အထူးအဆန်း Coc ဆိုတာ ကျွန်တော်တို့နိုင်ငံမှာလည်း အတော်လေးခေတ်စားနေတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Coc အကြောင့် အလုပ်ထုတ်ခံရတဲ့ သတင်းတွေတော့ မကြာခဏကြားဖူးပေမယ့် သတ်သေတဲ့အထိ ဖြစ်ခဲ့တဲ့ သတင်းက ဒါပထဦးဆုံးပါ။ ဖိလစ်ပိုင်တောင်ပိုင်း Davao မြို့က လူငယ်လေးတစ်ဦးဟာ သူ့ရဲ့လည်ပင်းကို ကိုယ်တိုင်ဓားနဲ့လှီးပြီး ကြမ်းပြင်ပေါ်လဲနေခဲ့ပါတယ်။ သွေးအိုင်ထဲမှာလဲနေတဲ့ကောင်လေးကို လူတွေတွေ့ခဲ့ပြီး ဖိလစ်ပိုင် ကျန်းမာရေးစင်တာ SPMC ကိုပို့ဆောင်ခဲ့ပါတယ်။ ဒီအဖြစ်ဟာ game တစ်ပွဲရှုံးတာကနေ အစပြုခဲ့ ပါတယ်။ ကောင်လေးဟာ ကျောင်းကိုမသွားတော့တဲ့အပြင် သူ့ကြောင့်ရှုံးသွားရတယ်ဆိုကာ clan တစ်သင်းတည်း သူငယ်ချင်းတွေနဲ့လည်းရန်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်တော့ အခုလို ကိုယ့်ကိုကိုယ် သတ်သေဖို့  ကြံစည်ခဲ့တာပဲဖြစ်ပါတယ်။ အချိန်မီကုသနိုင်ခဲ့တဲ့အတွက် ကောင်လေးဟာ အခုချိန်မှာတော့ စိတ်ချရတဲ့အခြေအနေမှာရှိနေပါပြီ။ မိတ်ဆွေတို့လည်း ဂိမ်းဆော့တဲ့အခါ ဂိမ်းကိုဂိမ်းလို့ပဲ မြင်ပြီး စိတ်ထိန်းနိုင်ကြပါစေဗျာ :) #OMG Myanmar
Monday, 22 February 2016
Wednesday, 17 February 2016
မိန်းမအစစ် မဟုတ်သောကြောင့် မင်္ဂလာဆောင်လို့ မရဘူးဟုဆိုသည့် မိတ်ကပ် ခင်စန်းဝင်း
by Zay Thu on Wed, 02/17/2016 -
လူမှုကွန်ရက် စာမျက်နှာများတွင် မင်္ဂလာဆောင်ရန် ခန်းဝင်ပစ္စည်း ၀ယ်ယူကြောင်း ဓာတ်ပုံများကို တင်ခဲ့ပြီးနောက် မကြီးစန်း မင်္ဂလာဆောင်တော့မည်ဟု သတင်းကြီးခဲ့သည်။
သို့သော် မိတ်ကပ်ခင်စန်းဝင်းက ယင်းကိစ္စအား ငြင်းဆန်ခဲ့ပြီး အမျိုးသမီး အစစ်တစ်ယောက် မဟုတ်သောကြောင့် မင်္ဂလာဆောင်၍ မရကြောင်း ၄င်းက ပြောသည်။
“မကြီးစန်း ချစ်တဲ့ပရိသတ်တွေနဲ့ မကြီးစန်းအကြောင်းကို စိတ်ဝင်စားကြတဲ့ Fanတွေရှိတယ်။ တစ်ခါတလေ မကြီးစန်းပွဲတက်လို့ ဓာတ်ပုံရိုက်ပြီး တင်တဲ့အခါမျိုးတွေရှိသလို ပွဲမရှိဘဲ အလုပ်အားတဲ့ရက် ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ဈေးဝယ်တာမျိုးတွေ ရှိပါတယ်။ ကိုယ့်ရဲ့ Fanတွေနဲ့ Facebook Friendတွေ ပျော်စေချင်တဲ့ သဘောနဲ့ ဒီပုံကိုတင်ရခြင်း ဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။
ခင်စန်းဝင်း၏ Facebookပေါ်တွင် တင်ခဲ့သည့် မော်ဒယ်ကောင်လေးအား လက်တွဲဖော်အဖြစ် ရွေးချယ်ဆုံးဖြတ်တော့မည့် ကိစ္စနှင့်ပတ်သက်၍ ဆက်လက် မေးမြန်းခဲ့ရာ “မကြီးစန်းတို့က မိန်းမအစစ် မဟုတ်တော့ မင်္ဂလာဆောင်လို့ မရဘူး။ ဒါကတော့ သဘာဝပဲလေ။ မော်ဒယ် ယောက်ျားလေးနဲ့ ဓာတ်ပုံရိုက်
ထားတဲ့ ကိစ္စကတော့ ဘာမှမဆိုင်ပါဘူး။ ဒီမော်ဒယ်ကောင်လေးက မိန်းကလေး အားလုံးနဲ့ တွဲရိုက်ပြီးတော့လည်း တင်ကြပါတယ်။ မကြီးစန်း တွဲရိုက်တယ်ဆိုတာက သူကကိုယ့်လည်းခင်လို့၊ ကိုယ်ကလည်း သူ့ကိုခင်တဲ့အနေနဲ့ တွဲရိုက်ရခြင်း ဖြစ်ပါတယ်”ဟု ၄င်းက ထပ်မံပြောကြားခဲ့သည်။
