Wednesday, 14 June 2017
အဖြေပေါ်သွားခဲ့တဲ့ ပြင်သစ်နိုင်ငံ က သရဲဆိုင်ကယ်
ပြင်သစ်နိုင်ငံ မြို့တစ်မြို့ရှိ ကားလမ်းမပေါ်မှာ အံသြဆန်းကြယ်စဖွယ် မော်တော်ဆိုင်ကယ်တစ်စီးဟာ စီးနှင်းနေသူမပါပဲ ဆိုင်ကယ်ချည်းသက်သက် ရွှေ့လျားနေလို့ မျက်မြင်တွေ့ရှိခဲ့သူများနဲ့ အင်တာနက် ခေပ်ါကနေ တွေ့ရှိခဲ့သူများက သရဲဆိုင်ကယ်လို့ သတ်မှတ်နေကြလျက် ရှိနေပါတယ်။ဒီဖြစ်ရပ်ကို ဗီဒီယို ရိုက်ကူးပြီး ပြင်သစ်သတင်းစာ Le Parisien ကနေ ဖော်ပြခဲ့ပြီးနောက် အင်တာနက် ပေါ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ရပါတယ်။ ဒီ ဗီဒီယို ထဲမှာ မော်တော်ဆိုင်ကယ် တစ်စီးဟာ မောင်းနှင်နေသူ လုံးဝမပါဝင်ပဲ မိုင်တော်တော်များများကို ရွှေ့လျားနေခဲ့တာပဲဖြစ်ပါတယ်။ အံသြတုန်လှုပ်စရာကောင်းတဲ့ ဆိုင်ကယ် ရဲ့ရွှေ့လျားမှုကြောင့် ဒီ ဗီဒီယို ကို ဝင်ရောက်ကြည့်ရှုသူဦးရေဟာ အချိန်တိုလေးအတွင်းမှာပဲ များပြားလာခဲ့ရပါတယ်။ ကြည့်ပြီးသူတိုင်းကလည်း ဒါဟာ လူတွေမမြင်နိုင်တဲ့ ပရလောကသားတစ်ဦးဦးက ဆိုင်ကယ်ကို ပူးကပ်ပြီး မောင်းနှင်နေတာဖြစ်မယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ဒါပေမယ့် ဒီဖြစ်ရပ်ရဲ့ တကယ့်အဖြေမှန်ကတော့ လူတွေထင်နေကြသလိုမျိုးနဲ့ ကွဲလွဲနေပါတယ်။ လူတွေက သရဲဆိုင်ကယ်လို့ သတ်မှတ်နေခဲ့ကြတဲ့ ဆိုင်ကယ် ဟာ တကယ်တော့ မောင်းနှင်သူပါဝင်လာပြီး ဆိုင်ကယ်နဲ့ အခြားယာဉ်တစ်စီးနဲ့ တိုက်မိသွားခဲ့တာကြောင့် ဆိုင်ကယ် မောင်းသူက လမ်းပေါ်ပြုတ်ကျသွားခဲ့ပြီး ဆိုင်ကယ်ကတော့ သူ့အရှိန်နဲ့ လမ်းပေါ်မှာ အလိုလိုမောင်းနှင်သွားခဲ့တာပဲဖြစ်ပါဆယ်။ဒီယာဉ်မတော်တဆမှုကြောင့် သရဲဆိုင်ကယ် ရဲ့ ပိုင်ရှင် ဟာ လက်မောင်း ကို ထိခိုက်မိသွားရပြီး နီးစပ်ရာ ဆေးရုံတစ်ခုကို မသွားခင်မှာ သူရဲ့ဆိုင်ကယ် ကို လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ရှိခဲ့ပါဘူး။ ဒီ သရဲဆိုင်ကယ် ကို ယာဉ်တိုက်မှုဖြစ်ပြီး ရက်အနည်းငယ်ကြာမှသာ ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ။http://www.thithtoolwin.com/
Subscribe to:
Post Comments (Atom)

No comments:
Post a Comment