ကဲ ကိုယ့်ချစ်သူကိုခေါ်ပြီး ရှော့ပင်းထွက်တတ်တဲ့ ကောင်မလေးတွေရေ ဟိုဟာဝယ်ချင်၊ ဒီဟာဝယ်ချင်နဲ့ ကောင်လေးကိုလက်ဆွဲပြီး ဟိုသွားဒီသွားနဲ့ ရှော့ပင်းမောထဲ နာရီအတော်ကြာ ပတ်တတ်ကြတာကို သတိပေးချင်တာပါ။
တရုတ်နိုင်ငံ ရှော့ပင်းမောတစ်ခုမှာ ဈေးဝယ်ထွက်လာတဲ့ စုံတွဲတစ်တွဲက ဈေးဝယ်ထွက်လာရင်း ငါးနာရီကျော်ကြာ ကောင်မလေးနောက် တစ် ကောက်ကောက်လိုက်ပြီး လမ်းပတ်လျှောက်နေရတာကို ချစ်သူကောင် လေးက ပင်ပန်းပြီး စိတ်ရှုပ်လာရာကနေ အိမ်ပြန်ဖို့ကောင်မလေးကိုတောင်း ဆိုခဲ့ရာကောင်မလေးက ငြင်းဆန်ကာ ဆက်လက်ဈေးဝယ်ယူနေခဲ့တာ ကြောင့် စိတ်ဆိုးပြီးဈေးဝယ်စင်တာရဲ့ အထပ်မြင့်ကနေ အောက်သို့ခုန်ချကာ သေဆုံးသွားခဲ့ပါတယ်။
ဈေးဆိုင်ပိုင်ရှင်တွေနဲ့ ဈေးဝယ်သူတွေရဲ့ မျက်မြင်သက်သေတွေအရ ကောင် လေးနဲ့ ကောင်မလေးတို့နှစ်ဦးသားက အချိန်အတော်ကြာဈေးဝယ်ထွက်လာ ရင်းကနေ တစ်ဦးနဲ့တစ်ဦး ဈေးဝယ်ဖို့ မဝယ်ဖို့အချင်းများစကားများကြပြီး ချစ်သူကောင်လေးက စိတ်ဆိုးဆိုးနဲ့ အထပ်မြင့်ကနေ ခုန်ချလိုက်ရာကနေမှ အခုလိုသေဆုံးသွားခဲ့ခြင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။
ယောက်ျားလေးတော်တော်များများက ဒီလိုမျိုး ကိုယ့်ကောင်မလေးဈေး ဝယ်ထွက်တဲ့ကိစ္စကို သိပ်ပြီးတော့ စိတ်မဝင်စားကြပါဘူး။ ချစ်လွန်းအား ကြီးတဲ့ ကောင်လေးတွေမို့လို့ပဲ ကိုယ့်ကောင်မလေး ရှော့ပင်း ထွက်တာကို အနောက်ကတကောက်ကောက်လိုက်ပြီး တစ်နာရီ၊ နှစ်နာရီကြာ အိပ်ဆွဲ အထုတ်ဆွဲ ကိစ္စတွေကို လိုက်လုပ်ပေးကြတာပါ။ ရှော့ပင်းထွက်ရင် အလွန် ဆုံးကြာ တစ်နာရီ၊ နှစ်နာရီပေါ့။
ဒီထက်ပိုပြီးကြာသွားရင် ခြေထောက်တွေ နာကျင်ပြီး အံ့သေတာမျိုးတွေကိုလည်း မိန်းကလေးတွေ ကိုယ်တိုင်လည်း ခံစားမိကြမှာပါ။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
No comments:
Post a Comment