မိတ်ကပ်ပညာရှင် ခင်စန်းဝင်းသည် ဇန်န၀ါရီ ၈ရက်နေ့တွင် မြန်မာနိုင်ငံ၌ အကြီးမားဆုံး ဖက်ရှင်ရှိုးပွဲကို Gadamar Whole Saleတွင် ကျင်းပပြုလုပ်ခဲ့ပြီး မင်္ဂလာပွဲများတွင် မိတ်ကပ်လိမ်းပေး ဖြစ်နေကြောင်း သိရပြီး ယခုနှစ်မေလထဲတွင် သူ၏ ရုပ်ရှင်ကားတစ်ကားရိုက်ရန် ရှိသေးကြောင်း ၄င်းက ဆက်လက်ပြောကြားသွားခဲ့သည်။
ဇင်မင်း
Tommorrw Journal
Monday, 15 February 2016
ရေတံခွန်က ခုန်ချလို့မသေ လိမ္မော်ခွံနင်းပြီး ချောလဲလို့သေရသူ
Bobby Leach လို့ အမည်ရတဲ့ ပုဂ္ဂိုလ်မှာ အမေရိကန်မှာ အမြင့်ဆုံး ရေတံခွန် စာရင်းဝင်တဲ့ Niagara Falls ကနေ ခုန်ချတဲ့ ကမ္ဘာ့ ဒုတိယမြောက် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့အရှေ့မှာ ၁၉၀၀ ကျော်က အမျိုးသမီး ခုန်ချခဲ့ဖူးပြီး သူကတော့ ၁၉၁၁ ခုနှစ် ဇူလိုင်လမှာ စွန့်စားခဲ့သူ ဖြစ်ပါတယ်။
ဘာ အကာအရံ ပစ္စည်းမှ မပါပဲ ခုန်ချတာတော့ မဟုတ်ပါဘူး။ ပုံမှာ မြင်တွေ့နေရတဲ့ စည်ပိုင်းကြီးထဲ ဝင်လို့ ခုန်ချခြင်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှ အရိုးများ ကျိုးပြီး ဆေးရုံမှာ ခြောက်လနေထိုင် ကုန်သမှု ခံယူခဲ့ရ ပါတယ်။ သူဟာ Circus တွေမှာ စတန့် Performer တစ်ဦးလည်း ဖြစ်ပါတယ်။ စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးဖြစ်ပေမယ့် စွန့်စားရတာ ဝါသနာ ပါသူ တစ်ဦးမို့ ဖြစ်ပါတယ်။ ရေတံခွန်ကနေ ခုန်ချပြီးတော့ အခြားသော စွန့်စားမှုပေါင်း များစွာကိုလည်း ဆက်တိုက် ပြုလုပ်ပါတယ်။ အောင်မြင်မှုများ ရှိသလို ကျရှုံးမှုများလည်း ရှိပါတယ်။ အသက် အန္တရာယ်နဲ့ နီးတဲ့ လုပ်ဆောင်ချက်များချည်း ပြုလုပ်ပါတယ်။
၁၉၂၆ ခုနှစ်မှာ သူဟာ နယူးဇီလန်ကို ခရီးသွားပြီး အပျော်ခရီး အေးအေးချမ်းချမ်းသွားတဲ့အချိန် လိမ္မောခွံ တက်နင်းမိလို့ ချော်လဲပါတယ်။ ခြေမနဲ့ ခြေသန်းတွေမှာ ဒဏ်ရာအနည်းငယ်သာ ရပေမယ့် ရောဂါပိုး ဝင်သွားပါတယ်။ ယင်း ပိုးက ခြေထောက်ကို ဖျက်ပစ်စေတဲ့အထိ ဆိုးရွားပြီး နောက်ဆုံးတော့ ဝမ်းနည်းစွာပဲ အသက်ပေးခဲ့ရပါတယ်။
ဒါကြောင့်မို့ Bobby ဟာ စွန့်စားမှုတုန်းက မသေပဲ လိမ္မော်ခွံနဲ့မှ သေရတာကြောင့် လူပြောများတဲ့ ဖြစ်ရပ် ဖြစ်ခဲ့ ပါတယ်။
www.yoyarlay.com
Saturday, 13 February 2016
ဘက်ထရီမျိုချမိတဲ့ ကလေးငယ် လည်ပင်းတစ်ခုလုံးပျက်စီး
===================
===================
လိုဂန် စတစ်ဖ် ဆိုတဲ့ ၂ နှစ်သားလေးဟာ ဘက်ထရီကို မျိုချလိုက်တာကြောင့် သူ့ရဲ့လည်ပင်းဟာ အစာစားလို့မရတော့လောက်အောင် ပျက်စီးသွားခဲ့ရပါတယ်။ ရီမုတ်ကွန်ထရိုးထဲက ကြယ်သီးပုံ ဘက်ထရီလေးကို သကြားလုံးအမှတ်နဲ့ မျိုချလိုက်တာပါ။
ဒီဖြစ်ရပ်ကြောင့် လိုဂန်လေးဟာ ဆေးရုံပေါ်မှာ သီတင်းပတ် သုံးပတ် နေခဲ့ရပြီး အရေးပေါ် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ပျက်စီးသွားတဲ့လည်ပင်းကို ကုသနိုင်ဖို့ ခွဲစိတ်မှုပေါင်းများစွာကိုလည်း ပြုလုပ်ခဲ့ရပါတယ်။ လိုဂန်ရဲ့လည်ပင်းဟာ ကုသမှုပေါင်းများစွာ ခံယူပြီးတာတောင်မှ အစာစားလို့မရတော့ပါဘူး။
ပိုက်တွေကတစ်ဆင့်ပဲ အစာကိုသွင်းပေးနေရတာပါ။ ဒါ့ပြင် လည်ပင်းထဲက အစာရေမျိုပြွန်ကိုလည်း ကောင်းမွန်လာအောင် ပုံမှန်ကုသမှုတွေကိုလည်း ဆက်လက်ခံယူနေရမှာဖြစ်ပါတယ်။
လီသီယမ် ဘက်ထရီတွေဟာ ခံတွင်းထဲက သွားရည်တွေ၊ တံတွေးတွေနဲ့ ထိတွေ့တဲ့အခါ ဓာတ်ပြုမှု ဖြစ်ပေါ်လာပြီး ကော့စတစ်ဆိုဒါ ဖြစ်ပေါ်လာစေပါတယ်။ ကော့စတစ်ဆိုဒါဟာ ဆပ်ပြာမှုန့် ပြုလုပ်တဲ့အခါ အသုံးပြုရတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး နူးညံ့တဲ့အသားအရေကို လောင်ကျွမ်းပျက်စီးစေနိုင်ပါတယ်။
Source : Mail Online
============
Duwun
Thursday, 11 February 2016
အမျိုးသမီးတွေကိုစစ်တမ်းကောက်ယူပြီး အများစုရွေးချယ်ခဲ့တဲ့စံလိင်အင်္ဂါအရွယ်အစား
(၁၈နှစ်ပြည့်မှဖတ်ပါ)
မိမိရဲ့အင်္ဂါအရွယ်အစား သေးငယ်နေလို့ ယောင်္ကျားမပီသ သလိုခံစားရပြီး အားမလိုအားမရဖြစ်ကာ စိတ်ထဲမှာ စနိုးစနောင့်
ဖြစ်နေပါသလား … ?။ ဒါဟာလည်း တစ်ချို့အိမ်ထောင်သည် ယောက်ျားတွေ အပြင် ယောင်္ကျားလေးတော်တော်များများ
သိပ်ပြီး ကြောင့်ကြတတ်တဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။
အများစုက အမျိုးသမီးတွေဟာ အင်္ဂါအရွယ်အစား ကြီးမားခြင်းကို လိုချင်တောင့်တယ်လို့ ကောက်ချက်ချပြီး ကိုယ့်ရဲ့ လက်
ရှိ အင်္ဂါအရွယ်အစားအပေါ် ကျေနပ်မှု မရှိတတ်ကြပါဘူး။ ဟော အခုအချိန်မှာတော့ University of New Mexico နဲ့ the
University of California တို့ကနေ သူတို့ သုတေသနပြုလုပ်ထားတဲ့အချက်အလတ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ မြေပြင်
ကွင်းဆင်းလေ့လာမှုအရ သုတေသနပညာရှင်တွေဟာ 3D အမျိုးသားအင်္ဂါပုံစံများကို အမျိုးသမီးများအား ပြသပြီး မိမိတို့
ကြိုက်နှစ်သက်ရာ အရွယ်အစားကို ရွေးချယ်စေခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ သုတေသနအစီအစဉ်မှာ ကယ်လီဖိုးနီးယာဒေသခံ အမျိုးသမီး 75 ယောက်အထိ ပါဝင်ခဲ့ပြီး အသက်အားဖြင့်
18နှစ်မှ 65 နှစ်အရွယ်ရှိ အမျိုးသမီးတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအမျိုးသမီး အသီးသီးကလည်း လိင်ပိုင်းဆိုင်ရာ
အတွေ့အကြုံ ရှိထားကြသူများ ဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးတွေကို အမျိုးသားအင်္ဂါပုံစံ 33 မျိုးအထိ ပြသခဲ့တယ်လို့ သိ
ရပါတယ်။ အဆိုပါ အင်္ဂါများ၏ အရှည် အရွယ်အစားများမှာ 4.0 လက်မမှ 8.5 လက်မအထိ၊ လုံးပတ်အရွယ်အစားမှာ
လည်း 2.5 လက်မမှ 7.0 လက်မအထိ စီစဉ်ပြသားထားပြီး ကြိုက်နှစ်သက်ရာကို ရွေးချယ်စေပါတယ်။
အဆိုပါ ရွေးချယ်မှုမှာ နှစ်မျိုးရှိပြီး ရေရှည်နှစ်သက်တဲ့ အရွယ်အစားနဲ့ တစ်ညတာ နှစ်သက်တဲ့ အရွယ်အစားကို ရွေးချယ်
စေတယ်လို့ သိရပါတယ်။ အဲဒီ သုတေသနမှာတော့ အမျိုးသမီးအများစုဟာ ရေရှည်ရွေးချယ်မှုအဖြစ် ပျမ်းမျှအရှည်ဖြစ်
သည့် 6.3 လက်မနဲ့ လုံးပတ်အရွယ်အစား 4.8 လက်မကို ရွေးချယ်ခဲ့ပါတယ်။
တစ်ညတာ ပျော်ရွှင်မှုအတွက် ရွေးချယ်မှုအဖြစ်ကိုတော့ အရှည်အရွယ်အစား 6.4 လက်မနဲ့ လုံးပတ်အရွယ်အစား 5
လက်မကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ “ အမျိုးသမီးအများစုကတော့ ပျမ်းမျှ သာမာန်အရွယ်အစားကိုပဲ ပိုမို နှစ်
သက်ကြပါတယ် … အရမ်းကြီးမားတဲ့ အရွယ်အစားကိုတော့ တစ်ကြိမ်တစ်ခါလောက်သာ အတွေ့အကြုံရှိလိုကြပါတယ်
… အဓိကကတော့ သူတို့ကို အထွဋ်အထိပ်ရောက်အောင် ပို့ပေးနိုင်ရင် သူတို့အတွက်ကတော့ ပိုအဆင်ပြေပါတယ် …
အရမ်းကြီးမားတဲ့ အရွယ်အစားမျိုးကိုတော့ ရွေးချယ်မှု နည်းပြီး ရေရှည်မှာတော့ နှစ်ဦးစလုံးအတွက် အဆင်ပြေမယ့်၊
သက်သောင့်သက်သာ ရှိစေမယ့် အရွယ်အစားကို လိုချင်တက်မက်ကြပါတယ် ”ဟု သုတေသနပညာရှင်တွေက ထုတ်
ပြန်ခဲ့ပါတယ်။ သို့အတွက်ကြောင့် မိမိလိင်အင်္ဂါအရွယ်အစားနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြမှုဖြစ်နေကြတဲ့ အိမ်ထောင်
ရှင်အမျိုးသားတွေအတွက် အဆိုပါ စစ်တမ်းရလာဒ်အရ စိတ်ကျေနပ်စရာ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဗဟုသုတရစေရန်ရေးထားခြင်းဖြစ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းမန့်သူများကို Ban သွားမည်ဖြစ်သည်
Monday, 8 February 2016
လာမယ့် မတ်လ ၁၇ ရက်မှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတများ ရွေးချယ် တင်မြောက်နိုင်မယ့် ရွေးချယ်ခံရမယ့် နာမည်စာရင်းတွေကိုထုတ်ပြန်ဖို့ သတ်မှတ်လိုက်ပါပြီ။
သမ္မတသစ်တွေ မတ်လမှာ ရွေးချယ်မည်
08.02.2016 19:37
မေခ
ဒုတိယ အကြိမ်မြောက်ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်
လာမယ့် မတ်လ ၁၇ ရက်မှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတများ ရွေးချယ် တင်မြောက်နိုင်မယ့် ရွေးချယ်ခံရမယ့် နာမည်စာရင်းတွေကိုထုတ်ပြန်ဖို့ သတ်မှတ်လိုက်ပါပြီ။ ဒီကနေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကတိသစ္စာပြုထားတဲ့အတိုင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ကာ ဥပဒေ အသစ်ပြဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းများ လုပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက မေခက နေပြည်တော်ကနေပေးပို့ထားပါတယ်။
အနိုင်ရ NLD ပါတီက ဦးဆောင်တဲ့ ဒုတိယ အကြိမ်မြောက်ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်ကိုစတင်ကျင်းပတာမှာ အခုလို နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတများ ရွေးချယ် တင်မြောက်နိုင်မယ့် ရွေးချယ်ခံရမယ့် နာမည် စာရင်းတွေကိုထုတ်ပြန်ဖို့ သတ် မှတ်လိုက်တာဖြစ်ပါတယ်။ ရွေး ချယ်ရမှာနဲ့ ပက်သတ်ပြီး ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက အခုလိုလွှတ်တော်မှာပြောဆိုလိုက်တာပါ။
“သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့လိုက် ဒုတိယသမ္မတ တဦးစီ ရွေးချယ်တင်မြောက်ပြီးပါက သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ် တင်မြောက်ခံရတဲ့ ဒုတိယသမ္မတ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံသို့ တင်ပို့ တင်ပြရမှာဖြစ်ပါတယ်။”
သမ္မတရွေးချယ်ဖို့ဒီလို ရက်သတ်မှတ်လိုက်တဲ့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်ကသဝဏ်လွှာ ပေးပို့ခဲ့တာမှာ သမ္မတက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ကတိသစ္စာပြုထားတဲ့ အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ကာ ဥပဒေ အသစ်ပြဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းများ လုပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။ သမ္မတ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်နာယက အခုလိုလွှတ်တော်မှာ ဖတ်ကြားခဲ့ပါတယ်။
“ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုရေးဆိုင်ရာ အမြင့်ဆုံး အဖွဲ့ဖြစ်သည့်အားလျှော်စွာ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် ဥပဒေ များအသစ်ပြဌာန်းခြင်း၊ ပြင်ဆင်ပြဌာန်းခြင်း၊ ရုတ်သိမ်းခြင်း တို့ကို ဆောင်ရွက်ကြရာ၌ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်ဟု ကတိသစ္စာပြုထားသည့်အလျှောက် အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွှတ်မှုရှိစေရေး အလေးထားဆောင်ရွက်ကြမယ်ဟု မျှော်လင့်မိပါသည်။”
လာမယ့် မေလ ၁၇ရက်မှာ နာမည်စာရင်းတွေထုတ်ပြန်ကြေညာပြီးရင် ထုတ်ပြန်ခံရတဲ့ သမ္မတလောင်း လျာထားခံရသူတွေဟာ နိုင်ငံတော်သမ္မတ အတွက် သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံခြင်းရှိမရှိကို စိစစ်ဖို့ သမ္မတရွေးချယ်တင်မြောက်ရေးအဖွဲ့က စိစစ်ရမှာဖြစ်ပါတယ်။ သမ္မတရွေးချယ်တင်မြောက်ရေးအဖွဲ့မှာ လွှတ်တော်နှစ်ရပ်က
လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ဒု ဥက္ကဋ္ဌနှစ်ဦး အပြင် လွှတ်တော် ၂ရပ်က သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တို့ပါဝင်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကလွှတ်တော် ၂ရပ်နဲ့ တပ်မတော်သားအစုအဖွဲ့တွေက သမ္မတလောင်းလျာ ဒုသမ္မတနေရာအတွက် ရွေးချယ်လိုက်တဲ့ ၃ ဦးထဲကနေ နိုင်ငံ တော်သမ္မတဖြစ်မယ့်သူကို ဆန္ဒမဲပေးရွေးချယ်သွားမှာ ဖြစ်ပြီး မဲအများဆုံးရသူက သမ္မတဖြစ်မှာဖြစ်ပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်နိုင်ဖို့ အတွက် တပ်မတော်ဘက်နဲ့ညှိုနှိုင်းမှုတွေလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် တပ်ပိုင်း ကကော NLD ဘက်ကပါ ဒါကိုအတည်ပြုပေးခြင်းမရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ တားဆီးထားတဲ့ ၅၉(စ) ဥပဒေပြင်ဆင်ဖို့ကိုလည်း တပ်ပိုင်းဆိုင်ရာဘက်က
ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဌာန်းထားတဲ့ အတိုင်းဘဲထားရှိလိုပါတယ်။ ပြီးခဲ့တဲ့ အခေါက်ပြင်ဆင်ထားတာမှာ တပ်ဘက်က ပေးခဲ့တဲ့ သဘောထားအတိုင်းဆက်လက်လက်ခံမှာဖြစ်ကြောင်း၊ ၅၉(စ) ဥပဒေဆိုင်ငံ့ ဖို့လုပ်ဆောင်လာပါကလည်း ဖွဲ့စည်းပုံမှာ ဆိုင်းငံ့လုပ်ဆောင်ဖို့ မပါဝင်တာ ကြောင့် လက်ခံဖို့မရှိဘူးလို့ အမည်မဖော်လိုတဲ့
တပ်မတော်သား ကိုယ်စားလှယ်တဦးကပြောပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ် ကြံ့ခိုင်ရေးပါတီအမတ်အနေနဲ့ဝင်ရောက်ရွေးချယ်ခံရသူ ဦးလှဌေးဝင်းကတော့
၅၉(စ)နဲ့ပက်သတ်ပြီး အခုလိုပြောပါတယ်။
“လောလောဆယ်တော့ ဘာမှမပြောနိုင်သေးဘူး။ ဟိုနေ့ကလည်းပြောထားတယ်လေ။ လောလောဆယ်တော့ ဘာမှ မှတ်ချက်ပြုစရာမရှိသေးပါဘူး။ စောပါသေးတယ်။ အခုက ကြားထဲကသာပြောနေတာ၊ ကာယကံရှင်တွေက ဘာမှမပြောသေးဘူး။ အန်ကယ်ပြောထားတဲ့အတိုင်းပဲ အမျိုးသားအကြိုးစီးပွားဘက်က ကာကွယ်သွားမယ်လို့ပြောထားတဲ့အတွက် အဲဒီအတိုင်းဘဲ ရပ်တည်သွားမှာပါ။”
လက်ရှိမှာ သမ္မတရွေးချယ်ဖို့ရက် သတ်မှတ်လိုက်ပေမယ့် သမ္မတ ဘယ်သူဘယ်ဝါဆိုတာကို ခန့်မှန်းချက်အနေနဲ့သာ သတင်းတွေအမျိုးမျိုးထွက်ပေါ်နေပေမယ့် အတည်ပြုလို့မရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့
တပ်မတော်နဲ့ညှိုနှိုင်းနေတယ်လို့ သတင်းတွေထွက်နေသလို NLDပါတီအနေနဲ့ ၅၉ (စ)မပြင်နိုင်ခင်မှာ ယာယီသမ္မတ
တင်ဖို့လုပ်ဆောင်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ တည်ဆဲဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတဟာ သူ့သက်တမ်းမကုန်ဆုံးမှီမှာ ဆန္ဒအလျောက် သမ္မတနေရာကနေ ထွက်နိုင်ပါတယ်။
ဒီလိုချိန်မှာ ဒုသမ္မတ တဦးက ယာယီသမ္မတအနေနဲ့ ထမ်းဆောင်ရမှာဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့တွေက သမ္မတလောင်းလျာ ဒုသမ္မတ တဦးကို ရွေးချယ်ရမှာဖြစ်ပါတယ်။
VOA
Sunday, 7 February 2016
ကလေးငယ်များ ဆိုဖာပေါ်တွင် အိပ်စက်ရင်း ရုတ်တရက်သေဆုံးမှုအကြောင်း.
..
အနောက်တိုင်းနိုင်ငံများတွင် ဆိုဖာပေါ်မှာ ကလေးငယ်များ အိပ်စက်ရင်းသေဆုံးကြရတဲ့ဖြစ်ရပ်များနဲ့ပတ်သက်ပြီး သုတေသနပြုကာ သတိပေးဖော်ပြချက်တွေကို ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း သတိထား သိရှိကြစေဖို့အတွက် ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။ ကလေးငယ်တစ်ယောက် အိပ်စက်ရာတွင် အန္တာရာယ်အရှိဆုံး နေရာတစ်ခုဟာ ဆိုဖာဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိချက်အသစ်တစ်ရပ်အနေနဲ့ HealthDay News တွင် အခုလ အောက်တိုဘာ ၁၃ ရက်နေ့၊ တင်္နလာနေ့မှာ ဖော်ပြလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုတွင် ကလေးငယ်ပေါင်း ၈၀၀၀ နီးပါး ဟာ အိပ်ပျော်နေရင်းသေဆုံးသွားကြပြီး ၎င်း တွင် ၁၂ % လောက်မှာ ဆိုဖာပေါ်တွင် အိပ်ပျော်ခြင်းနဲ့ဆက်စပ်နေတယ်ဆိုတာ သုတေသနသမားတွေမှ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အဲဒီကလေးငယ်များတွင် သုံးပုံတစ်ပုံနီးပါးလောက်မှာ မွေးကင်းစကလေးငယ်များဘဲဖြစ်တယ်ဆိုတာ ဖော်ပြထားပါတယ်။ မွေးကင်းစကလေးငယ်များ အိပ်ပျော်နေရင်း သေဆုံးသွားမှုဟာ ဆိုဖာနဲ့ ဆက်စပ်နေတယ်ဆိုတာက တကယ့်ကို တုန်လှုပ်စရာဖြစ်နေပါတယ်လို့ Kansas မြို့မှ တွဲဖက်စာရေးသူ Dr. Jeffery Colvin ( a pediatrician at Children’s Mercy Hospital) ကပြောဆိုထားပါတယ်။ကျန်းမာနေတဲ့ ကလေးငယ်တစ်ယောက် ဟာ အိပ်ပျော် နေရင်း ဒီလို ရုတ်တရက်သေဆုံးသွားရခြင်း ဟာ တကယ့်ကို ရှင်းပြဖို့အကြောင်းအရင်းမရှိတဲ့ ကိစ္စဖြစ်နေပါတယ်။ ဒါကြောင့် မိမိ တို့ရဲ့ကလေးငယ်တွေကို မိမိတို့ရဲ့ကျောတွင် ပိုးသိပ်ဖို့ မိဘတွေကို တိုက်တွန်းလိုက်တဲ့အခါ အမေရိကန်ပြည်ထောင်စုတွင် ဒီလို ကလေးငယ်တွေ အိပ်ပျော်နေရင်း သေဆုံးသွားမှုနှုန်းဟာ ထက်ဝက်နီးပါးကို လျော့ချသွားခဲ့ပါတယ်။ တကယ်တမ်းကျတော့ လူကြီးတွေအနေနဲ့ အသက်ရှုဖို့လွယ်ကူတဲ့ပတ်ဝန်းကျင်ဟာ ကလေးငယ်အတွက် အသက်ရှုဖို့ခက်ခဲတဲ့ပတ်ဝန်းကျင်ဖြစ်နေတတ်ပါတယ်။ ကလေးငယ်တွေရဲ့ အဆုတ်ဟာ လူကြီးလိုမဖွဲ့ဖြိုးသေးတဲ့အတွက် အောက်ဆီဂျင်နည်းတဲ့ပတ်ဝန်းကျင်မှာ ရုတ်တရက်အသက်ရှုရပ်ပြီးသေဆုံးသွားနိုင်ပါတယ်။ ကလေးအတွက် အိပ်ခန်းဆိုတာ လေဝင်လေထွက်ကောင်းပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် သီးသန့်ပြုလုပ်ထားတဲ့ အခန်းဖြစ်သင့်ပြီး လူကြီးတွေရဲ့ ဆေးလိပ်ငွေ့၊မီးဖိုခန်းမှညှော်နံ့၊ကားလမ်းပေါ်မှ ဖှုန်နံ့၊အိပ်ဇောနံ့တို့နဲ့ အတတ်နိုင်ဆုံးကင်းဝေးတဲ့နေရာဖြစ်ရပါမယ်။မိဘအများစုနဲ့ ကလေးပြုစုသူတွေ သိထားသင့်တာက မွေးကင်းစကလေးငယ်တစ်ယောက်ရဲ့ အဆုတ်ဟာ လူတွေရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များနေရင်တောင် ကလေးအတွက် အန္တရယ်ရှိနိုင်တယ်ဆိုတာပါဘဲ။ ကလေးတွေအတွက် အိပ်ယာ ဟာ သူတို့အတွက် သက်တော့င့်သက်သာအရှိဆုံးဖြစ်ပါတယ်။အိပ်ယာမဟုတ်တဲ့ တစ်ခြားနေရာတစ်ခုခု မှာ အမှတ်တမဲ့သိပ်ထားမိပြီးအိပ်ပျော်သွားတဲ့အခါ လည်ပင်းစောင်းသွားခြင်း၊မှောက်ရက်အိပ်မိသွားခြင်း၊ ပြုတ်ကျခြင်း၊ဘေးပတ်ဝန်းကျင်မှ ပစ္စည်းတစ်ခုခု မတော်တဆဖိမိခြင်း၊ ပတ်ဝန်းကျင်မှ လေထုညစ်ညမ်းမှုတစ်စုံတစ်ရာ ရောက်ရှိလာခြင်း အစရှိတဲ့ အကြောင်းအရင်းတွေကြောင့် ကလေးရဲ့ နုနယ်တဲ့အဆုတ် ဟာ ညှိုယူနိုင်ခြင်းမရှိဘဲ ရုတ်တရက်သေဆုံးရခြင်းတို့ ဘဲဖြစ်ပါတယ်။ ဒါကြောင့် ကလေးများအကြောင်းမဲ့သေဆုံးနှုန်းမြင့်တက်လာခြင်းဖြစ်ပါတယ်။ မိဘတွေအနေနဲ့ အခြေခံသိထားရမှာက ကလေးရဲ့ အဆုတ်ဟာ လူကြီးတွေထက် အဆမတန်နုနယ်ကြောင်း၊မိမိတို့သက်သောင့်သက်သာရှိတဲ့ပတ်ဝန်းကျင်မှာတောင် ကလေးအတွက်သက်သောင့်သက်မရှိတာမျိုးဖြစ်နိုင်ကြောင်းအမြဲသတိထားရပါမယ်။ကလေးကို အိပ်ယာအထိရောက်အောင် မသိပ်မိဘဲ ကလေးကို ပွေ့ရင်း၊ နို့တိုက်ရင်း အိပ်ပျော်သွားခြင်း က အရမ်း ကို အန္တရယ်များတယ်ဆိုတာ သိထားသင့်ပါတယ်။ဒါကြောင့် အခြားမွန်းကြပ်မှုဒဏ်ကြောင့် သေဆုံးကြရတဲ့ ကလေးငယ်များ ရှိပေမယ့် အခုလို ဆိုဖာပေါ်တွင်အိပ်ပျော်ရင်းသေဆုံးမှုနှုန်းဟာ ၂ ဆနီးပါး ဖြစ်နေပါတယ်။ Colvin နဲ့ သူ့ရဲ့ မိတ်ဆွေတွေဟာ လွန်ခဲ့တဲ့ ၈ နှစ်တုန်း က ပြည်နယ် ၂၄ ပြည်နယ် မှာ အစီရင်ခံထားတဲ့ အိပ်ပျော်နေရင်း သေဆုံးသွားတဲ့ ကလေးငယ် ၇၉၀၀ ကို ပိုမိုလေ့လာဖြစ်ခဲ့ကြပါတယ်။သေဆုံးသွားကြတဲ့ အဲဒီကလေးငယ်များတွင် တစ်ဝက်ခန့်မှာ လူကြီးတွေရဲ့အိပ်ယာပေါ်တွင် သေဆုံးသွားကြတာဖြစ်ပြီး ၅ပုံ ၁ပုံခန့်မှာ သူတို့ရဲ့ ပုခက်တွင်သေဆုံးသွားကြခြင်းဖြစ်ပါတယ်။ ဒါပေမယ့် သုတေသနသမားတွေဟာ ဆိုဖာပေါ်တွင် အိပ်ပျော်ရင်း သေဆုံးသွားကြတဲ့ ကလေးငယ် ၁၀၀၀ နီးပါးလောက် ကို အဓိက ဦးတည်ပြီး လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အများအားဖြင့် ဆိုဖာပေါ်တွင် အိပ်ပျော်ရင်း သေဆုံးသွားကြတဲ့ ကလေးငယ်များမှာ ၃ လ နဲ့ ၃ လအောက် ကလေးငယ်များဖြစ်ကြပါတယ်။ ကလေးငယ်တွေ ဆိုဖာပေါ်တွင် အိပ်ပျော်ရင်းသေဆုံးကြရတဲ့ကိစ္စမှာ မိဘတွေဟာ ကလေးငယ်ကို ဆိုဖာပေါ်တွင် သိပ်ထားပြီး သူတို့လုပ်လို့ရနိုင်တဲ့အရာတွေကိုလုပ်နေတတ်ကြတယ်။ ဥပမာ-ကလေးကို သိပ်ထားပြီး တီဗွီကြည့်ကြနေခြင်း၊ တစ်ခုခုကိုလုပ်နေတတ်တာတွေရှိပြီး ညသန်းခေါင်ကျော်တော့ မောပန်းစွာနဲ့ ကလေးကို အာရုံမစိုက်နိုင်ဘဲ အိပ်ပျော်သွားတတ်ကြတာတွေရှိတယ်လို့ losAngeles က Dr.Cigal Shaham က ပြောဆိုထားပါတယ်။ ဒါဟာ ဆိုဖာပေါ်မှာမှ မဟုတ် အခြားသော အန္တာရာယ်မကင်းတဲ့နေရာများတွင် မိမိတို့ရဲ့ ကလေးများကို မသိပ်မိစေဖို့ အရမ်းကို အရေးကြီးပါတယ်။ ကလေးငယ်အတွက် လေကောင်းလေသန့်ရရှိပြီး ကျယ်ကျယ်ဝန်းဝန်းသပ်သပ်ရပ်ရပ်နဲ့ သူ့အိပ်ယာလေးနဲ့သူ စနစ်တကျသိပ်ခြင်း ဟာ အရမ်းကိုဘေးကင်းစေပါတယ်။ မိဘများနဲ့ အတူ၊ မိဘများရဲ့အလယ်တွင်ထားပြီး သိပ်ခြင်းဟာလည်း ကလေး အတွက် မွန်းကြပ်မှု ကို ဖြစ်စေတတ်သလို၊ အိပ်မောကျနေတုန်း မိဘများဖိမိခြင်းကြောင့်လည်း ကလေးအတွက် အန္တရာယ်ဖြစ်စေတတ်ပါတယ်။ အခုလို ဆိုဖာပေါ်တွင် အိပ်စက်ရင်းသေဆုံးကြရတဲ့ဖြစ်ရပ်များတွင်လည်း ကလေးငယ်များဟာ ဆိုဖာပေါ်တွင် လူကြီးနဲ့အတူပူးတွဲအိပ်စက်ရင်း မွန်းကြပ်မှုဒဏ်ကြောင့် သေဆုံးကြရတာတွေလည်းရှိပါတယ်။ ဒါကြောင့် မိဘများ၊ ကလေးကို ပြုစုစောင့်ရှောက်သူများအတွက် မိမိတို့ရဲ့ကလေးများကို ဘေးကင်းလုံခြုံဖို့ဘယ်လို သတိရှိရှိ စောင့်ရှောက်သင့်တယ်ဆိုတာ ဆင်ခြင်စရာအဖြစ်မိဘများအတွက် ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။ YangonLife
သတင်းမီဒီယာ