Saturday, 10 June 2017
03B
ရန်ကုန် ဇွန် ၁၀
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဟာ ပိုမို အားကောင်း လာနေပြီး၊ ယနေ ဇွန် ၁၀ ရက့် ညနေပိုင်းတွင် မုန်တိုင်းငယ်တစ်ခု အဖြစ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ အများဆုံးလေတိုက်နှုန်းမှာ 35 mph ခန့်ရှိပါတယ်။
မုန်တိုင်းငယ်ဟာ မြောက်အရှေ့စူးစူး (North-northeastwards) သို့ဦးတည်ရွေ့လျှားနိုင်ပြီး၊ (၁၂-၆-၂၀၁၇)ရက် နံနက်ပိုင်းတွင် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီး ကမ်းခြေကို ဖြတ်ကျော်ဝင် ရောက်မယ်လို့ခန့်မှန်းရပါတယ်။ အများဆုံးလေတိုက်နှုန်း တစ်နာရီမိုင်(၄၀)ခန့်နှုန်းကို (၁၁-၆-၂၀၁၇)ရက် ညနေပိုင်းမှာ စတင်တိုက် ခတ်နိုင်ပါတယ်။
Credit - ဒေါက်တာထွန်းလွင် (MCCW)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment