ဒုတိယ မိုးဟေကို ဆိုတဲ့ နန်မြင့်မိုရ် အပြီး ဒီတစ်ခါ နန်းဝေေ၀ထွန်း တဲ
့ မူရင်း=သတင်းအတင်းမီဒီယာ
ခင်သူဇာ
မကြာခင်မှာ မိခင်ဖြစ်ဖို့ အစီအစဉ် မရှိသေးတဲ့ အမျိုးသမီးများအတွက် ဓမ္မတာ နောက်ကျခြင်းက ကြောက်စရာ အကောင်းဆုံး အတွေ့အကြုံတစ်ခု ဖြစ်စေနိုင်ပါတယ်။ အမှန်တော့ ဖစ်လေ့ဖြစ်ထရှိတဲ့ ဓမ္မတာ နောက်ကျရခြင်း အကြောင်းရင်း (၅) ချက်ပုံမှန် အကြောင်း အရာတွေ ကြောင့်လည်း နောက်ကျလေ့ ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိတယ်လို့ တထစ်ချ ယူဆလို့မရပါဘူး ။ ရာသီနောက်ကျခြင်း အကြောင်းအရင်းတွေကို ပြောပြရရင်ဖြင့်
၁)ရာသီစက်ဝန်းက တစ်လနဲ့တစ်လ မတူပါဘူး
ဒီလမှာ ရာသီစက်ဝန်းက ၂၄ ရက်ကြာပေမဲ့ နောက်တစ်လမှာ ၃၂ ရက်ကြာတတ်တာလည်း ရှိပါတယ်။ ရာသီသွေးလာမယ်လို့ ထင်တဲ့ရက်မှာ မလာရတဲ့အကြောင်းရင်းကတော့ ရာသီစက်ဝန်းတစ်ပတ် မပြည့်သေးလို့ဖြစ်ပါတယ်။
၂)စိတ်ဖိစီးမှုကြောင့် သားဥကြွေချိန် ပုံမှန်ထက် နောက်ကျတတ်ပါတယ်
အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် သားအိမ်အတွင်းမှ သားဥတစ်လုံးက အချိန်တန်တဲ့အခါမှာ ထုတ်ပေးလေ့ ရှိပါတယ်။ ကိုယ့်မှာ စိုးရိမ်ပူပန်စရာ ၊စိတ်ညစ်စရာ တစ်ခုခု ကြုံရတဲ့အခါ ခန္ဓာကိုယ်က ကိုယ်ဝန်ဆောင်နိုင်မယ့် စိတ်ခံစားမှု အသင့်ဖြစ်မယ့် အချိန်ကိုစောင့်လေ့ရှိတဲ့ အတွက် ပုံမှန်ထက်နောက်ကျရခြင်း ဖြစ်ပါတယ်။
၃)နေမကောင်းဖြစ်တာ ၊ထိခိုက်ဒဏ်ရာရတာကြောင့်လည်း နောက်ကျတတ်ပါတယ်
ခန္ဓာကိုယ် မကျန်းမာတဲ့အခါ ကိုယ်ဝန်ဆောင်နိုင်မှာ မဟုတ်တဲ့အတွက် ပြန်လည်ကျန်းမာလာတဲ့ အထိစောင့်ပြီးမှ သားဥကြွေတတ်ပါတယ်။ဒါကြောင့် ရာသီသွေး နောက်ကျတာ ၊ရပ်ဆိုင်းသွားတာ ဖြစ်နိုင်ပါတယ် ။
၎)အာဟာရ မပြည့်ဝတာ ၊ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်တာကြောင့် နောက်ကျတတ်ပါတယ်
ဒါတွေကလည်း ကျန်းမာရေုးကို ထိခိုက်စေတဲ့ အတွက် ခန္ဓာကိုယ် ကျန်းမာလာပြီလို့် မခံစားရသရွေ့ သားဥမကြွေတဲ့အတွက် ရာသီနောက်ကျတာ၊မူမမှန်တာ ၊ပျောက်သွားတာတွေ ဖြစ်တတ်ပါတယ်။
၅)ဆေးဝါးများသောက်သုံးရခြင်း
အခြားရောဂါ တစ်ခုခုကြောင့် သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်လည်း နောက်ကျတတ်ပါတယ် ။
အကြံပြုချက် ။ ။မိမိရဲ့ရာသီစက်ဝန်းက အမြဲပုံမှန် ဖြစ်ပြီး ထူးထူးခြားခြား နောက်ကျနေလျှင် ကိုယ်ဝန်ရှိမရှိ အမြန် စစ်ဆေးလိုက်တာက စိတ်သက်သာရာရစေနိုင်ပါတယ် ။
Ref:popsugar
http://www.trend.com.mm/2016/01/22/health-8652
......................................................
