Wednesday, 31 October 2018
အိမ်ယာမဲ့ ခွေးများအား ဖမ်းဆီးမုဒိမ်းကျင့်နေသည့် ခွေးမုဒိမ်းဂိုဏ်းဝင်တဦး ဖမ်းဆီးခံရ
October 31,2018
ခွေးချစ်သူများအသင်းရဲ့  တိုင်ကြားချက်အရ အောက်တိုဘာလ ၃၀ ရက်နေ့ က ထိုင်းမြောက်ပိုင်း ချင်းမိုင်ပြည်နယ် စံကန်ဖန်မြို့ နယ်အတွင်းမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တဆိုင်ကို ရဲတပ်ဖွဲ့ ဝင်တွေက သွားရောက်စစ်ဆေးခဲ့ပြီး အသက် ၅၃ နှစ် အမျိုးသားတဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်၊။
ဗိုလ်ဗိုလ် ဆိုတဲ့ ဖေ့ဘုတ်နံမည်နဲ့  ဖေ့ဘုတ် အကောင့်ဖွင့်ပြီး ခွေးကြိုက်သူတွေ ကို အသင်းဝင်ကြဖို့  ဖိတ်ခေါ်ထားပြီး အသင်ဝင်ကြေး ဘတ်ငွေ ၂၀၀ (ကျပ်တစ်သောင်း) ထည့်ဝင်မယ်ဆိုရင် သူ့ အကောင့်မှာ တင်ထားတဲ့ ရုပ်သံတွေ ပုံတွေဝင်ကြည့် လို့ ရပြီဖြစ်ပါတယ်။
အဆိုပါအမျိုးသားဟာ ခွေးဆယ်ကောင်ရဲ့  ပုံတွေ တပုံချင်းကို ဖေ့ဘုတ်မှာတင်ထားပြီး ခွေးမုဒိမ်းကျင့် ရုပ်သံကို သူကိုယ်တိုင်သရုပ်ဆောင်ပြီး အခကြေးငွေနဲ့  အသင်းဝင်တွေကိုပြနေတာ နှစ်နဲ့ ချီရှိနေပြီလို့  အမှုဖွင့်တိုင်ကြားတဲ့ ခွေးချစ်သူများ အဖွဲ့ ဝင်တွေကပြောပါတယ်။
သူ့ အိမ်က ကွန်ပြူတာနဲ့  သူ့ ဖွင့်ထားတဲ့အကောင့်ကို စစ်ဆေးကြည့်တဲ့အခါ အသင်ဝင်တွေ
အများအပြားရှိနေတာတွေ့ ရပါတယ်။
ရဲစခန်းမှာ တရားခံက သူဟာ လမ်းဘေးခွေးတွေကို အိမ်ခေါ်လာပြီး လိင်ဆက်ဆံတဲ့ ရုပ်သံကို ရောင်းစာနေတာ ၀န်ခံခဲ့ပြီလို့ သိရပါတယ်။ သင်္ဘောသီးသုတ်ရောင်းနေတာ အဆင်မပြေလို့  ခုလို အွန်လိုင်ကနေ ခွေးနဲ့ လိင်ဆက်ဆံတာ ကြည့်ချင်သူတွေ လိင်ဆက်ဆံချင်တဲ့သူတွေ
ကို ဖိတ်ခေါ်ပြီး ခွေးမုဒိမ်း စီးပွားရေးလုပ်နေခဲ့တာဖြစ်ကြောင်း ၀န်ခံခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ခုလို ခွေးတွေကိုအလိုမတူပဲ လိင်ဆက်ဆံတဲ့သူ နှိပ်စက်ညင်းပန်းတဲ့အမှူဟာ ထောင်ဒဏ်နှစ်အထိချမှတ်နိုင်ကြောင်း သိရပါတယ်။
SAW
Credit Watch dog Thailand
https://web.facebook.com/watchdogthailandpage/photos/pcb.1222045401269331/1222045807935957/?type=3&theater
Wednesday, 12 September 2018
ဘလူးဘယ်ရီသီးကို အိမ်မှာ ဘယ်လိုစိုက်မလဲ ==================== ====================
ဘလူးဘယ်ရီသီးကတာ့ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အသီးတစ်မျိုးပါ။ ဒီအတိုင်းလည်းစားလို့ရသလို ဖျော်ရည်လုပ်ပြီးလည်း သောက်လို့ရပါတယ်။
သင့်တော်သော နေရာကိုရှာပါ
ဘလူးဘယ်ရီပင်အတွက် အရည်အသွေးမြင့်တဲ့ မြေ နဲ့ နေရောင်ချည်များများရတဲ့နေရာရှာပါ။ နေရောင်ချည်ဟာ အပင်ရှင်သန်ဖို့အတွက် အဓိကအထောက်အပံ့ပေးပါတယ်။
မိမိအိမ်က ခြံကျယ်ကြီးဆိုရင်လည်း မြေပေါ်မှာ ဒီအတိုင်းစိုက်ပျိုးနိုင်ပါတယ်။ တိုက်ခန်းမှာနေတယ်ဆိုရင်လည်း အိုးထဲမှာ စိုက်ပျိုးလို့ရပါတယ်။
အိုး (သို့) ပုံး
ကော်ပုံးထဲမှာထည့်ပြီးတော့လည်း စိုက်ပျိုးနိုင်ပါတယ်။ မိမိအသုံးပြုမဲ့ အိုး (သို့) ပုံးကို လေ၀င်လေထွက်ကောင်းအောင် အပေါက်လေးတွေ ဖောက်ပေးပါ။ ပြီးရင် မြေကြီးထည့်ပါ။
အပင်စိုက်ပျိုးခြင်း
ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဘလူးဘယ်ရီပင်ကိုနွေရာသီမှာ အစိုက်များပါတယ်။ ပျိုးပင် အမြစ်ကို မြေကြီးထဲထည့်ပြီး စိုက်ပျိုးပါ။ ပြီးရင် အမြစ်ကို မြေကြီးပြန်ဖုံးပြီး ရေလောင်းပေးပါ။
မြေဆီလွှာလည်း ကောင်းဖို့လိုပါတယ်။ မြေဆီလွှာ PH ဓါတ် ၅.၀ ရှိရင်ပိုကောင်းပါတယ်။ နေရောင်ချည် အပြည့်အ၀ရတဲ့နေရာမှာထားပါ။
သစ်ဆွေးများ
ထင်းရှုးခေါက် သစ်သားစအဆွေး တွေကို ထည့်ပေးနိုင်ပါတယ်။
မြေဆီလွှာရဲ့ အစိုဓါတ်ကိုထိန်းပေးနိုင်ဖို့အတွက် နဲ့ ပေါင်းပင်တွေ ကြီးထွားမှုကနေ ကာကွယ်ဖို့ ဆူးပန်းခွေ (သို့) သစ်ခြောက်တွေကို ဘေးမှာ ချထားပါ။ (ခြံထဲမှာ စိုက်ပျိုးသူတွေအတွက်) တစ်နှစ်ကို တစ်ကြိမ်လောက်လုပ်ပေးပါ။
ကိုင်းဖြတ်ပေးပါ
အပင်ကစပြီး အကိုင်းအခတ်တွေ ဖျာထွက်လာပြီဆိုရင် ကိုင်းတွေကို ပုံမှန် ညှပ်ပေးပါ။ သန်မာတဲ့ အကိုင်းအခက်တွေကို ထားပြီး ညှိုးနေတဲ့ (သို့) သေနေတဲ့အကိုင်းအခက်တွေကို ဖယ်ရှားပေးပါ။
မြေသြဇာ
အမြဲတမ်း အော်ဂဲလ်နစ်မြေသြဇာကိုပဲ အသုံးပြုရပါမယ်။ အပင်ပျက်စီးခြင်းကနေ ကာကွယ်ဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ကိုပါ ကာကွယ်ဖို့ပါ။ နွေရာသီအစမှာ သစ်ရွက်ကြွေတွေကို စုစည်း ကောက်ယူထားပြီး ထည့်ပေးပါ။
ဒီလိုနည်းစနစ်နဲ့ ပျိုးထောင်ပေးတာဟာ အပင်ကို ပိုပြီး ရှင်သန်စေမှာဖြစ်သလို တစ်ခါစိုက်ပြီးရင် အနည်းဆုံး နှစ် ၄၀ ကနေ ၅၀ ထိ အပင်သက်တမ်းရှည်ပါတယ်။
==========
MyFood Myanmar
** သတိ … ဆူးကျိုးတတ်သည် ** ==================== ====================
 " ဟေ့ရောင် … မင်းညက ဘယ်သွားနေတာလဲ၊ မင်းအမေ ငါ့ကို ဖုန်းဆက်မေးနေတယ် " သူ့စကားအဆုံးမှာ ဖြိုးကိုက ခေါင်းမော့ကြည့်သည်။ " ငါ … ညက ကလပ်သွားတာကွ၊ စော်တစ်ဗွေနဲ့ အဆင်ပြေသွားလို့ ဟိုတယ် ပါသွားတာ " သူ မျက်လုံးပြူးသွားသည်။
          " မင်းကလည်းကွာ မင်းမှာလည်း ရည်မွန်ရှိသားနဲ့ကို နှမချင်း စာနာပါကွာ " သူ့ပြောစကားကို ဖြိုးကိုက ဆေးလိပ်တစ်ချက်ဖွာရင်း ပြန်ပြောသည်။
          "ဟေ့ရောင် … ငါက ရေအိုးစင်ကရေကို ခြေဆေးတာ မဟုတ်ဘူး။ အိုင်တွေ့လို့ ခြေဆေးတာ၊ ငါ့အစ်မက ဒီလို မိန်းမမျိုး မဟုတ်ဘူး။ နားစမ်းပါကွာ တစ်ညစာပါ သူတို့ကလည်း စာမဖွဲ့ပါဘူး။ သူတို့တောင် မရှောင်သေးတာဘဲ ဖက်ပေါ်ဆူးကျကျ၊ ဆူးပေါ်ဖက်ကျကျ ဖက်ပဲ ပေါက်တာပါ။ ငါတို့က စင်ပေါ်ကပဲ " သူဆက်ပြောချင်စိတ်ကုန်သွားကာ စကားလွှဲလိုက်တော့သည်။ ဒီကောင်တော့ မလွယ်ပါလား ။
          " သားရေ .. ဖြိုးကို လာတယ် " အမေ့အသံနှင့်အတူ တံခါးဖွင့်ကာ ဖြိုးကို ဝင်လာသည်။
