Thursday, 22 June 2017

ယောက်ျားလေးတွေလိင်အင်္ဂါထိပ်ကအရေပြားကိုဖြတ်သင့်လား?

ယောက်ျားလေးတွေမှာ တစ်ခါတစ်ရံ ဒီအတွေးကဝင်တတ်ပါတယ်။ ထိပ်ကအရေပြားနဲ့ပင်မ အထဲကလိင်အင်္ဂါနဲ့မပြတ်သေးတဲ့ အခါစိုးရိမ်စိတ်ဝင်တတ်ကြပါတယ်။ မြန်မာတွေအချို့က လည်း ဒါဟာ ကုလားတွေလုပ်တဲ့အရာဆိုပြီး ထင်နေတတ်ကြပါတယ်။တကယ်တော့ ဒါဟာအနောက်တိုင်းမှာ Circumcised လုပ်ထားတယ်လို့ အင်္ဂလိပ်လိုခေါ်ပါ တယ်။ အနောက်တိုင်းကလူတော်တော်များများကတော့ လုပ်ထားလေ့ရှိကြပါတယ်။ လုပ်သင့် လား၊မလုပ်သင့်လားမပြောခင် တစ်ခုချင်းစီရဲ့ကောင်းကျိုး၊ ဆိုးကျိုးလေးတွေကို အရင်ယှဉ်ကြည့် ရအောင်ပါ။ ပုံသဏ္ဍန်ကွာခြားမှုဖြတ်ပြီးသားသူတွေကတော့ အလည်ကဝင်ရိုးနဲ့အရေပြားနဲ့ တွယ်ကပ်ခြင်းရှိတော့မှာမဟုတ်ပါ။အရေပြား မဖြတ်ရသေးသူများမှာတော့ အလည်ကပင်မဝင်ရိုးခေါင်းနဲ့ အပေါ်ကအရည်ခွံဟာ တွဲ ကပ်နေအုံးမှာပါ။http://www.shwemom.com/what-is-the-ideal-penis-size/ကျန်းမာရေး ရှုထောင့်အရေပြားမဖြတ်ရသေးသူများကတော့ ဘက်တီးရီးယားတွေ ဝင်လွယ်ပါတယ်။ အရေပြားဟာ လိင်တံကိုဖုံးနေတတ်တာမို့ ထိုနေရာကို အထူးသန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။အရေပြားဖြတ်ပြီးသားသူတွေကတော့ ကျန်းမာရေးရှုထောင့်အရ ဘက်တီးယားတွယ်ကပ်ခြင်း နည်းပါးတတ်ပါတယ်။အရေပြားဖြတ်ထားသူများနဲ့ မဖြတ်ထားသူများကြားမှာ ထူးခြားမှုရှိလားလို့ အမျိုးသမီးများစွာကို စစ်တမ်းကောက်ယူခဲ့ရာမှာတော့ ထူးထူးခြားခြား ခြားနားမှုမရှိဘူးလို့ဆိုပါတယ်။ အချို့အမျိုးသမီး များက အရေပြားဖြတ်ထားသူကိုနည်းနည်းပိုသဘောကျပြီး အချို့ကတော့ အရေပြားမဖြတ်ထား သူကိုသဘောကျပါတယ်။ ဒါပေမယ့် အများစုကတော့ အရေပြားဖြတ်ထားခြင်း မဖြတ်ထားခြင်းက ပြဿနာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါ့ကြောင့် Shwemom ယောက်ျားလေး ပရိတ်သတ်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး မတင်မကျဖြစ်နေ သူတွေရှိရင် စိတ်ထဲမထားသင့်တဲ့ ကိစ္စလို့အကြံပေးပါရစေ။ ဒါပေမယ့် မိမိရဲ့လိင်အင်္ဂါကို ရေချိုးတိုင်း သန့်ရှင်းရေးလုပ်ဖို့တော့အရမ်းအရေးကြီးပါတယ်။http://www.shwemom.com/things-you-do-not-know-about-orgasm/

No comments:

Post a Comment