သမီးဖြစ်သူရဲ့ သွေးအားနည်းရောဂါကို ဆရာဝန်တွေအားလုံးလက်လျှော့လိုက်တဲ့နောက် မြွေဟောက်ကိုက်ရင်တော့ ပျောက်သွားမှာပါလို့ ဖခင်ဖြစ်သူက ယုံကြည်ခဲ့ပြီး တကယ်လည်း သမီးဖြစ်သူကို မြွေဟောက်ကိုက်စေခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဖခင်ဖြစ်သူရဲ့ အမည်ဟာ Wang Jingshuai ဖြစ်ပြီး သူဟာ တရုတ်နိုင်ငံ၊ Hebei ပြည်နယ်၊ Wuqiang စီရင်စုမှာ နေထိုင်သူဖြစ်ပါတယ်။ သွေးအားနည်းရောဂါ ဝေဒနာရှင် သမီးကို မြွေဟောက်သာကိုက်ခဲ့ရင် ရောဂါကုသနိုင်လိမ့်မယ်လို့ သူဟာ အတွေးအမြင်မှားခဲ့ပါတယ်။
သူ့သမီးရဲ့ သွေးအားနည်းရောဂါကို ကုသဖို့အတွက် သူစုထားတဲ့ပိုက်ဆံတွေအားလုံး သုံးခဲ့ပေမဲ့ ရောဂါက ပျောက်မသွားခဲ့ပါဘူး။ ဒီ့အတွက် မြွေဟောက်ကိုက်စေပြီး ကုသဖို့ကို Wang ရဲ့မိတ်ဆွေတွေက အကြံဉာဏ်ပေးခဲ့ပါတယ်။ "အဆိပ်ကို အဆိပ်နဲ့တိုက်ထုတ်ရတယ်ကွ။" လို့ မိတ်ဆွေတွေက ပြောခဲ့ပါတယ်။
Wang ရဲ့ သမီးကို မြွေဟောက်က ကိုက်လိုက်ပြီးတဲ့နောက်မှာတော့ မြွေဆိပ်တက်ခဲ့ပြီး ဆေးရုံပို့ခဲ့ရပါတယ်။ ဆရာဝန်တွေက မြွေဆိပ်ကိုဖြေပေးနိုင်ခဲ့ပြီး ခုတော့ စိတ်ချရဲ့အခြေအနေမှာ ရှိကြောင်း Wang ကပြောခဲ့ပါတယ်။
သမီးရဲ့ ရောဂါကို ကုသပေးနိုင်ဖို့ အခွင့်အလမ်းကိုသာ မျှော်လင့်ခဲ့ကြောင်း၊ သူ့ရဲ့ လုပ်ရပ်တွေအတွက် ဝမ်းနည်းမိကြောင်း Wang က ပြောခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:ThitHtooLwin
ခေတ်ကြီးကိုက ယောက်ျားလေးအချင်းချင်း၊ မိန်းကလေးအချင်း ချင်းတောင် ကြောက်နေရတဲ့ခေတ်လို့ ပြောလို့ရနေပြီမို့လို့ အမြဲ သွားသတိ၊ လာသတိရှိကြဖို့ သတိပေးပါရစေ။ အရမ်းခင်မင်ရင်းနှီး ရပါတယ်ဆိုတဲ့ ယောက်ျားလေးသူငယ်ချင်းက အတင်းအဓမ္မပြုကျင့် လိုက်လို့ ထိုင်ဝမ်က အသက် ၂၂ နှစ်အရွယ် ကျောင်းသားကောင် လေးက အတွင်းလူနာအဖြစ်ဆေးရုံတက် ဆေးကုသမှုခံယူခဲ့ပါ တယ်။
အခင်းဖြစ်ပွားမှုမှာ အဆိုပါ ကျောင်းသားကောင်လေးက သူငယ်ချင်း ဖြစ်သူနဲ့အတူ ပါတီတက်ပြီး မူးရူးသောက်စားပြီး နေအိမ်ပြန်လာတဲ့ အချိန် အသိစိတ်လွတ်သွားတဲ့ အခြေအနေမှာ သူ့သူငယ်ချင်းဖြစ် သူကအိမ်သာသို့ အတင်းခေါ်သွားပြီး သူ့ကို နမ်းရှုံ့ခြင်း၊ပွေ့ဖက်ခြင်း နဲ့ နောက်ဆုံးအမျိုးသား အချင်းချင်း လိင်ပိုင်းဆိုင်ရာအတင်းအ ကျပ် အဓမ္မပြုကျင့်ခြင်းတွေကို ပြုလုပ်ခဲ့တာပဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ဝင်စစ်ဆေးချက် အရသိရပါတယ်။