          " ဟေ့ရောင် လက်ဖက်ရည်ဆိုင် သွားမလို့လား " မေးတာမဖြေဘဲ မျက်စိ မျက်နာပျက်နေသောကြောင့် သူ လန့်သွားသည် " ဟေ့ရောင် … ဘာဖြစ်လာတာလဲ "
          " ငါကွာ" အခန်းပြင်ကို တစ်ချက်လှမ်းကြည့်ရင်း ဆက်ပြောသည်။
          " ငါကွာ ဆီးကျဉ်နေတာ၊ ညောင်းလည်းကျတယ်၊ ငါတော့ ဒုက္ခပါပဲကွာ "
          " ဟင် ဒါဆို ဆေးခန်း သွားရမှာပေါ့ "
          " မင်း လိုက်ပို့ပါလားကွာ ငါ ဆေးခန်းသွားရမှာ ရှက်လို့ပါ "
          " ခွေးကောင် ဒါကျ ရှက်တတ်တယ် ဟုတ်လား။ မင်းပြောတော့ ဖက်ပဲ ပေါက်တာပါဆို " သူက အငေါ်တူးစကားတော့ ဆိုလိုက်မိသည်။
          " မင်းကလည်းကွာ ငါ စိတ်ညစ်နေရတဲ့ကြားထဲ " မျက်နှာငယ်လေးနှင့် ပြောပုံက သနားဖို့ပင် ကောင်းနေသေးသည်။
          " အခုမှ ကြောက်မနေနဲ့ ဆေးခန်းသွားမယ်လာ " ကံကောင်းစွာနှင့် အမျိုးသား ဆရာဝန်ချိန်ဖြစ်၍ ဖြစ်စဉ်ကို အသေးစိတ် ရှင်းပြရသည်။ ဆရာဝန်က ခေါင်းတစ်ချက်ညိတ်ရင်း " ဒါက ဂနိုဖြစ်မယ် ထင်တယ် သေချာအောင် စစ်ကြည့်မယ်လေ။ ဒါက အရေးမကြီးပါဘူး၊ အနာသိရင် ဆေး ရှိတယ်။ အရေးကြီးတာက HIV "
          " ဟင် … HIV " ဖြိုးကိုနှင့်အတူ သူပါ မျက်လုံးပြူးသွားရသည်။
          " HIV ကို ကြားဖူးတယ်မလား " သူတို့နှစ်ယောက်လုံး ပြိုင်တူ ခေါင်းညိတ်ပြလိုက်မိသည်။
          " HIV တော့ မဖြစ်နိုင်ပါဘူး ဆရာ၊ ကောင်မလေးက သန့်သန့်လေးပါ" ဖြိုးကို၏ စောဒကတက်စကားကို ဆရာဝန်က ပြုံးလိုက်သည်။ " မြင်ရုံနဲ့ မသိနိုင်ဘူးလေဗျာ၊ အကာအကွယ် မသုံးရင်တော့ ကူးနိုင်တာပဲလေ "
          သူ ဖြိုးကို, ကို လှည့်ကြည့်လိုက်မိသည်။ " မင်း အကာအကွယ် မသုံးဘူးလားကွာ။ ဒီလောက်တောင် ပညာပေးနေတာကိုး "
          " ငါလည်း အရမ်းမူးသွားလို့ပါကွာ။ နောက်ပြီး ကောင်မလေးက အလန်းလေးပါ " ဖြိုးကို မျက်နှာက ဇီးရွက်လောက်သာ ရှိတော့သည်။
          " သူက ယောက်ျားလေး အရှုံးမရှိဘူး ထင်နေတာ ဆရာရဲ့ " သူက ဆရာဝန်ကို တိုင်ပြော ပြောမိသည်။
          " ဘယ်ဟုတ်လိမ့်မလဲကွာ အကာအကွယ်မဲ့ လိင်ဆက်ဆံရင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ရနိုင်တယ် သေချာမကုရင် ရောဂါတာရှည်ပြီး နောက်ဆုံး မြုံတဲ့အဆင့်ထိ ဖြစ်သွားနိုင်တယ် "
          " ဗျာ … ကျွန်တော် အခု မြုံသွားပြီလား ဆရာ "
          " မဟုတ်ပါဘူး … ဖြစ်တတ်တာကို ပြောပြတာပါ။ အခုက အချိန်မီ ကုသမှု ခံယူလိုက်တော့ ဒီအန္တရာယ် မရှိတော့ဘူးပေါ့။ တခြား လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဖြစ်တဲ့ အေအိုင်ဒီအက်စ်၊ အသည်းရောင် အသားဝါ ဘီ စီ တွေလည်း ကူးနိုင်သေးတယ် "
          " ဘုရား … ဘုရား၊ ကျွန်တော် အခု ကူးပြီလားဟင် " ဖြိုးကိုမျက်နှာက ပြိုတော့မည့် မိုးကဲ့သို့ပင်။
          " ဒါကတော့ သွေးစစ်ကြည့်မှ ရမယ် "
          " ဒါဆို အခု သွေးစစ်ပေးပါ ဆရာ "
          " အခု စစ်တာက ခင်ဗျားရဲ့ လက်ရှိအခြေအနေကိုပဲ သိနိုင်မယ်။ ရောဂါ ကူး၊ မကူးကတော့ အခု မပြောနိုင်သေးပါဘူး။ ရောဂါပိုး ခန္ဓာကိုယ်ထဲ ရှိ၊ မရှိ သိရဖို့ နောက် 3 လ ကြာမှ စစ်ကြည့်ရမယ်။ ဒီကြားထဲမှာလည်း ရောဂါကူးစက်နိုင်တဲ့နည်းလမ်းတွေကို ရှောင်ကြဉ်ရမယ် "
          သွေးစစ်ပြီး ဆေးခန်းမှ အပြန်မှာတော့ ဖြိုးကိုတစ်ယောက် ခေါင်းငိုက်စိုက်ကျနေပြီ။ " ငါ ဘယ်လိုလုပ်ရမလဲကွာ။ ငါ ရည်မွန့်ကို ချစ်တယ် "
          ဒဏ်ရာတွေနှင့် နာကျင်နေသော သူငယ်ချင်းကို သူ ထပ်ပြီးအပြစ်မတင်ရက်တော့ပါ။ ဆူးနဲ့ဖက် တွေ့ရင် တစ်ခါတစ်ရံ ဆူးကျိုးတာလည်း ရှိတတ်ပါတယ် သူငယ်ချင်းရယ် ဟူသော စကားကိုတော့ သူ့ရင်ထဲတွင်သာ ရေရွတ်လိုက်မိပါတော့သည်။
Khin Cho 
==========
DrMyanmar
Tuesday, 11 September 2018
နှလုံးရောဂါကိုကာကွယ်ပေးမယ့် အစားအစာများ ==================== ====================
သွေးကြောထဲက အညစ်အကြေးတွေကို ဖယ်ရှားပြီး သွေးလည်ပတ်မှု ကောင်းဖို့က အရေးကြီးပါတယ်။ ဒါကြောင့် သွေးထဲက အနှယ်ထိုင်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်မှာသာ နှလုံးသွေးကြောပိတ်ပြီး နှလုံးရပ်တန့်တဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်မှာပါ။
၁။ Green Tea
Green Tea မှာ Catechins ဓာတ်ပါဝင်တာကြောင့် အစာခြေချိန်မှာ ကောလစထော (Cholesterol) စုပ်ယူခြင်းကို ကာကွယ်ပေးပါတယ်။ နေ့စဉ် Green Tea တစ်ခွက် သို့ ၂ ခွက် သောက်ပေးခြင်းက သွေးလွှတ်ကြော ပိတ်တာကို လျော့ချပေးပြီး သွေးအတွင်း အဆီဓာတ်ပါဝင်မှု အဆင့်ကို လျော့ချပေးပါတယ်။ Green Tea က ခန္ဓာကိုယ်ဇီဝ ဖြစ်စဉ်နဲ့ နှလုံးလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပြီး ကျန်းမာရေးနဲ့အညီ ကိုယ်အလေးချိန်လျော့ချပေးပါတယ်။
၂။ Cranberries (အချည်အရသာရှိတဲ့ဘယ်ရီသီးတစ်မျိုး)
အဲဒီအသီးမှာ Antioxidant တွေပါဝင်ပြီး ကောင်းမွန်တဲ့ကိုလက်စထရောပမာဏကို မြင့်တက်စေပြီး မကောင်းတဲ့ ကိုလက်စထရောပမာဏကိုလျှော့ချပေးပါ။ ဒါ့ကြောင့် Cranberry သီးကို (သို့) ဖျော်ရည်ကို ပုံမှန်သောက်ပေးတာဟာ နှလုံးရောဂါဖြစ်ပွားမှုကို ၄၀ % ထိလျှော့ချပေးနိုင်ပါတယ်။
၃။ သစ်ကြမ်းပိုးခေါက်
သစ်ကြမ်းပိုးခေါက်မှာလည်း Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ကိုလက်စထရောပမာဏကိုလျှော့ချပေးပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။
၎။ နနွင်း
နနွင်းကိုတော့ ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ဂုဏ်သတ္တိတွေပါဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်အဖြစ်လူသိများပါတယ်။ သွေးလွှတ်ကြောတွေ တင်းမာမှုကို လျှော့ချပေးပါ။ နနွင်းကိုပုံမှန်စားပေးတာဟာ သွေးခဲမှုကို တားဆီးပေးနိုင်ပြီး သွေးလွှတ်ကြောနံရံတွေ ပျက်စီးမှုကို လျှော့ချပေးပါတယ်။
