Saturday, 24 June 2017
ပြောမပြဘူး အသေသတ်ပစ်လိုက်
တစ်ညမှာ ကိုဖြိုးဟာ ဘုန်းကြီးကျောင်းတစ်ခုရဲ့ရှေ့မှာ ကားပျက်ပါလေရော။ အဲဒါနဲ့ သူလည်း ဘုန်းကြီးကျောင်းထဲဝင်ပြီး ဘုန်းကြီးကို အကူအညီတောင်းတယ်။
“အရှင်ဘုရား… တပည့်တော် ကားပျက်သွားလို့ တစ်ညလောက်တည်းခိုခွင့်ပေးပါ” လို့လျှောက်တာပေါ့။ ဘုန်းကြီးကလည်း ရပါတယ်။ အိပ်ပါ ဒကာပေါ့။
ညသန်းခေါင်လောက်ကျ ကိုဖြိုးအိပ်နေတုန်း ကျောင်းထဲက ထူးဆန်းတဲ့ အသံတွေ ကြားရတယ်။ မနက်ရောက်တော့ ကိုဖြိုး ဘုန်းကြီးကိုမေးတယ်။ ညတုန်းက သူကြားရတာဘာသံတွေလဲ ပေါ့။ ဘုန်းကြီးကပြောတယ်။ အဲဒီ့အသံတွေအကြောင်း ဒကာ့ကို ရှင်းမပြနိုင်ဘူး။ ဘာလို့လဲ ဆိုတော့ ဒကာက ဘုန်းကြီးမဟုတ်လို့တဲ့။ကိုဖြိုးလည်း စိတ်ညစ်ညစ်နဲ့ပဲ ကားပြင်ပြီး သူ့ခရီးသူဆက်သွားတယ်။နှစ်အနည်းငယ်ကြာတော့… အဲဒီ့ဘုန်းကြီးကျောင်းရှေ့မှာပဲ
ကိုဖြိုးကားထပ်ပျက်ပြန်တယ်။ အဲဒီလိုပဲ ကားပျက်လို့ အကူအညီတောင်းပြန်တော့ ကိုဖြိုး အိပ်စက်တည်းခိုခွင့် ရပြန်တယ်။ညသန်းခေါင်အချိန် ၁၂ နာရီ အတိရောက်တော့ ထူးဆန်းတဲ့အသံတွေ ကိုဖြိုးကြားရပြန်တယ်။ ရွတ်ဖတ်သံတွေ ၊ အော်သံနက်ကြီးတွေ လိုမျိုးပဲ။ မနက်ရောက်တော့ ကိုဖြိုး ဘုန်းကြီးကိုမေးတယ်။ ညက ဘာသံတွေလဲပေါ့။မင်းက ဘုန်းကြီး မဟုတ်လို့ အဲဒီ့အသံတွေ အကြောင်း ငါတို့ မင်းကို မပြောနိုင်ဘူးလို့ ဘုန်းကြီးကပြောပြန်တယ်။ ဒါပေမယ့် အဲဒီ့အချိန်မှာ ကိုဖြိုးက သေလောက်အောင် သိချင်နေပြီ။
အဲဒါကြောင့် သူအဲဒီကျောင်းမှာ ဘုန်းကြီးဝတ်ချင်ပါတယ်လို့
လျှောက်လိုက်တယ်။ငါတို့ကျောင်းမှာ ဘုန်းကြီးဝတ်ချင်တယ်ဆို မြန်မာတစ်နိုင်ငံလုံးက ဘုရား၊စေတီပုထိုးတိုင်းကို ကြီးသည်ငယ်သည်မဆို ဖူးပြီးမှ ရမယ်လို့ ဘုန်းကြီးက မိန့်တယ်။ ဒါနဲ့ ကိုဖြိုးလည်း မြန်မာတစ်နိုင်ငံလုံး မြို့တိုင်း၊ ရွာငယ်တိုင်း ဘုရားတိုင်းကို ၁၀ နှစ်တိုင်တိုင်လိုက်လံ ဖူးမျှော်တယ်။အားလုံးကို ဖူးပြီးတော့ ဘုန်းကြီး ကလည်း ကိုဖြိုး ကို သူတို့ကျောင်းမှာ ဘုန်းကြီးပေးဝတ်လိုက်တယ်။ ညရောက်တော့
ထူးဆန်းတဲ့အသံတွေ ကိုဖြိုးကြားရပြန်တယ်။ အဲဒါနဲ့ ကိုဖြိုးညတွင်းချင်းပဲ ဘုန်းကြီးဆီသွားပြီး အသံတွေထွက်ပေါ်လာတဲ့ နေရာဆီ လိုက်ပို့ပေးဖို့ လျှောက်တယ်။သူလည်း ဘုန်းကြီးဖြစ်နေပြီလေ။ဘုန်းကြီးလည်းကိုဖြိုးကို အခန်းတစ်ခုဆီ ခေါ်သွားတယ်။
အဲဒီ့အခန်းထဲမှာ မြေအောက်ခန်းတစ်ခုရှိတယ်။ အဲဒီမြေအောက်ခန်းသော့ကို ဘုန်းကြီးက ကိုဖြိုးဆီ ပစ်ပေးလိုက်တယ်။ ကိုဖြိုးလည်း မြေအောက်ခန်းထဲဆင်းသွားတယ်။အဲဒီ့မြေအောက်ခန်းထဲမှာ နောက်ထပ် မြေအောက်ခန်းငယ်တစ်ခုရှိနေပြန်တယ်။ ကိုဖြိုးအဲဒီ့မြေအောက်ခန်းငယ်ထဲ ထပ်ဆင်းသွားပြန်တယ်။
မြေအောက်ခန်းငယ်ထဲမှာတော့ တံခါးတစ်ချပ်ကို တွေ့တယ်။
တံခါးလက်ကိုင်က နဂါးနှစ်ကောင်ရစ်ပတ်နေပုံနဲ့။ တံခါးမှာလည်း
ဘီလူးရုပ်တွေ အပြည့်ထုထားတယ်။ အဲဒီ့တံခါးကို တွန်းဖွင့်ဝင်သွားတော့ လင်းထိန်နေတဲ့ အခန်းကြီးထဲ ကိုဖြိုးရောက်သွားတယ်။ အဲဒီထဲက အသံတွေထွက်လာနေတာပဲ။နောက်ဆုံးတော့ ကိုဖြိုးတစ်ယောက် အသံတွေထွက်လာတဲ့အကြောင်းရင်းကို သိသွားရလို့ အရမ်းပျော်သွားတယ်။ဒါပေမယ့်
အခုဒီစာကိုဖတ်နေတဲ့ခင်ဗျားတို့က
ဘုန်းကြီးမဟုတ်တဲ့အတွက်
ဘာသံတွေလဲဆိုတာ
ကိုဖြိုးက ပြန်ပြောမပြနိုင်ပြန်ဘူးတဲ့ဗျာ။
တော်သေးပြီ
Cd
တောကဦးဇင်း (သပြေကုန်း)http://www.searchmyanmar.com/click/search/domain/facebook.com
Subscribe to:
Post Comments (Atom)

No comments:
Post a Comment