ထိုစဉ်မှာ သူက အရက်တွေအလွန်အကျွံသောက်လာတာကြောင့် ပြန်လည်တွန်းကန်ရုန်းထွက်ဖို့ အားအင်မရှိခဲ့ဘူးလို့လည်း အနိုင် ကျင့်ခံရတဲ့ကျောင်းသားက တရားရုံးတော်မှာ ထွက်ဆိုထားပါ တယ်။
အဆိုပါဖြစ်စဉ်အတွက် တရားခံဖြစ်သူနဲ့ တရားလိုတို့ရဲ့ ထွက်ဆိုချက်သက်သေတွေက မှန်ကန်မှုရှိတာကြောင့် လိင်အ ဓမ္မပြုကျင့်ခဲ့တဲ့ သူငယ်ချင်းကောင်လေးကို တရားရုံးတော်က ထောင်ဒဏ် ၁၀ လချက်မှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
ကဲ ကိုယ့်ချစ်သူကိုခေါ်ပြီး ရှော့ပင်းထွက်တတ်တဲ့ ကောင်မလေးတွေရေ ဟိုဟာဝယ်ချင်၊ ဒီဟာဝယ်ချင်နဲ့ ကောင်လေးကိုလက်ဆွဲပြီး ဟိုသွားဒီသွားနဲ့ ရှော့ပင်းမောထဲ နာရီအတော်ကြာ ပတ်တတ်ကြတာကို သတိပေးချင်တာပါ။
တရုတ်နိုင်ငံ ရှော့ပင်းမောတစ်ခုမှာ ဈေးဝယ်ထွက်လာတဲ့ စုံတွဲတစ်တွဲက ဈေးဝယ်ထွက်လာရင်း ငါးနာရီကျော်ကြာ ကောင်မလေးနောက် တစ် ကောက်ကောက်လိုက်ပြီး လမ်းပတ်လျှောက်နေရတာကို ချစ်သူကောင် လေးက ပင်ပန်းပြီး စိတ်ရှုပ်လာရာကနေ အိမ်ပြန်ဖို့ကောင်မလေးကိုတောင်း ဆိုခဲ့ရာကောင်မလေးက ငြင်းဆန်ကာ ဆက်လက်ဈေးဝယ်ယူနေခဲ့တာ ကြောင့် စိတ်ဆိုးပြီးဈေးဝယ်စင်တာရဲ့ အထပ်မြင့်ကနေ အောက်သို့ခုန်ချကာ သေဆုံးသွားခဲ့ပါတယ်။
ဈေးဆိုင်ပိုင်ရှင်တွေနဲ့ ဈေးဝယ်သူတွေရဲ့ မျက်မြင်သက်သေတွေအရ ကောင် လေးနဲ့ ကောင်မလေးတို့နှစ်ဦးသားက အချိန်အတော်ကြာဈေးဝယ်ထွက်လာ ရင်းကနေ တစ်ဦးနဲ့တစ်ဦး ဈေးဝယ်ဖို့ မဝယ်ဖို့အချင်းများစကားများကြပြီး ချစ်သူကောင်လေးက စိတ်ဆိုးဆိုးနဲ့ အထပ်မြင့်ကနေ ခုန်ချလိုက်ရာကနေမှ အခုလိုသေဆုံးသွားခဲ့ခြင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။
ယောက်ျားလေးတော်တော်များများက ဒီလိုမျိုး ကိုယ့်ကောင်မလေးဈေး ဝယ်ထွက်တဲ့ကိစ္စကို သိပ်ပြီးတော့ စိတ်မဝင်စားကြပါဘူး။ ချစ်လွန်းအား ကြီးတဲ့ ကောင်လေးတွေမို့လို့ပဲ ကိုယ့်ကောင်မလေး ရှော့ပင်း ထွက်တာကို အနောက်ကတကောက်ကောက်လိုက်ပြီး တစ်နာရီ၊ နှစ်နာရီကြာ အိပ်ဆွဲ အထုတ်ဆွဲ ကိစ္စတွေကို လိုက်လုပ်ပေးကြတာပါ။ ရှော့ပင်းထွက်ရင် အလွန် ဆုံးကြာ တစ်နာရီ၊ နှစ်နာရီပေါ့။
ဒီထက်ပိုပြီးကြာသွားရင် ခြေထောက်တွေ နာကျင်ပြီး အံ့သေတာမျိုးတွေကိုလည်း မိန်းကလေးတွေ ကိုယ်တိုင်လည်း ခံစားမိကြမှာပါ။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
လူသားတွေရဲ့ အသားအရည်ဟာ နေ့စဉ်ရေချိုးပေးနေဖို့၊ ဆပ်ပြာတိုက်ပေးနေဖို့ မလိုအပ်ပါဘူး။
