Tuesday, 27 June 2017
ထူးအယ်လင်း နဲ့ ကော်ဘရာ တို့ရဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ကော်ဘရာ ဇနီး ခင်မဉ္ဇူ ခိုင်ပြန်လည်ဖြေရှင်း
ညကဖြစ်သွားတဲ့ထူးအယ်လင်းနဲ့ ကော်ဘရာ ရဲ့ဖြစ်စဉ်အကြောင်းအရာနဲ့ပတ်သတ်ပြီး Cobra ရဲ့ဇနီးဖြစ်သူက အခုလိုပဲရှင်းလင်းခဲ့ပါတယ်။”မေးနေကြလို့ ဖုန်းနဲ့ဖြေနေ ရေးနေရတာမောလို့ ဒီကပဲရှင်းပြတော့မယ်.. သွားတုန်းက တူတူသွားစားသောက်ကြတာ မိသားစုလိုက်.. ကိုအယ်ကြီးက မူးနေလို့ မိသားစုပါလို့ ကားမောင်းမှာ စိတ်မချလို့ ကော်ဘရာ ကလိုက်မောင်းပေးပြီး သူ့မိသားစုကို မြလေးကခေါ်ပြီး နောက်ကားနဲ့လိုက်တယ်. သူတို့ကရှေ့ကထွက်သွားတယ်. လမ်းရောက်တော့ ကိုအယ်ကပြောင်းမောင်းပြီး အငှားကား တစီးနဲ့ညှိုတယ်. ကိုအယ်မူးနေတော့ ကားပိတ်ရပ် ဆင်းထိုးတယ် ကော်ဘရာက လိုက်ဆွဲတောင်းပန်တယ်. ရဲတွေရောက်လာပြီး ခေါ်သွားတယ်. အခုအချုပ်ရောက်နေတယ် ဒါပဲ.. ကိုယ်တွေသားအမိ အိမ်ပြန်လာပြီး အိပ်ပြီ.. စိတ်ပူကြသူများ မပူပါနဲ့.. ကော်ဘရာ ဘာမှမလုပ်ထားတော့ ဘာမှ ကြီးကြီးကျယ်ကျယ်မဖြစ်ပါဘူး”လို့သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာထက်မှာရေးသားခဲ့ပါတယ်။
credit
Subscribe to:
Post Comments (Atom)

No comments:
Post a Comment