အိန္ဒိယမှာ စမူဆာစားမယ်ဆိုရင်တော့ အခွန်နှုန်းထား ခပ်ကြီးကြီးပေးပြီး စားရတော့မှာ ဖြစ်ပါတယ်။
အိန္ဒိယမှာ စမူဆာစားရင် အခွန်ဆောင်ဖို့ ပြည်နယ်ဝန်ကြီးချုပ် ကူးမားက ဥပဒေ တင်သွင်းလိုက်ပါတယ်။ လဘက်ရည်ဆိုင်တွေမှာ အလွယ်တကူရနိုင်တဲ့ စမူဆာကို တန်ဖိုးကြီးအစားအသောက်စာရင်းထဲ ထည့်သွင်းလိုက်ပြီးနောက် အခွန်ဆောင်ဖို့ နှုန်းထား သတ်မှတ်လိုက်ပါတယ်။
အခွန်ဥပဒေကို အတည်ပြုပြီးသွားရင် သရေစာတွေဖြစ်တဲ့ စမူဆာ၊ ဘဲသားမုန့် စတဲ့ မုန့်တွေအတွက် အခွန် ၁၃.၅ ရာခိုင်နှုန်းဆောင်ရတော့မှာပါ။ အသားသို့မဟုတ် ချိစ်နဲ့လုပ်ထားတဲ့ မုန့်တွေ ပါဝင်ပါတယ်။ ဒီလို အခွန်နှုန်းထားမျိုး ရှိတဲ့ ကုန်ပစ္စည်းတွေက အလှကုန်၊ ရေမွှေးနဲ့ ဆံပင်လိမ်းဆီတွေပါ။
မကြာသေးခင်က လုပ်ခဲ့ကြတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဒီဥပဒေကြမ်းအပါအဝင် ဥပေဒကြမ်း ၂၃ ခုတင်သွင်းခဲ့တာဖြစ်ပါတယ်။
Credit: duwun
No comments:
Post a Comment