တစ်စုံတစ်ဦးက နေ့တိုင်းမချိုးဘူးလို့ ဆိုကြတဲ့အခါ လူအများစုက အံ့သြဟန်နဲ့ ကြည့်တက်ကြပြီး တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိဘူးလို့ ယေဘုယျယူဆတက်ကြပါတယ်။ ဒါပေမယ့် နေ့တိုင်းရေချိုးခြင်းဟာ တကယ်လိုအပ်တဲ့ အရာလားဆိုတာ မေးခွန်းထုတ်ချင်စရာပါ။
ကျန်းမာရေးရှုထောင့်က ကြည့်ရင်တော့ လူတစ်ယောက်ဟာ နေ့တိုင်း ရေမချိုးသင့်ဘူးလို့ ဆိုပါတယ်။ နေ့တိုင်း ရေချိုးခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့-
- အသားအရေ ခြောက်သွေ့လာမယ်။ နီစပ်စပ်ဖြစ်လာမယ်။
- အရေပြားအပေါ်ဆုံးလွှာမှာ ရှိသင့်တဲ့ အဆီဓာတ်တွေ ခန်းခြောက်သွားမယ်။
- ရှိသင့်တဲ့ ဘက်တီးရီးယားတွေ ပျော်ကွယ်ကုန်မယ်။ (အချို့ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်အတွင်းကို ရောဂါဘယ မဝင်အောင် ကာကွယ်ပေးပါတယ်)
ရလာမယ့် အကျိုးကျေးဇူးတွေကတော့ -
- ရေချိုးခန်းသုံး ပစ္စည်းတွေ ဝယ်ရတာ သက်သာစေမယ်။
- အချိန်ပိုရလာမယ်။
- ကျန်းမာရေး ပိုကောင်းလာစေမယ်။
စတဲ့ အရာတွေဖြစ်ပါတယ်။
မနေနိုင်လို့ ရေချိုးခဲ့ရင်တောင် ဆပ်ပြာအမြဲတမ်း တိုက်တာမျိုး မလုပ်သင့်ပါဘူး။ ပေါင်ခြံ၊ ချိုင်းကြားနဲ့ ခြေဖဝါးလို နေမျိုးတွေကိုပဲ ပုံမှန်ဆပ်ပြာတိုက်သင့်ပါတယ်။ မျက်နှာနဲ့ ဗိုက်သား၊ ရင်ဘတ်တွေကို အမြဲ ဆပ်ပြာ မတိုက်သင့်ပါဘူး။ လူတွေရဲ့ အသားအရေဟာ သူ့အလိုလို ပုံမှန် သန့်ရှင်နိုင်စွမ်းဆိုတဲ့ သဘာစွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။
နေ့တိုင်း ရေမချိုးလို့ ရတယ်ဆိုပေမယ့် အိပ်ယာမဝင်ခင် မိတ်ကပ်ဖျက်တာမျိုး၊ ကိုယ်လက်ဆေးတာမျိုးကိုတော့ ပုံမှန်လုပ်သင့်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
ဒုတိယ မိုးဟေကို လက်သစ်ဆိုပြီး Lotion လိမ်းတဲ့ ဗီဒီယို အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ မော်ဒယ် နန်းမြင့်မိုရ်
ဗီဒီယို ဖိုင်ကိုတော့ အများသူငှာကြည့်ရှုရန်မသင့်သောကြောင့် တင်ပြနိုင်ခြင်းမရှိပါ။
သတင်းမီဒီယာမှ
အိန္ဒိယမှာ စမူဆာစားမယ်ဆိုရင်တော့ အခွန်နှုန်းထား ခပ်ကြီးကြီးပေးပြီး စားရတော့မှာ ဖြစ်ပါတယ်။
အိန္ဒိယမှာ စမူဆာစားရင် အခွန်ဆောင်ဖို့ ပြည်နယ်ဝန်ကြီးချုပ် ကူးမားက ဥပဒေ တင်သွင်းလိုက်ပါတယ်။ လဘက်ရည်ဆိုင်တွေမှာ အလွယ်တကူရနိုင်တဲ့ စမူဆာကို တန်ဖိုးကြီးအစားအသောက်စာရင်းထဲ ထည့်သွင်းလိုက်ပြီးနောက် အခွန်ဆောင်ဖို့ နှုန်းထား သတ်မှတ်လိုက်ပါတယ်။
အခွန်ဥပဒေကို အတည်ပြုပြီးသွားရင် သရေစာတွေဖြစ်တဲ့ စမူဆာ၊ ဘဲသားမုန့် စတဲ့ မုန့်တွေအတွက် အခွန် ၁၃.၅ ရာခိုင်နှုန်းဆောင်ရတော့မှာပါ။ အသားသို့မဟုတ် ချိစ်နဲ့လုပ်ထားတဲ့ မုန့်တွေ ပါဝင်ပါတယ်။ ဒီလို အခွန်နှုန်းထားမျိုး ရှိတဲ့ ကုန်ပစ္စည်းတွေက အလှကုန်၊ ရေမွှေးနဲ့ ဆံပင်လိမ်းဆီတွေပါ။
မကြာသေးခင်က လုပ်ခဲ့ကြတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဒီဥပဒေကြမ်းအပါအဝင် ဥပေဒကြမ်း ၂၃ ခုတင်သွင်းခဲ့တာဖြစ်ပါတယ်။
Credit: duwun
ဆေးခြောက်ပင်တွေရဲ့ အာနိသင်ထဲမှာကင်ဆာရောဂါ ဖြစ်စေတဲ့ ဆဲလ်တွေကို နှိမ်နင်းပေးနိုင်တယ်လို့အမေရိကန် အစိုးရက လက်ခံလိုက်တာကြောင့် ကမ္ဘာနဲ့အ၀ှမ်း တုန်လှုပ်သွားရကြောင်း themirror.co.uk အွန်လိုင်း သတင်းတရပ်မှာ ဖော်ပြထားပါတယ်။
ဟစ်ပီများ၊ သဘောတရားရေးအတွေးအခေါ်ပညာရှင်များနဲ့ ဆေးသိပ္ပံပညာရှင်များကပင် ဟင်းခတ်မွှေး အပင်အရွက်တွေကို မီးရှို့ရှူရှိုက်တာတွေ၊ ၀ါးမြိုတာတွေက လူ့ ကျန်းမာရေးကိုအထောက်အကူပြုတာကြောင့် ဆေးဝါးအဖြစ် သုံးစွဲနိုင်တယ်ဆိုပြီး ယခင်ကငြင်းကြခုံကြတာတွေ ရှိခဲ့ပါတယ်။
ယနေ့ခေတ် ကမ္ဘာပေါ်မှာ နေ့စဉ် လူ ၂ သောင်းကျော်ဟာ ကင်ဆာရောဂါနဲ့ သေဆုံးနေရတယ်လို့ Global Health အဖွဲ့ရဲ့ ခန့်မှန်းတွက်ချက်မှုအရ သိရပါတယ်။
အမေရိကန်အစိုးရရဲ့ ကျန်းမာရေးသုတေသနအဖွဲ့က ဆေးခြောက်ပင်ရဲ့ အာနိသင်ထဲမှာ နိုးကြွစေတဲ့ ဓာတ်တမျိုး ပါဝင်နေပြီး အဲဒီဓာတ်က ဖျားနာမှုကိုဖြစ်ပေါ်စေတဲ့ ဆဲလ်များကို သုတ်သင်ပေးတာကြောင့် ဖျားနာတာကို ဟန့်တားပေးနိုင် သလို သွေးလှည့်ပတ်စီးဆင်းရာမှာ အရေးပါတဲ့ အခြားသွေးကြောမျှင်တွေ ရှင်သန်ဖို့လည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
ဆေးခြောက်ပင်ရဲ့ အာနိသင်အစွမ်းကို ကြွက်တွေနဲ့ စမ်းသပ်ချက်အရ ကင်ဆာဆဲလ်ကို နှိမ်နင်းပေးသလို အခြားဆဲလ်တွေ ကိုလည်း အကာအကွယ်ပေးတယ်လို့ သိရပါတယ်။
ဆေးခြောက်ပင်မှာ ပါဝင်တဲ့အရေးပါတဲ့ အာနိသင် ဓာတ်တမျိုးဖြစ်တဲ့ marijuana က အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ ရင်သားကင်ဆာနဲ့ အခြားကင်ဆာရောဂါ ဖြစ်စေတဲ့ ဆဲလ်နဲ့ ရောဂါကိုတိုက်ခိုက်ဖယ်ရှားပေးနိုင်တယ် လို့ ဆိုပါတယ်။
ဆေးခြောက်ပင်ကိုသုံးပြီးဓာတုကုထုံးနဲ့ ကုသရာမှာ ဘေးထွက်ဆိုးကျိုးမရှိဘဲ သုံးနိုင်တယ်လို့လည်း အဆိုပြု တင်ပြ ထားပါတယ်။
Ref:Mirror
ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို နှိမ်နှင်းနိုင်သည့် ဆေးခြောက်ပင်(photo-mirror)
ဧရာဝတီ
ဇန်နဝါရီ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ပါရမီ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသားတစ်ဦးသည် ဇန်နဝါရီ ၁၃ ရက် နံနက် ၅ နာရီခွဲက ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း မော်လမြိုင် မြို့မရဲစခန်းမှ သိရသည်။
သေဆုံးခဲ့သည့် ကျောင်းသားလေးသည် ပါရမီအထက်တန်းကျောင်းတွင် ကျောင်းအိပ်၊ ကျောင်းစား နေထိုင်သူ တစ်ဦးဖြစ်ပြီး ၎င်းသေဆုံးနေသည်ကို ကျောင်းသန့်ရှင်းရေး အလုပ်သမား ဒေါ်ခင်မာကြည်မှ တွေ့ရှိခဲ့သည်ဟု မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဦးအောင်သန်းမြင့်က ပြောသည်။
ပါရမီကျောင်းဝင်းအတွင်း ကျောင်းသားများနေထိုင်ရာ အဆောင်၏ အတက်အဆင်း လှေကားထုပ်တန်းပေါ်တွင် အလျား ရှစ်ပေခန့် ရှိသော စောင်ဖြင့် ကြိုးဆွဲချသေဆုံးနေသည်ဟု ယင်းရဲစခန်းမှတ်တမ်းအရ သိရသည်။
ထို့ပြင် သေဆုံးသူ ကျောင်းသားလေး၏ ဘယ်၊ ညာ လက်ကောက်ဝတ်နှင့် လည်ပင်းတို့တွင် ဘရိတ်ဓားဖြင့် လှီးဖြတ် ထားသည်ကို တွေ့ရှိခဲ့ရပြီး ၎င်းအိပ်ရာပေါ်တွင် လှီးဖြတ်ထားသည်ဟု ယူဆရသော သွေးစွန်းနေသည့် ဘရိတ်ဓား တစ်ချောင်းနှင့် သွေးများပေနေသည့် စောင်အား တွေ့ရှိခဲ့ကြောင်း ဒုရဲမှူး ဦးအောင်သန်းမြင့်က ပြောသည်။
ကျောင်းသားလေး၏ အလောင်းကို မော်လမြိုင် ပြည်သူ့ဆေရုံကြီးသို့ ပို့ဆောင်ထားပြီး၊ ထိုသေဆုံးမှုသည် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်း အမှတ်စဉ် (၂/ ၂၀၁၆) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Written by – ဇော်ထိုက်
Hinthar Media Corporation
http://www.hintharmedia.com
(ဓါတ်ပုံ အညွှန်း – ပါရမီကိုယ်ပိုင်အထက်ကျောင်းတွင် ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့သည်။)မော်လမြိုင်၊
သစ်ထူးလွင်
ထွန်းထွန်း
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အ.မ.က (၁) ငါးရှဉ့်ရိုး ကျောင်း၌ ပြုလုပ်သည့် ပညာရည်ချွန် ဆုပေးပွဲတွင် ဖျော်ဖြေနေကြသည့် ကလေးငယ်များ (ဓာတ်ပုံ – Zarni Tike/facebook )