၅။ သလဲသီး
သလဲသီးမှာ ရေဓါတ်ပမာဏအများအပြားပါဝင်ပါတယ်။ သွေးလွှတ်ကြောကို အမြဲပွင့်စေတဲ့ Nitric Oxide ထုတ်လုပ်ပေးတာကို ကူညီပေးတာကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
၆။ ထောပတ်သီး
ထောပတ်သီးမှာ ကောင်းမွန်တဲ့ ကိုလက်စထရောတွေပါဝင်ပြီး မကောင်းတဲ့ ကိုလက်စထရောပါဝင်မှုနည်းပါတယ်။ ဒါ့ကြောင့် ထောပတ်သီးကို စားသုံးပေးတာဟာ နှလုံးသွေးကြောပိတ်ဆို့မှုကိုကာကွယ်ပေးနိုင်ပါတယ်။
၇။ ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် K နဲ့ တခြားအဟာရဓါတ်တွေပါဝင်ပြီး သွေးလွှတ်ကြောကိုထိခိုက်စေတဲ့ ကယ်လ်ဆီယံကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်ွေကြွယ်ဝစွာပါဝင်ပြီး ကိုလက်စထရောကို ကျဆင်းစေသလို သွေးတိုးလည်း ကျစေပါတယ်။
၈။ ကညွှတ်
ကညွှတ်မှာ သွေးလွှတ်ကြောကို သန့်စင်စေတဲ့ အကောင်းဆုံး သဘာဝအစားအစာတစ်မျိုးဖြစ်ပါတယ်။ ကညွှတ်မှာ အမျှင်ဓါတ်၊ ဗီတာမင် B1,B2,C,E နဲ့ K စတဲ့ဓါတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် သွေးခဲမှုကို ကာကွယ်ပေးနိုင်သလို နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
==========
MyFood Myanmar
Sunday, 9 September 2018
အင်တာနက် ပြတ်လပ်ရင် ဘိန်းစား ဆေးငတ်သလိုပဲတဲ့ ==================== ====================
  အင်တာနက် သုံးနေကျ  အမျိုးသား၊ အမျိုးသမီးတွေမှာ အင်တာနက် မသုံးရတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် လိုင်းပေါ် မတက်ရတဲ့အခါ အလိုလို စိတ်တိုလာတာ၊ နှလုံးတုန် ရင်ခုန်လာတာတွေ ကြုံရပါသတဲ့။
          ပညာရှင်များရဲ့ တွေ့ရှိချက်တွေအရ အင်တာနက် သုံးနေကျအတိုင်း မသုံးရတဲ့အခါ -
●        စိတ်ဖိစီးလာတယ်
●        ရင်တုန်လာတယ်
●        နေလို့မကောင်းဘူး
●        စိတ်တိုတိုလာတယ်
●        ဒေါသ အကြီးအကျယ် ထွက်တတ်တယ်
          ဒစ်ဂျယ်တယ်ပစ္စည်း စွဲလမ်းမှုနဲ့ အင်တာနက် စွဲလမ်းမှုဟာ လူသားတွေကို အကြီးအကျယ် တိုက်စစ်ဆင်နေပါတယ်။ စွဲလမ်းမှုကို မရရှိတဲ့အခါ တစ်ခုခု လိုအပ်နေသလို ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ တက်လာတာ ဖြစ်ပါတယ်။
          ဒီလိုအပြောင်းအလဲတွေဟာ ဘိန်းစွဲတာ၊ မူးယစ်ဆေးစွဲတာ၊ အရက်စွဲတာတွေလိုထိ ဆိုးဝါးနိုင်ပါကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။
>>    ဒီတော့ စွဲလမ်းမှုမဖြစ်ရအောင် -
●        အင်တာနက်အသုံးကို ကန့်သတ်ပါ
●        နေ့စဉ် ဖုန်း၊ ကွန်ပျူတာကြည့်ချိန်ကို လျှော့ချပါ
●        မိမိရဲ့အချိန်ကို စကားပြောတာ၊ ရှုခင်းကြည့်တာ၊ စာဖတ်တာလိုမျိုးတွေနဲ့ အစားထိုးကြည့်ပါ။
          အင်တာနက် ပြတ်လတ်ချိန်မှာ ဖြစ်တတ်တဲ့ စိတ်ကသိကအောက် ဖြစ်တာတွေကို ရှောင်ချင်ရင်တော့ အစကတည်းက မစွဲလမ်းအောင် ဖုန်းကြည့်ချိန်၊ အင်တာနက်သုံးချိန်ကို တတ်နိုင်သလောက် ကန့်သတ်ပြီး ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း)
==========
DrMyanmar
Saturday, 8 September 2018
တစ်ပတ်ကိုတစ်ကြိမ် ငါးစားသုံးသူတွေက အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း လျော့နည်းစေနိုင် ==================== ====================
ကိုယ်ဝန်ဆောင်တွေဆို  DHA  ပါတဲ့  ကိုယ်ဝန်ဆောင်အားဆေးတွေ သောက်သုံးလေ့ရှိကြတာသတိထားမိပါသလား။ Om-ega-3  fatty   acid  တစ်မျိုးဖြစ်တဲ့ DHA ကိုငါးနဲ့   ရေညှိလိုအပင်တွေကနေရရှိနိုင်တာ  ဖြစ်ပါတယ်။  သူက  ကလေးကိုယ်ဝန်ဆောင်ချိန်ကတည်းက   သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုမှာအရေးပါလှပါတယ်။   သုတေသနတစ်ခုမှာတော့   DHA  စားသုံးမှုက မှတ်ဉာဏ်မကောင်းတော့တဲ့   သက်ကြီးပိုင်းအရွယ်တွေမှာ မှတ်ဉာဏ်စွမ်းရည် ထိုးတက်စေနိုင်တယ်လို့   ဖော်ပြထားပါတယ်။
Rush   Institute    for   Health    Aging   နဲ့ MIND    Center  for    Ba-rin   Health တို့ရဲ့  ဒါရိုက်တာဖြစ်တဲ့  ဒေါက်တာ Martha Clare  Morris  ရဲ့  သုတေသနအရတစ်ပတ်ကို   တစ်ကြိမ် ငါးစားသုံးသူတွေက  အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ  ၆၀   ရာခိုင်နှုန်းလျော့နည်းစေတယ်လို့ သိရပါတယ်။
ဆော်လမွန်၊  တူနာ၊  မက်ကရယ်၊  ငါးသလောက်နဲ့  ဆာဒင်းတို့လို အဆီများတဲ့ငါးတွေမှာ DHA  ကြွယ်ဝပါတယ်။   စားသောက်ပုံ  အာဟာရထဲမှာ အဆီဓာတ်အထူးသဖြင့်  ပြည့်ဝဆီနဲ့     trans   fats တွေထက် ဟင်းရွက်ဆီကို ပိုစားတဲ့အခါ  ဦးနှောက်အာရုံကြောယိုယွင်းမှု ရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
Author: 
မအေးသီမွန်
==========
Kumudra
https://www.kumudranews.com/news-26540
စတော်ဘယ်ရီကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ
====================
====================
စတော်ဘယ်ရီကို   အစိမ်းစား လို့ရသလို    ဖျော်ရည်ဖျော်သောက်တာ၊ သစ်သီးစုံသုပ်တွေထဲ  ထည့်စားတာမျိုး လုပ်လို့   ရပါတယ်။  စားလို့အရသာရှိတဲ့   စတော်ဘယ်ရီသီးလေးတွေက  ဘယ်လို များကျန်းမာရေးအတွက်    အကျိုးပြုပေး နေလဲ       ဆက်ကြည့်လိုက်ရအောင်ပါ။
စတော်ဘယ်ရီမှာ  အာဟာရတွေ၊   ဗီ တာမင်နဲ့  သတ္တုဓာတ်တွေ ကြွယ်ဝစွာပါ ဝင်နေသလို   ဗီတာမင်   စီ   ၊folate၊    ပိုတက် ဆီယမ်၊     manganese၊  မဂ္ဂနီဆီယမ်၊အမျှင် ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူးတွေက မျက်လုံးကျန်းမာစေနိုင်ပါတယ်
စားသုံးလိုက်တဲ့  အစားအသောက် တွေထဲမှာ  အာဟာရဓာတ်မပြည့်ဝတာ၊ free radicals တွေကြောင့် မျက်လုံးတွေ ထိခိုက်တာမျိုးမဖြစ်အောင်   ကာကွယ်ပေး နိုင်ပါတယ်။  စတော်ဘယ်ရီသီးက   မျက် ရည်ခန်းခြောက်တာ၊  မျက်လုံးအမြင်ဝါး တာ၊  အာရုံကြောထိခိုက်တာ၊    မျက်စိပိုးဝင် တာမျိုး မဖြစ်အောင်   ကာကွယ်ပေးပါ တယ်။   ပိုတက်ဆီယမ်  ပါဝင်တာကြောင့် စတော်ဘယ်ရီက   သွေးမတိုးအောင်လည်း ကာကွယ်ပေးပါသေးတယ်။
ကိုယ်ခံအားကောင်းစေတယ်
ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ကိုယ်ခံ အားကအရေးကြီးပါတယ်။   စတော်ဘယ်ရီ မှာ       ဗီတာမင်   စီ   လိုမျိုးဓာတ်တိုးဆန့်ကျင်  အာနိသင်တွေ  ပါဝင်နေတာကြောင့် တွေကြောင့်  အသားအရေတွေ   ထိခိုက် ပျက်စီးတာမျိုး မဖြစ်အောင်  ကာကွယ် ပေးပါတယ်။
အဆစ်အမျက်နာကျင်တာတွေကို   သက်သာစေနိုင်ပါတယ်
ကြွက်သားနဲ့  တစ်သျှူးတွေမှာ  ရေဓာတ်ခန်းခြောက်တာကြောင့်   အဆစ်တွေ လှုပ်ရှားမှုကို   ထိခိုက်စေတာမျိုး  မဖြစ် အောင်   ရေဓာတ်ဖြည့်တင်းပေးပါတယ်။ စတော်ဘယ်ရီမှာ  ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေနဲ့  အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အရာတွေကို   လျော့ပါးသက်သာစေ နိုင်တဲ့အာနိသင်တွေကြွယ်ဝတာကြောင့်  ဂေါက်ရောဂါနဲ့   အဆစ်အမျက်ရောင်ရမ်း တာတွေကို   လျော့ပါးသက်သာစေနိုင်မှာ ဖြစ်ပါတယ်။   စတော်ဘယ်ရီသီးကို     နေ့စဉ် စားသုံးပေးမယ်ဆိုရင်   အဆစ်အမျက်တွေ ရောင်ရမ်းတာကို  လျော့ပါးသက်သာစေ နိုင်မှာ   ဖြစ်ပါတယ်။
ကင်ဆာကာကွယ်ပေးတယ်
စတော်ဘယ်ရီမှာပါတဲ့ဗီတာမင်   စီ၊ folate,    anthocyanins,   quercetin      နဲ့ kaempferol   တို့က  ခန္ဓာကိုယ်ကို   ကျန်း မာစေနိုင်သလို  ကင်ဆာရောဂါမဖြစ် အောင်လည်း   ကာကွယ်ပေးနိုင်ပါတယ်။ စတော်ဘယ်ရီကို  နေ့စဉ်စားသုံးပေးမယ် ဆိုရင်  ကင်ဆာမဖြစ်နိုင်အောင်    ကာကွယ် ပေးနိုင်မှာပါ။
ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေနိုင်တယ်
အသက်အရွယ်ရလာတာနဲ့အမျှ မှတ်ဉာဏ်အားတွေက  နည်းလာတတ်ပါ တယ်။  ဒါတင်မဟုတ်ပါဘူး။   လှုပ်ရှားမှု တွေ၊  ကြွက်သားတွေ၊ခြေလက်လှုပ်ရှား မှုတွေကို   ထိန်းချုပ်နိုင်စွမ်းကလည်း လျော့ကျလာတတ်ပါတယ်။     စတော်ဘယ်ရီက ဦးနှောက်နဲ့  အာရုံကြောစနစ်တွေကို ကောင်းမွန်စေပြီး  အသက်အရွယ်ကြောင့် ဖြစ်တဲ့  မှတ်ဉာဏ်စွမ်းရည်ကျဆင်းမှုကို သက်သာစေနိုင်ပါတယ်။
သွေးတိုးကျစေနိုင်ပါတယ်
စတော်ဘယ်ရီမှာ  ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ကြွယ်ဝစွာ  ပါဝင်တာကြောင့် သွေးတိုးကျစေနိုင်သလို သွေတိုးကြောင့် သွေးကြောတွေ   ထိခိုက်မှုကို    လျော့ပါး သက်သာစေနိုင်ပါတယ်။  ခန္ဓာကိုယ်အ စိတ်အပိုင်းတွေဆီကို   သွေးမျှတစွာရောက် ရှိအောင်  ကူညီပေးပြီး   ကျန်းမာသန်စွမ်း နေစေအောင်   အထောက်အကူပြုပါတယ်။
နှလုံးကျန်းမာစေနိုင်တယ်
စတော်ဘယ်ရီမှာ   အဆီဓာတ်လုံးဝ ပါဝင်မှုမရှိဘဲ   အမျှင်ဓာတ်နဲ့    ဗီတာမင်   စီ   လိုမျိုး   ဓာတ်တိုးဆန့်ကျင်   အာနိသင်ရှိတဲ့ ဓာတ်တွေ   ကြွယ်ဝစွာပါဝင်တာကြောင့်  သွေဒတွင်းကိုလက်စထရောကို    ကျ ဆင်းစေပြီး  နှလုံးကျန်းမာစေပါ တယ်။   သွေးကြောတွေထဲ မှာ  ကိုလက်စထရောစုပုံမှုတွေမဖြစ်အောင်    ကာကွယ်ပေးပါတယ်။
ကိုယ်အလေးချိန်ကျစေတယ်
စတော်ဘယ်ရီမှာ   အစားစားချင်စိတ် ကိုလျော့ကျစေတဲ့    ဓာတ်တွေပါဝင်နေ တာကြောင့်   ကိုယ်အလေးချိန်ကျအောင်   အထောက်အကူပြုပေးပါတယ်။
မွေးရာပါချို့ယွင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်
စတော်ဘယ်ရီမှာ   ဖောလစ်အက် ဆစ်ကြွယ်ဝစွာ  ပါဝင်တာကြောင့်   ကိုယ် ဝန်ဆောင်မိခင်တွေစားသုံးပေးမယ်ဆို ရင်   မွေးလာမယ့် ကလေးမှာ    မွေးရာပါချို့ ယွင်းချက်မဖြစ်အောင်   ကာကွယ်ပေးနိုင် မှာ   ဖြစ်ပါတယ်။        
Author: 
မအေးသီမွန် 
==========
Kumudra
https://www.kumudranews.com/news-26515
Friday, 6 July 2018
တင်းတိပ်ပျောက်ဆေး
======================= ======================= ” တင်းတိပ်ဆိုတာ မျက်နှာ အသားကို နေပူလောင်တာ၊ မီးပူမိတာက စတာပါ “..” မီးအပူနဲ့ ချက်ရ ၊ ပြုတ်ရတာတွေလည်းပါတာပေါ့” သုံးရမှာက အိမ်မှာ ငွေလည်းမကုန် ၊ လွယ်လွယ်နဲ့ ရတဲ့ မီးဖိုချောင်ထဲက မြန်မာ့ တိုင်းရင်းဆေး ပစ္စည်း မကျည်းသီးမှည့် ပါဘဲ ။ ကျွန်တော် အဲဒီနည်းကို အမကြီးတွေ ၊ ညီမတွေကို ပေးပြီး စမ်းသပ် ခိုင်းတာ ဆယ်ရက် – ဆယ်ငါးရက်အတွင်း သိသိသာသာ ပျောက်သွား တာတွေကိုမျက်မြင် တွေ့ရလို့ မျှဝေပေးတာပါ ။ ဆေးနည်း ********* ၁ ။မကျည်းသီးမှည့် နည်းနည်းကို ခွက်တစ်ခုထဲမှာရေ နဲနဲထည့်ပြီး ပုံထဲက အတိုင်း မပျစ် မကျဲလေး ဖျော်ထားပါ ။ ၂ ။ အဲဒီ မကျည်းမှည့် ဖျော်ရည်ကို မနက်အိပ်ရာထ မျက်နှာသစ်ပြီး မျက်နှာ မှာ လိမ်းထားလိုက်ပါ ။ ( စ လိမ်းခါစမှာ စပ်ဖျင်းဖျင်းကလေး မျက်နှာမှာ ဖြစ်နေပြီး အေးအေးလေးနဲ့ မျက်နှာ တင်းတင်းလေးရှိနေမှာပါ ။ အပြင်သွားခါနီး၊အလုပ်သွားခါနီး မှ အဲဒီမန်ကျည်းမှည့်လိမ်းထားတာကို ရေနဲ့ မျက်နှာသစ်ပြီးဖျက်ပြီး သနပ်ခါး ၊ မိတ်ကပ် လိမ်းချင်ရာ လိမ်းပြီးသွားပေါ့ ။ ) ၃ ။ ည အိပ်ရာ ၀င်ခါနီး မျက်နှာသစ်ပြီး အဲဒီ မန်ကျည်းမှည့် ဖျော်ရည်ကို မျက်နှာမှာ ပါးပါးလေး လိမ်းပြီး အိပ်လိုက်ပါ ။ အနဲဆုံး တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပေးရင်ကို ရပါတယ် ။ ဆယ်ရက် ၊ ဆယ့်ငါးရက်လောက် လိမ်းကြည့်ရင်ကို သိသာလာမှာပါ ။ အန္တရာယ် မရှိတဲ့ မြန်မာ့ တိုင်းရင်းဆေး နည်းနဲ့ သဘာဝအတိုင်း မျက်နှာလေး တင်းပြီး နုချောလာတာကို တွေ့ရမှာပါလို့ လက်တွေ့ စမ်းသပ်ခဲ့ပြီး ပြောလိုက်ပါရစေ…။ ============== Morning News
Tuesday, 26 June 2018
   !
--------- သမီးရည်းစားစုံတွဲ ချိန်းတွေ့ရာမှ စကားများရန်ဖြစ်ကာ ပုလင်းကွဲဖြင့်​ထိုးမှုဖြစ်​ပွား အမရပူရမြို့နယ် တောင်သမန်ကျေးရွာအုပ်စု ထန်းတောကျေးရွာရှိ ရွှေဘုံသာသာသနာ့ရိပ်သာကျောင်းဝင်း အရှေ့တောင်ထောင့်၌ ဇွန်​ ၂၆ ရက်​ မွန်းလွဲပိုင်းက ရတနာပုံတက္ကသိုလ်မှ သမီးရည်းစားစုံတွဲ ချိန်းတွေ့ရာမှ စကားများရန်ဖြစ်​ကာ ပုလင်းကွဲဖြင့်​ထိုးမှုဖြစ်​ပွားခဲ့ပြီး ​ကျောင်းသူတစ်​ဦး ​သေဆုံးသွား​ကြောင်း သိရသည်​။ ရတနာပုံတက္ကသိုလ်မှ တတိယနှစ် ပထဝီဝင်​​ကျောင်းသား ထွန်းထွန်းကျော်(၂၀ နှစ်) မိုးမိတ်ခရိုင်၊ မဘိန်းမြို့နယ် ဝိုင်းလုံကျေးရွာနေသူနှင့်​ ဒုတိယနှစ် ဥပဒေ​ကျောင်းသူ မစောမြတ်မွန်​(၁၉ နှစ်) တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာနေသူတို့ သမီးရည်းစားသည်​ ချိန်းတွေ့ရာမှ စကားမျာရန်ဖြစ်ကာ ထွန်းထွန်းးကျော်မှ မစောမြတ်မွန်အား အနီးရှိပုလင်းခွံဟောင်းအား ရိုက်ခွဲပြီး ထိုးခဲ့သဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်​။ ​သေဆုံးသူအား လူနာတင်ယာဉ်ဖြင့် မန္ထလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး တရားခံ ထွန်းထွန်းကျော်အား အမရပူရမြို့မရဲစခန်း ရဲအုပ် မင်းပိုင်ဦးနှင့်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦးသတင်းရရှိသည်။ #TheMandalayNewsJournal
Friday, 22 June 2018
အစကတော့ ၄လက်မဆိုတာ ပုံမှန်ဆိုက်ဗျ။ ယောင်္ကျားလေးကော မိန်းကလေးကော အဆင်ပြေတယ်။
နောက်ပိုင်း ခေတ်က ပိုပွင့်လင်းပြီး အမြင်ကျယ်လာကျတော့ ၄လက်မခွဲလောက်ကို သေးတယ်ထင်လာကြတယ်။ ၅လက်မခွဲ ၆လက်မ လောက်မှ အားရတယ်လို့ ထင်လာကြတယ်။ တစ်ချို့ မိန်းကလေးတွေကြတော့ ၆လက်မက ကြီးလွန်းတယ် လက်နဲ့မဆန့်ဘူးပေါ့ ၅လက်မခွဲလောက်က အတော်ဘဲပေါ့။ ယောင်္ကျားလေးကြတော့ ကြီးလေကြိုက်လေဆိုတာမျိုး သူတို့ကြတော့ ၆လက်မလောက်မှ အားရတယ်ထင်ကြ တယ်။ အားလုံးက ကိုယ့်အကြိုက်နဲ့ ကိုယ်ပါဘဲနော့်။ .......... ဟန်းဖုန်းဆိုဒ်တွေ တဖြည်းဖြည်း ပြောင်းလဲလာလိုက်ကြတာ 😀 #စိုင်းမြတ်ကိုကိုဘုန်းလှိုင်
Wednesday, 20 June 2018
 
======================= ======================= နွေရာသီရောက်လာနဲ့အမျှ ညနေခင်းတွေဆို အပြင်မှာ လေညှင်းလေး ထွက်ခံရင်းနဲ့ အေးအေးဆေးဆေး အနားယူချင်ကြမှာပါ။ ဒါပေမယ့် ခြင်ကိုက်တဲ့ဒဏ်ကို မခံနိုင်လို့ အိမ်ထဲမှာပဲနေနေရကြပါတယ်။ ခြင်ကိုက်တဲ့အခါ ယားယံတာ၊ ယောင်ရမ်းတာတွေအပြင် များစွာသောရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လွယ်ကူရိုးရှင်းတဲ့ ခြင်မကိုက်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ကြက်သွန်ဖြူစားပါ ကြက်သွန်ဖြူအနံ့ကို ခြင်တွေအပြင် တခြားအင်းဆက်ပိုးမွှားတွေက မခံနိုင်ဘူးလို့ သိရပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူစားပေးခြင်းဖြင့် သင့်ရဲ့ ခံတွင်းမှာ ကျန်နေတဲ့အနံ့ကြောင့် ခြင်တွေက သင့်အနားကို လာတော့မှာ မဟုတ်ပါဘူး။ (၂) ပန်းသီးရှာလကာ ပန်းသီးရှာလကာရည်ကို ချဉ်တာမကြိုက်လျှင် ပျားရည်အနည်းငယ်ရောပြီး ရေတစ်ဖန်ခွက်နှင့် ဖျော်သောက်လိုက်ရင် သင်သတိမထားမိခင်မှာ သင့်ခန္ဓာကိုယ်ကနေ အဲ့ဒီ့အနံ့ထွက်လာမှာပါ။ သင်ကတော့ အဲ့ဒီ့အနံ့ကိုရမှာမဟုတ်ပေမယ့် ခြင်တွေကတော့ အနံ့ရတဲ့အတွက် သင့်ကိုကိုက်တော့မှာ မဟုတ်ပါဘူး။ (၃) သံပုရာနှင့်လေးညှင့်ပွင့် သံပုရာကို တစ်ခြမ်းခြမ်းလိုက်ပြီး လေးညှင်းပွင့် (၆) ပွင့်ခန့်ကို စိုက်လိုက်ကာ သင့်အနီးအနား ပတ်ဝန်းကျင်မှာ ထားလိုက်ရုံပါပဲ။ ခြင်တွေ လုံးဝမလာတော့ပါဘူးနော်။ Credit shwemom ============== Myanmar News
သင်နဲ့သင့်ချစ်သူ မှာ နှုတ်ခမ်းတဝိုက်မှဲ့ပါနေလား
======================= ======================= နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူ အများစုဟာသနားစရာ၊ ချစ်စရာအလွန်ကောင်းကြပါတယ်။ သူတို့တွေဟာအပြင်ပန်းမှာခက်ထန်ကြမ်းတမ်းတယ် ထင်ရပေမယ့်🎋🎋အတွင်းစိတ်သဘောထားကတော့ အလွန်နူးညံ့သိမ်မွေ့ပါတယ်?🔮🔮 ပွစိပွစိလုပ်တာကတော့ ဝါသနာပါ :-p သူများကိုကူညီလိုက်လို့ကိုယ့်မှာသုညဖြစ်သွား ခဲ့ရင်တောင် ကိုယ်ကူညီလိုက်တဲ့သူအဆင်ပြေနေတယ်ဆိုရင် ကြည်နူးပီတိဖြစ်နေတတ်တဲ့သူတွေပါ📲🔈🔉 နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေဟာ စေတနာလည်းအရမ်းကောင်းသလိုသံယောဇဉ်လည်းအလွန်ကြီးကြတဲ့သူတွေပါ။🎆သူတို့ဟာစိတ်ဆိုးစိတ်ကောက်လည်းလွယ်ပါတယ်။ခဏခဏလည်းစိတ်ဆိုးစိတ်ကောက်တတ်ပါတယ်😩😫စိတ်ကောက်လည်းခဏပဲ။ ချော့မယ့်သူရှိရင်တော့ဟန်အမူပိုပြီးဆက်ပြီးတော့စိတ်ကောက်ဟန်…ဆောင်နေတတ်ပါတယ်။ချော့မယ့်သူမရှိရင်တော့သူ့အလိုလိုပျော့သွားရော😂😂📹📷📹📷 နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူဟာချစ်သူအပေါ်မှာလည်းကလေးတစ်ယောက်လိုဆိုးနွဲ့ချင်ကြပါတယ်။🎋🎉🎊 အချစ်လည်းအရမ်းကြီးပါတယ်။🎈🎌🔮ဒါပေမယ့်အချစ်စိတ်ကြီးတော့ဘယ်လောက်ကြီးတဲ့အပြစ်ဖြစ်ဖြစ်စိတ်ရှည်သည်းခံပြီးနားလည်ခွင့်လွှတ် ပေးနိုင်တဲ့သူတွေပါ။🎤🎤🎧🎧ဒါပေမယ့်စိတ်ထဲမှာတော့မတင်မကျနဲ့အမြဲသံသယဖြစ်နေတတ်တယ်။ ဖြစ်ခဲ့သမျှ အတိတ်တွေကိုတော့ အမြဲမမေ့ဖျောက်နိုင်ပဲ အမှတ်ကြီးတဲ့သူတွေပါ။✂✂✂📂📁 နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေဟာအများအားဖြင့်ကိုယ့် ဘဝကို📏📐စိတ်ညစ်စရာကောင်းတယ်လို့ထင်နေတတ်ပါတယ်။သူများအကြည့်တွေကိုလည်း သည်းမခံနိုင်သလို သူ့ကိုသူများတွေကစိတ်ထဲမှာ🚴🏇🚴🏇ဘယ်လိုထင်နေမလဲဆိုတာကိုအမြဲသိချင်နေသူတွေပါ။📛📛 Aသွေးလေးတွေဟာကိုယ့်ကိုယ်ကိုလည်းမချစ်တတ်ဘူး။ …..သူများတကာတွေကိုလည်းတော်ရုံတန်ရုံအထင်မကြီးတတ်ဘူး🎼🎵🎶🎶🎵🎼 နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာတစ်ခါတစ်လေကိုယ့်ကိုယ်ကို…..