Wednesday, 20 January 2016

ယောက်ျားချင်းတောင် မရှောင်နိုင်တော့တဲ့ခေတ်


 

ခေတ်ကြီးကိုက ယောက်ျားလေးအချင်းချင်း၊ မိန်းကလေးအချင်း ချင်းတောင် ကြောက်နေရတဲ့ခေတ်လို့ ပြောလို့ရနေပြီမို့လို့ အမြဲ သွားသတိ၊ လာသတိရှိကြဖို့ သတိပေးပါရစေ။ အရမ်းခင်မင်ရင်းနှီး ရပါတယ်ဆိုတဲ့ ယောက်ျားလေးသူငယ်ချင်းက အတင်းအဓမ္မပြုကျင့် လိုက်လို့ ထိုင်ဝမ်က အသက် ၂၂ နှစ်အရွယ် ကျောင်းသားကောင် လေးက အတွင်းလူနာအဖြစ်ဆေးရုံတက် ဆေးကုသမှုခံယူခဲ့ပါ တယ်။

အခင်းဖြစ်ပွားမှုမှာ အဆိုပါ ကျောင်းသားကောင်လေးက သူငယ်ချင်း  ဖြစ်သူနဲ့အတူ ပါတီတက်ပြီး မူးရူးသောက်စားပြီး နေအိမ်ပြန်လာတဲ့ အချိန် အသိစိတ်လွတ်သွားတဲ့ အခြေအနေမှာ သူ့သူငယ်ချင်းဖြစ် သူကအိမ်သာသို့ အတင်းခေါ်သွားပြီး သူ့ကို နမ်းရှုံ့ခြင်း၊ပွေ့ဖက်ခြင်း နဲ့ နောက်ဆုံးအမျိုးသား အချင်းချင်း လိင်ပိုင်းဆိုင်ရာအတင်းအ ကျပ် အဓမ္မပြုကျင့်ခြင်းတွေကို ပြုလုပ်ခဲ့တာပဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ဝင်စစ်ဆေးချက် အရသိရပါတယ်။

ထိုစဉ်မှာ သူက အရက်တွေအလွန်အကျွံသောက်လာတာကြောင့် ပြန်လည်တွန်းကန်ရုန်းထွက်ဖို့  အားအင်မရှိခဲ့ဘူးလို့လည်း အနိုင် ကျင့်ခံရတဲ့ကျောင်းသားက တရားရုံးတော်မှာ ထွက်ဆိုထားပါ တယ်။

အဆိုပါဖြစ်စဉ်အတွက် တရားခံဖြစ်သူနဲ့ တရားလိုတို့ရဲ့ ထွက်ဆိုချက်သက်သေတွေက မှန်ကန်မှုရှိတာကြောင့် လိင်အ ဓမ္မပြုကျင့်ခဲ့တဲ့ သူငယ်ချင်းကောင်လေးကို တရားရုံးတော်က ထောင်ဒဏ် ၁၀ လချက်မှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။ 

No comments:

Post a Comment