ကျောင်းဆုပေးပွဲတွင် ကလေးငယ်များအား မလုံမခြုံ ဝတ်ဆင်စေကာ စင်ပေါ်တွင် ဖျော်ဖြေစေခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက် ဖေ့ဘွတ်စ်ပေါ်တွင် ပျံ့နှံနေမှုနှင့် ပတ်သက်ပြီး ထိုကျောင်းရှိ ဆရာ/ဆရာမများ အားလုံးကို မြို့နယ် ပညာရေးမှူးရုံးက ယနေ့နံနက်ပိုင်းတွင် ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် အ.မ.က (၁) ငါးရှဉ့်ရိုးကျောင်း၌ ဇန်န၀ါရီ ၁၄ ရက်တွင် ပြုလုပ်သည့် ပညာရည်ချွန်ဆုပေးပွဲတွင် ကလေးများအား အရွယ်ရောက် အမျိုးသမီးတဦးကဲ့သို့ ၀တ်ဆင်ကာ အလှမယ်အဖြစ် ယှဉ်ပြိုင်စေခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက် ဖေ့ဘွတ်စ်ပေါ်တွင် ပျံ့နှံခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်လာရာမှ ထိုကျောင်းရှိ ဆရာ၊ ဆရာများ အားလုံးကို ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အုတ်ဖိုမြို့နယ် ဒုတိယ ပညာရေးမှူး ဦးခင်မောင်ဝင်းက “ယောက်ျားလေးတွေကို မိန်းမလို လုပ်ထားပြီး ပြိုင်ပွဲလုပ်ကြတာပါ။ မိန်းကလေးတွေ မဟုတ်ပါဘူး။ ကျနော်တို့ ဒီနေ့ ခေါ်စစ်ပြီး တကျောင်းလုံးက ဆရာ၊ ဆရာမတွေကို နောင်ဒီလိုမလုပ်ဖို့ ၀န်ခံကတိ ထိုးခိုင်းခဲ့ပါတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ထိုကဲ့သို့ ၀တ်စားဆင်ယဉ်မှု ပုံစံသည် မြန်မာ့ယဉ်ကျေးမှုနှင့် လုံးဝကိုက်ညီမှု မရှိသည့်အတွက် မပြုလုပ်သင့်ကြောင်းနှင့် လူမှုကွန်ရက်ပေါ်တွင် ထိုဓာတ်ပုံများ ပျံ့နေမှသာ သိရခြင်းဖြစ်သည်ဟု မြို့ခံတဦးဖြစ်သည့် အုတ်ဖိုမြို့နယ် သန္ဓိသုခ လူမှုကူညီရေး အသင်းမှ ဦးသန်းနိုင်က ပြောသည်။
မြို့နယ်ပညာရေးမှူးရုံးက ယခုကဲ့သို့ဖြစ်ရပ်များ ထပ်မံပေါ်ပေါက် မလာစေရေးအတွက် ကျောင်းများရှိ အခမ်းအနားများကို ကြပ်မတ်သွားမည်ဖြစ်ကြောင်းနှင့် ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် သရုပ်ပျက်ပုံစံ ဖျော်ဖြေမှုများကို လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း ဒုတိယ ပညာရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
ရန်ကုန်အခြေစိုက် အစိုးရအထက်တန်းပြ ဆရာတဦးဖြစ်သည့် ဦးမင်းသက်အောင်က ကျောင်းသူ ကျောင်းသားများအား ယခုကဲ့သို့ ၀တ်ဆင်စေခြင်းသည် မလိုလားအပ်သည့် အတုယူမှားမှုနှင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်ကြောင်း၊ မိဘများအနေဖြင့် ယခုပုံစံမျိုးကို ခွင့်မပြုသင့်ကြောင်းနှင့် ပညာရေးဌာန တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ကိုင်တွယ်ရန် လိုအပ်သည်ဟု ဝေဖန်ပြောဆိုသည်
ဧရာဝတီ