရှိပါတယ်။ အကျဉ်းစောင့်တွေက Jenkins ဟာဘယ်သူလဲ၊ သူဘယ်လိုများ ထောင်ထဲမှာ ဓားတွေကိုဖွက်ထားလဲဆိုတာ မသိဘူးလို့ ပြောပါတယ်။ “ဒါတွေဘယ်လို ဖြစ်တာလဲဆိုတာ မင်းမေးချင်လိမ့်မယ်။ သူဒီထဲကို ဘယ်လိုရောက်ခဲ့တယ် သူဘာတွေရခဲ့တယ်ဆိုတာကို ဘယ်သူမှသိပုံမပေါ်ဘူး။ ငါ့အတွက်တော့ ဆန်းကြယ်မှုတစ်ခုပဲ။” လို့ ထောင်မှူး Lux ကပြောခဲ့ပါတယ်။ သူသေဒဏ်ပေးခံရနိုင်တယ်ဆိုတာကို သိပြီးနောက်ပိုင်း မလုံမခြုံတွေဖြစ်ခဲ့ပါတယ်။ သူဟာ သေဒဏ်ပေးခံခဲ့ရပြီး မပေးခင်မှာ တရားခွင်ကိုတတ်ရောက်နိုင်စွမ်းမရှိတဲ့အတွက် တစ်နှစ်ကြာခဲ့တယ်လို့ သိရပါတယ်။ သူ့ကို မြွေနတ်ဘုရားကနေ အသံနဲ့အမိန့်တွေပေးခဲ့တဲ့အတွက် ယခုလိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ဉာဏ်ကောင်းလွန်းတဲ့ စိတ်ရောဂါသည် ဟုတ်လား၊ မဟုတ်လားဆိုတာကိုတော့ စိတ်ရောဂါကုဆရာဝန်တွေကြား ဒွိဟဖြစ်လို့နေပါတယ်။ သစ်ထူးလွင် Copy the BEST Traders and Make Money : http://bit.ly/fxzulu

No comments:

Post a Comment