တောင်o_O ယုံကြည်ဖို့ခက်ခဲနေတတ်တယ်။ သူ့မှာအတွေးအခေါ်ကောင်းတွေရှိနေတာတောင်… သူများစကားကိုယုံပြီးလက်ခံတတ်တဲ့အတွက် အလုပ်တစ်ခုကိုလုပ်မယ်ဆိုရင်လည်းစဉ်းစားနေတာနဲ့ပဲအချနိကုန်သွားတတ်တယ်။@}-;-‘– @}-;-‘-လုပ်လိုက်တဲ့ကိစ္စတစ်ခုကို အများအားဖြင့်ပြဿသ၁နာဖြစ်မယ်🎻🎺🎷၊ဆုံးရှုးံမယ်ဆိုပြီးမကောင်းတဲ့ဘက်ကပဲ အများအားဖြင့် တွေးလေ့ရှိတယ်။🏀⚽🏀 နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေဟာ ငြိမ်းချမ်းခြင်းကိုမြတ်နိုးသူတွေပါ။🍭🍭ဖြစ်နိုင်ရင်ကိုယ်တစ်ယောက်တည်းပဲ ငြိမ်းချမ်းစွာသာသာယာယာနေသွားချင်ကြတဲ့သူတွေပါ။🍮ငြိမ်းချမ်းရေးကိုမြတ်နိုးပေမယ့်လည်း တောင်းပန်ရမှာကိုတော့ သေလောက်အောင်မုန်းတယ်။သူအမှားတစ်ခုလုပ်မိပြီဆိုရင်လည်းနောင်တရမဆုံးဖြစ်နေတတ်တာနုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေပါ♕ ♕ ❆ နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာသူတစ်ပါးအပေါ်မှာကျတော့….. ဦးစားပေးတတ်တယ်။ ..❦ ❦ သနားတတ်တယ်။❦ ❦ အားနာတတ်တယ်။❦ ❦ ဒါပေမယ့်ကိုယ့်မိသားစုအပေါ်မှာတော့အနိုင်ယူချင်တယ်။♨ ♨ ♨ နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေကိုချစ်သူခင်သူလည်းပေါသလို❦ ❦ အပေါင်းအသင်းလည်းများပေမယ့် ….အများအားဖြင့်တစ်ယောက်တည်းနေရတာကိုပဲ…သဘောကျပြီးတစ်ယောက်တည်းပဲဖစ်နေတတ်ပါတယ်🍑🍑👲👳👲👳 နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေ ကဒေါသကလည်းအရမ်းကြီးတတ်တယ်။ ဒါပေမယ့်တော်ရုံတန်ရုံစိတ်မဆိုးတတ်ပါဘူး။☺☺စိတ်ကလည်းအရမ်းမြန်တယ်။ သူမှန်တယ်ထင်ရင်ဘယ်သူ့ကိုမဆို ရင်ဆိုင်ရဲတယ်။ ဘာမဆိုလုပ်ရဲတယ်။ ကိစ္စတစ်ခုကိုလုပ်ချင်ပြီဆိုရင်လည်းဇွတ်လုပ်တတ်တယ်။😄😃သူ့ကိုမခံချင်အောင်၊…ဒေါသထွက်အောင်မထိတထိသွားလုပ်တဲ့သူတွေဆို …အရွဲ့ပြန်တိုက်ရ်မှကိုကျေနပ်တယ်။ စိတ်တိုနေပြီဆိုရင်တော့😠😠မျက်နှာထားကတင်းတင်းနဲ့ တစ်လောကလုံးသူ့လုပ်စာကိုပဲထိုင်စားနေရသလို 😡😡ဘယ်သူနဲ့မှကိုစကားမပြောချင်တော့ဘူး😷😷😷😷😷 နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာသူများအပေါ်မှာလည်းကိုယ့် သိက္ခာအကျခံပြီးတော့ကိုကူညီပေးတတ်တဲ့သူတွေပါ။ မိသားစုနဲ့ပတ်သတ်ရင်လည်းသံယောဇဉ်အရမ်းကြီးပြီးခင်တွယ်တတ်တယ်။😘😘 နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာချစ်သူအပေါ်မှာလည်း….ကိုယ့်ရဲ့စိတ်ကူးထက်ချစ်သူရဲ့ စိတ်ကူးကိုပိုပြီးဦးစားပေးတတ်ကြပါတယ်။ 😍😍😍ကိုယ်ချစ်တဲ့သူကိုလည်းလိုတာထက်ပိုပြီးတော့သဝန်တိုတတ်ကြတယ်။ ပြီးတော့စိထဲမှာရှိတိာကုပွင့်ပွင့်လင်းလင်းမပြောရဲကြဘူး➳ ➳ ➳ နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာချစ်သူကိုအရမ်းချစ်သလောက် မြတ်နိုးသလောက် ဂရုစိုက်သလောက် ကြင်နာ သလောက် တွယ်တာသလောက် အလေးထားသလောက် နားလည်မှု တွေခွင့်လွှတ်မှုတွေရှိသလောက် အများအားဖြင့် သူ့ချစ်သူအပေါ်သူပေးနိုင်သလောက်ပြန်မရတတ်ကြပါဘူး😥😥 နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာတစ်ယောက်ဆိုတစ်ယောက်ပိတောက်ဆိုပိတောက်ပါပဲ်??????ဘူးဆိုဖရုံမသီးတတ်ပါဘူး😎😎စိတ်ခံစားမှုကလည်းအရမ်းပြင်းထန်တဲ့အတွက် ချစ်သူနဲ့ပတ်သတ်ပြီးဘာမဟုတ်တာလေးကအစ စိတ်ထဲမှာဝမ်းနည်းခံစားတတ်ပါတယ်။😩😫 ============== Morning News
Sunday, 17 June 2018
လိုက်ချီးသီး နှင့် ကြောက်စရာ အသက်အန္တရာယ်
======================= ======================= လိုက်ချီးသီး နှင့် အသက်အန္တရာယ် လိုက်ချီးသီးသည် မြန်မာနိုင်ငံတွင် အသီး အနေနှင့်တစ်ဖုံ ဖျော်ရည်အနေနှင့်တစ်သွယ် တာရှည်ခံထုပ်ပိုးမှုဖြင့်တစ်မျိုး စားသုံးမှုများပြီး လူကြိုက်များသော အသီး တစ်မျိုးဖြစ် သည်။ ချိုပြီး အလွန်အရသာရှိသောအသီး ဖြစ်သည်။ နှစ်ပေါင်း များစွာ ကျွန်ုပ်တို့စားသုံးခဲ့ကြပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြသည်။ ရာသီစာ အသီး အနှံဖြစ်ပြီး တာရှည်ခံပုံစံဖြင့် တစ်နှစ်ပတ်လုံး ရရှိနိုင် အောင် စီမံစားသုံးကြသည်။ နီညိုရောင်အခွံရှိပြီး အခွံအတွင်းရှိ နူးညံ့ဖြူဖွေး၍ ချိုသောအတွင်း အပိုင်းကို ကျွန်ုပ်တို့ စားသုံးရသည်။ အတွင်းဆုံးတွင်တော့ မာကျော သောအစေ့ရှိသည်။ လိုက်ချီးသီးကိုထမင်းစားပြီး အချိုပွဲအဖြစ် စားသုံးလေ့ ရှိပါသည်။ လိုက်ချီးသီးသည် ရာသီစာ ဆိုသော်လည်း ဆီးသီးလောက်ဈေး မပေါ၊ သရက်သီး လိုလည်း အလွယ် တကူမရရှိနိုင်ပါ။ ထို့ကြောင့် လိုက်ချီးသီးကို အချိုပွဲအဖြစ် စားသုံးသည့်အခါ တစ်လုံးကနေ သုံးလုံး လောက်သာ စားသုံးကြရသည်။ လိုက်ချီးသီးစားသုံးပြီး သေဆုံးနိုင်ပါသလား ယခုနှစ် ဖေဖော်ဝါရီလထုတ် ဘီဘီစီသတင်းအရ အိန္ဒိယမှကလေးငယ်များ လိုက်ချီးသီး စားသုံးပြီးနောက် သေဆုံးခဲ့ကြသည်။ အမေရိကန်နှင့် အိန္ဒိယသိပ္ပံပညာရှင် များအဆိုအရ အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် အစာအိမ် ထဲတွင် အစာမရှိဘဲ လိုက်ချီးသီးစားသုံးခြင်းကြောင့် တစ်နှစ်လျှင် ကလေးငယ် ၁ဝဝ ကျော်ထူးဆန်းသော ရောဂါဖြင့်သေဆုံးခဲ့ကြောင်း သိရသည်။ လေ့လာဆန်းစစ်မှုများအရ အိန္ဒိယနိုင်ငံ ဘီဟား ဒေသရှိ ပုံမှန်ကျန်းမာသော ကလေးငယ်များသည် ရုတ်တရက် ဝက်ရူးပြန်ရောဂါကဲ့သို့ အတက်ရောဂါခံစား ရပြီး သတိမေ့ကာဆေးရုံသို့ရောက်ရှိခဲ့ကြသည်။ ဆေးရုံ တက်လူနာများ၏ ထက်ဝက်ခန့်မှာ အသက်ဆုံးပါးသွား ကြသည်။ ဆရာဝန်များသည် လိုက်ချီးသီးကြောင့် အဆိပ်သင့်သည်ဟု သုံးသပ်ခဲ့ ကြသည်။ ဤကဲ့သို့ ရုတ်တရက် ဝက်ရူးပြန်ရောဂါကဲ့သို့ အတက်ရောဂါဖြစ်ပွားသည့် ကလေးငယ်အများစုမှာ ဆင်းရဲ နွမ်းပါး သူများဖြစ်ကြပြီး လိုက်ချီးသီးအများဆုံးထွက်ရှိသည့် ဒေသတွင်နေထိုင်သူ အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။ မြေကြီးပေါ်သို့ ကြွေကျနေသော လိုက်ချီးသီးများကို ဤကလေးများက အားရပါးရ ကောက်ယူ စားသုံးကြသည်။ ဤသို့ စားသုံး သည့်အချိန်မှာ ညနေစာလည်း မစားရသေးပေ။ သူတို့၏ အစာအိမ်ထဲတွင် လိုက်ချီးသီးမှ ထွက်လာသည့် ဓာတ် တစ်မျိုးမှ ကလေးများ၏ ကိုယ်တွင်းရှိ သကြားဓာတ်ကို လျော့စေပါသည်။ ကျွန်ုပ်တို့ခန္ဓာကိုယ်ရှိဆဲလ်များ အလုပ်လုပ်ရန်ရှင်သန် ရန်အတွက် ဂလူးကို့စ် ခေါ် သကြားဓာတ်လိုအပ်ပါသည်။ သကြားဓာတ်နည်းလျှင် ကျွန်ုပ်တို့ခန္ဓာကိုယ်ရှိ ဆဲလ်များ မရှင်သန်နိုင်ပါ၊ သေဆုံးသွားနိုင်ပါသည်။ ခန္ဓာကိုယ်ရှိ သကြား ဓာတ် နည်းခြင်းကို ဆတ်ဆတ်ထိမခံနိုင်သော ဆဲလ်များ ဦးနှောက်တွင်ရှိပါသည်။ သကြားဓာတ်အနည်း ငယ်နည်းလျှင် ခံစားရနိုင်သည့် လက္ခဏာများမှာ မူးဝေခြင်း၊ ရင်တုန်ခြင်း၊ လက်တုန်ခြင်း၊ ချွေးစေးပြန်ခြင်းများဖြစ်ပြီး ဤလက္ခဏာ များကို အသက်ကြီးလွန်းသူ အဘိုး၊ အဘွားများနှင့် အသက်ငယ်သော ကလေးများက ပြောပြတတ်မည် မဟုတ် ချေ။ ထို့ထက်ပို၍ သကြားဓာတ်နည်း လာသော် ဝက်ရူးပြန်သကဲ့သို့တက်ခြင်း၊ ကယောင်ကတမ်း ပြောခြင်းနှင့် သတိမေ့ခြင်း တို့ဖြစ်စေနိုင်သည်။ အသက် အန္တရာယ်ဆုံးရှုံးသွားနိုင်သည်။ ဤဘီဟားဒေသမှ ကလေးများသည် ဝက်ရူးပြန်သကဲ့သို့ တက်ခြင်း၊ သတိမေ့ခြင်း စသောလက္ခဏာများသည် သွေးတွင်း သကြားဓာတ် နည်းခြင်းကြောင့်ဖြစ် ကြောင်း တွေ့ ရှိရသည်။ အချို့ကလေးများသည် ကိုမာခေါ် သတိမေ့မြော သွားပြီး သေဆုံးသွားကြရခြင်းမှာ သကြားဓာတ် အလွန်အမင်း နည်းသွားခြင်းကြောင့်ဖြစ်သည်။ ဤကလေး များတွင် အစာအိမ်ထဲ၌ အစာမရှိသဖြင့် သကြားဓာတ်ကျခြင်းကို ခန္ဓာကိုယ်မှ ပံ့ပိုးပေးနိုင်ခြင်းမရှိပေ။ ထို့ပြင် စားလိုက်သည့် လိုက်ချီးသီး၏ အစွမ်း သည်လည်း စောစော စီးစီး ပြလိုက်ခြင်းဖြစ်သည်။ အခြားအလားတူဖြစ်ရပ်တစ်ခုမှာ ကာရစ်ဘီယံရှိ မူဇက်ဖာပါဆေးရုံတွင် ၂ဝ၁၄ ခုနှစ်၌ဖြစ်ပွားခဲ့သည်။ ဤဒေသတွင် လည်း မူလကသွား သွားလာလာဆော့ကစား နေသည့် ကလေး အများအပြား ရုတ်တရက် ဝက်ရူးပြန်သကဲ့သို့ တက်ပြီး အချို့မှာ သေဆုံးသွားကြောင်းတွေ့ရသည်။ ဤဖြစ်စဉ်ကို လေ့လာကြည့်သောအခါ ထိုကလေးများသည် အက်ကီး ခေါ် အသီးတစ်မျိုးကိုစားပြီး နာရီပိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။ ဓာတ်ခွဲ စမ်းသပ်တွေ့ရှိချက်များအရ ယင်းအက်ကီး သီးတွင် ဟိုင်ပိုဂလိုင်စင်ခေါ် ဓာတ်တစ်မျိုး ပါဝင်ကြောင်း တွေ့ရသည်။ ယင်းဟိုင်ပိုဂလိုင်စင်သည် သွေးအ တွင်းရှိ သကြားဓာတ်ကို လျော့နည်းစေသည်။ လိုက်ချီးသီးတွင်လည်း အက်ကီးသီးကဲ့သို့ ဟိုင်ပို ဂလိုင်စင် ပါဝင်ကြောင်းတွေ့ရသည်။ ဤသုတေသနတွေ့ရှိချက်အပေါ် နောက်ထပ် အလားတူဖြစ်ရပ်များမဖြစ်စေရန် ကျန်းမာ ရေးပ ညာပေးမှုများ ပြုလုပ်ကြရသည်။ ကလေးများနှင့် ကလေး အုပ်ထိန်းသူ မိဘများကို ညနေစာစားပြီးမှ လိုက်ချီးသီးစားရန် အကြံပေး လိုက်ရပါသည်။ တန်ဆေး လွန်ဘေးဆိုသကဲ့သို့ လိုက်ချီးသီးကိုလည်း အများကြီး မစားသင့်ကြောင်း အကြံပြုလိုက်ရပါသည်။ ကျန်းမာရေး စောင့်ရှောက်မှုပေးသည့်ဝန်ထမ်းများကိုလည်း လိုက်ချီးသီးကြောင့် သကြားဓာတ် နည်းပြီး အထက်ပါလက္ခဏာများ ဖြစ်ပွားနိုင်ကြောင်း သတိပြုရန်အကြံပြုရပါသည်။ ကျွန်ုပ်တို့ တိုင်းပြည်တွင် လိုက်ချီး သီး စားသုံးမှု များပြားသဖြင့် လိုက်ချီးသီးနှင့် အသက်အန္တရာယ် အကြောင်း သတိပြုစေ ရန် ဤဆောင်းပါးဖြင့် တင်ပြလိုက်ရပါသည်။ အခြားနိုင်ငံများ၏ ဖြစ်ပွားမှုနှင့် လေ့လာတွေ့ရှိချက်ကို သင်ခန်းစာ ယူရမည် ဖြစ်ပါသည်။ ကျွန်မတို့ ဆရာဝန်၊ ဆရာမများအပါအဝင် အားလုံး လက်ခံထားသည်မှာ ”ဘယ်အသီးအချိုကို စားစား ခန္ဓာကိုယ် အတွင်းရှိ သကြားဓာတ်တက်မည်”ဟုသာ လက်ခံ ထားကြပါသည်။ ဥပမာ – ဆီးချိုရောဂါဝေဒနာရှင် တစ်ဦး ဆီးချိုဆေး လွန်ကဲ မှုကြောင့် သကြားဓာတ်နည်းပြီး ဆေးရုံသို့ရောက်လာပါက လိုက်ချီးသီးချိုချိုလေး ကို ကျွေး မိကောင်း ကျွေးမိနိုင် ပါသည်။ ဤသို့ပြုမိပါက လူနာအတွက် အသက်အန္တရာယ် ရှိပါသည်။ ထို့ပြင် ကျွန်မတို့ ဆေးလောကတွင် လိုက်ချီးသီးကို ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် ကုသဆေးအနေဖြင့် သုတေ သန စမ်းသပ်မှုများ ပြုလုပ်သင့်ပါသည်။ ။ --- ပါမောက္ခ-ဒေါက်တာ ခင်ဖြူပြာ Source : မြ၀တီ Photo credit ============== Morning News
Saturday, 16 June 2018
အကြမ်းစား ပုံတွေ တင်လိုက်တဲ့ နန်းသီရိမောင်
Hola Mi amour..Bella Bella ??🎶♥️🎶♥️ Model _ Nang Thiri Maung(IsaBella) Foto - Thein Zaw Win ( Photo Magic ) Makeup - Chuu (TWT)
Saturday, 9 June 2018
ကလေး ၂၂ ယောက်မိခင် စမ်းချောင်းမှာနေသည်
နှင်းမောင်ဦး 'ကျွန်မကလေးတွေကို နှလုံးသားနဲ့ မွေးပါတယ်' စမ်းချောင်းမြို့နယ် တရုတ်ကျောင်းလမ်း တိုက်နံပါတ် ၃ဝ၊ ရှစ်လွှာတွင် မရှင်ငြိမ်းမယ် တစ်ယောက် ကလေးငယ်များနှင့် ဗျာများနေသည်။ ကလေးငယ်များကို သူပြုစုယုယနေပုံက မြင်ရသူကို ကြည်နူးစေသည်။ လူတိုင်းနီးပါး စားဝတ်နေရေးခက်ခဲနေသည့် ယနေ့အချိန်အခါတွင် ကလေး ၂၂ ယောက်၏ မိခင်ဖြစ်ရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်။ ထို့ပြင် သူ့ကို မှီခိုနေသည့် ကိုယ်ဝန်ဆောင်မိခင် ၄ဝ နီးပါး အဆင်ပြေစွာ မွေးဖွားနိုင်ရန်အတွက်လည်း မရှင်ငြိမ်းမယ် လုံးပန်းနေရသည်။ ရည်းစားဖြစ်သူ (သို့မဟုတ်) ယောက်ျားဖြစ်သူတို့နှင့် စိတ်အလိုလိုက်ကာ ကိုယ်ဝန်ရရှိခဲ့ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ရသည့် အမျိုးသမီး များအဆင်ပြေလွယ်ကူစွာ မီးဖွားနိုင်ရန်အတွက် မရှင်ငြိမ်းမယ်က ၂ဝ၁၄ ခုနှစ်မှစ၍ စတင်ကူညီခဲ့ခြင်း ဖြစ်သည်။ မီးဖွားပြီးနောက် မိခင်ဖြစ်သူများက စွန့်ပစ်ခဲ့သည့် ကလေးငယ်များကို တရားဝင် မွေးစားခြင်းဖြင့် ကလေးများစွာ၏ မိခင်ဖြစ်လာခဲ့သည်။ ကလေးအများကြီးနှင့် နေရသည်ကို သူကိုယ်တိုင်က သဘောကျနေသည်။ ''ကျွန်မငယ်ငယ်က အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ပြီးတော့ ကျွန်မတို့ သဘောထားချင်း မတိုက်ဆိုင်လို့ ကွဲခဲ့ကြတယ်။ အဲဒီမှာ သူနဲ့ရတဲ့ ကိုယ်ဝန်ပါလာတယ်။ သမီးကလေး မွေးတယ်။ အဲဒီအတွက်ကြောင့် ယောက်ျားမရှိဘဲနဲ့ ကလေးမွေးရတဲ့ ခံစားချက်၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ဒဏ်တွေကို ခံခဲ့ရတော့ ကိုယ်ချင်းစာစိတ်နဲ့ ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာ ပါ''ဟု For Mommy - မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ ကူညီရေးကို စတင်တည်ထောင်သူ မရှင်ငြိမ်းမယ်က ပြောသည်။ အသက် ၃၈ နှစ် ရှိပြီဖြစ်သည့် မရှင်ငြိမ်းမယ်တွင် သွေးသားနှင့်မွေးရသည့် ကလေးက တစ်ယောက်တည်းသာ ရှိသော်လည်း နှလုံးသားနှင့် မွေးထား သည့် ကလေးက ၂၁ ယောက်ရှိသည်။ ထို့ကြောင့် သူသည် ကလေးငယ် ၂၂ ယောက်၏ မိခင်ဖြစ်သည်။ သမီးအရင်းမှာ မူကြိုတက်နေပြီဖြစ်ပြီး နှလုံးသားနှင့်မွေးထားသည့် ကလေးငယ်များအနက် အကြီးဆုံးမှာ တစ်နှစ်နှင့် ခြောက်လသာရှိပြီး ကျန်ကလေးငယ်အများစုမှာ လသား အရွယ် လေးများ ဖြစ်သည်။ လက်ရှိနေထိုင်သည့် စမ်းချောင်းတွင် နှလုံးသားနှင့် မွေးထားသည့်ကလေးငယ် ၁၆ ဦးရှိပြီး သန်လျင် သဘာဝ တရားရိပ်သာ တွင် ကလေးငယ် ငါးဦးရှိသည်။ နေ့စဉ်သန်လျင်နှင့် စမ်းချောင်းကို ကူးချည်သန်းချည်လုပ်ကာ ကလေးငယ်များကို အချိန်ပေးနေရသည့်အပြင် လှည်တန်းတွင်ရှိ သည့် သွေးသားနှင့်မွေးထားသော သမီးငယ်အတွက် လည်း အချိန်ပေးရပြန်သည်။ သူမွေးစားထားသည့် ကလေးငယ် ၂၁ ယောက်သည် ပုံစံမျိုးစုံ၊ အလွှာမျိုးစုံ က အမျိုးသမီးများ၏ သား သမီးရင်းခြာများဖြစ်သော်လည်း သူသည် ကလေး အားလုံးကို သူ့သားသမီးအရင်းတွေလို ပြုစုစောင့်ရှောက်နေ သည်ကို တွေ့ရသည်။ မရှင်ငြိမ်းမယ်သည် မာမီကွတ်(Mommy Cook) ဟူသော အမည်ဖြင့် Facebook တွင် ကလေးငယ်များအား ကျွေးမွေးသင့်သည့် အစားအစာ များကို မျှဝေခဲ့ရာမှ သူ၏အမည်ကိုလည်း မာမီကွတ်ဟု လူသိများလာခဲ့ သည်။ ''ကျွန်မတို့နိုင်ငံမှာ ကလေးငယ်တွေနဲ့ ပတ်သက်လို့ ဖြည့်စွက်စာ ကျွေးတဲ့ နေရာမှာ မိခင်တွေက ဟိုဟာ စားရင်ဘာဖြစ်မယ်၊ ဒီဟာစားရင် ဘာဖြစ်မယ် ဆိုတဲ့ ရှေးရိုးစွဲအယူအဆ ကျင့်သုံးနေကြတုန်းပဲ။ အဲဒီအတွက် အာဟာရပြည့်ဝအောင် ဘယ်လို အစားအစာတွေ ကျွေးသင့်တယ်ဆိုတာ ကို Facebook ကနေ ချက်ပြုတ်ပြရင်းနဲ့ လူသိများလာခဲ့တာ။ နောက်ပိုင်း မှာ Single Mother တွေကို ကလေးမွေးပေးတဲ့အလုပ်ကို ပရဟိတ အနေနဲ့ လုပ်ခဲ့တာ''ဟု ၄င်းက ပြောသည်။ မာမီကွတ်၏ ကလေးမွေးပေးခြင်းအလုပ်သည် အလွန်အောင်မြင်သည်ဟု ဆိုရမည်ဖြစ်သည်။ လေးနှစ်တာကာလအတွင်း ကိုယ်ဝန်ဆောင်မိခင် ၃ဝဝ နီးပါးကို အောင်မြင်စွာ မွေးဖွားနိုင်ရန် ကူညီပေးနိုင်ခဲ့ပြီး ထပ်မံ၍လည်း အားကိုးတကြီး ဆက်သွယ်လာကြသူများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ''ကျွန်မတို့ For Mommy - မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ ကူညီရေး Facebook ရဲ့ Messenger က ဆက်သွယ်ကြတယ်။ ကျွန်မအတွက်က သူတို့ ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အရေးမကြီးဘူး။ မိခင်နဲ့ ဗိုက်ထဲက ကလေးပဲ ကျွန်မအတွက် အရေးကြီးတယ်။ သူတို့အန္တရာယ်ကင်းစွာ မွေးနိုင်ဖို့ပဲ ကျွန်မ ကြိုးစားတယ်။ အကူအညီတောင်းတဲ့သူ အများစုက အသက် (၂ဝ) ဝန်းကျင်တွေ များတယ်။ ပညာတတ်တွေလည်း ပါတယ်။ ဆွေမျိုးအရင်းက အဓမ္မပြု ကျင့်ခံရတာတွေလည်း ပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ ကျွန်မတို့က သူတို့ပြောသလောက်ပဲ သိရတာ။ ရောက်လာတဲ့သူတိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ အခုဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကူညီပေးရသလို ဖြစ်နေတယ်''ဟု ၄င်းကပြောသည်။ ကလေးမွေးရန်အတွက် လာရောက်ဆက်သွယ်သူ အများစုကို ပြင်ဦးလွင်မြို့ ဆေးရုံကြီးတွင် မွေးဖွားနိုင်ရန် စီစဉ်ပေးထားပြီး ကိုယ်ဝန်ဆောင်များ နေရန်အတွက် တိုက်နှစ်လုံးကိုလည်း သဘာဝတရား ရိပ်သာ ဆရာတော်က လှူဒါန်းပေးထားသည်။ ပြင်ဦးလွင်တွင် မရှင်ငြိမ်းမယ်၏ မိခင်က ကိုယ်ဝန်ဆောင်များကို စောင့်ရှောက်ပေးလျက် ရှိနေပြီး မာမီကွတ်ကဟုဆိုလျှင် ပြင်ဦးလွင်ဆေးရုံက သေချာစွာ ဂရုစိုက် ကုသ၍ မွေးဖွားပေးကြောင်း သိရသည်။ မရှင်ငြိမ်းမယ်သည် ပိုလန်နိုင်ငံအခြေစိုက် ASEAN DNA Center ၏ အာဆီယံကိုယ်စားလှယ် တာဝန်ယူထားသည့်အတွက် မြန်မာနိုင်ငံမှ DNA စစ်လိုသူများ နှင့် အာဆီယံနိုင်ငံအချို့မှ DNA စစ်လိုသူများကို ကူညီ ဆောင် ရွက်ပေးခြင်းဖြင့် လစာဝင်ငွေကောင်းစွာ ရရှိနေသည်။ သို့သော် ကလေး ငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်များအတွက် ကုန်ကျ စရိတ်များသည် လစဉ်မြင့်တက်လာလျက်ရှိပြီး တစ်လလျှင် သိန်း ၆ဝ နီးပါး ကုန်ကျမှုရှိလာသည့်အတွက် မနိုင်ဝန်ထမ်းရသလို ဖြစ်လာခဲ့ရသည်။ သို့ရာတွင် သူတော်ကောင်းကို နတ်ကောင်းမသည်ဟု ဆိုရမည်ဖြစ်သည်။ သန်လျင် သဘာဝတရား ရိပ်သာဆရာတော်က မာမီကွတ်အတွက် လိုအပ်သည်များကို အဓိကကူညီထောက်ပံ့ပေးလျက်ရှိနေသည်။ ''ဆရာတော်ကြီးက ကျွန်မတို့ကို ဆန်၊ ဆီ၊ ဆား ငွေကြေးနဲ့ တိုက်ခန်းတွေ ပေးထားပါတယ်။ ကလေးမွေးပြီးတဲ့ အမျိုးသမီးလေးတွေကို ကလေးတွေနဲ့ တိုက်ခန်း တွေမှာ ထားပါတယ်။ အရင်တုန်းကတော့ ကျွန်မ အလှူငွေ လက်မခံခဲ့ဘူး။ ကျွန်မက မိဘမဲ့ ဂေဟာ ဖွင့်ထားတာလဲ မဟုတ်ဘူးလေ။ အခုတော့ စောင့်ရှောက်ရတဲ့ ကလေးတွေက များလာတဲ့အတွက် လာလှူတဲ့ အလှူငွေတွေကို လက်ခံဖြစ်ပါတယ်။ အခုကျွန်မ ကလေးတွေနဲ့ နေတဲ့ တိုက်ခန်းကိုလည်း အလှူရှင်တွေက ကျွန်မတို့ နေရာအခက်အခဲ ရှိတဲ့အတွက် ပေးနေတာပါ။ ဆရာတော်ကြီးက အများဆုံး ကူညီတာပေါ့''ဟု မရှင်ငြိမ်းမယ်က ပြောသည်။ ပရဟိတ စလုပ်ခါစတွင် စိတ်မထားတတ်သေးသည့်အတွက် ဝမ်းနည်းမှုများ ကြုံတွေ့ခဲ့ရသော်လည်း သဘာဝတရားရိပ်သာ ဆရာတော်ထံတွင် ယောဂီဝတ်ခဲ့ပြီးနောက် စိတ်ထားတတ်သွားပြီး သင့်တင့်စွာ နှလုံးသွင်း တတ်သွားခဲ့သည်ဟု ဆိုသည်။ ''အရင်တုန်းက ကိုယ်ဝန်ဆောင်တွေငိုရင် ကိုယ်ပါ လိုက်ငိုတယ်။ ကလေးတွေ ငိုရင်လည်း ကိုယ်ပါ လိုက်ငိုတယ်။ အရင်တုန်းက ကလေးကို မွေးစားဖို့ ပေးလိုက်ရပြီဆိုရင်လည်း ဝမ်းနည်းလို့ မအိပ်နိုင်၊ မစားနိုင်ဖြစ်ခဲ့ရ တယ်။ အခုတော့ ကလေးမွေးစားချင်တယ်လို့ လာတောင်းရင် သဘာဝတရားရိပ်သာ ဆရာတော်ကြီးဆီကိုပဲ လွှတ်လိုက်တော့တယ်။ ဆရာတော်တို့ကျတော့ အသိုင်းအဝိုင်း ပိုတောင့်တယ်လေ။ ရှေ့နေကောင်းကောင်းတွေလည်း ရှိတယ်။ သေသေချာချာမေးမြန်းပြီးတော့မှ မွေးစားခွင့်ပေးတာပေါ့။ စိတ်ခံစားရတာတွေ တအားများတဲ့အတွက် ကျွန်မ နှလုံးရောဂါပါ ရသွားတယ်။ နောက်ဆရာတော်နဲ့ တွေ့တော့မှ စိတ်ထားတတ်သွား တာ''ဟု မရှင်ငြိမ်းမယ်က ပြောသည်။ မည်မျှပင် ကောင်းမွန်သည့်အလုပ်ကို လုပ်စေကာမူ အနှောင့်အယှက် အခက်အခဲများ ကြုံတွေ့ရစမြဲဖြစ်သည်။ မရှင်ငြိမ်းမယ် ကြုံတွေ့ခဲ့ရသည့် အဖြစ်ကလည်း ရင်နာစရာကောင်းလှသည်။ သူစောင့်ရှောက်ထားသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးက သူ့ဆီက ကွန်ပျူတာ၊ ရွှေ နှင့် ငွေများကို ခိုးယူထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ ''အစက ဒေါသထွက်တာ။ ငါစောင့်ရှောက်ထားတာတောင် ဒီလိုလုပ်ရပါ့ မလား ဆိုပြီးတော့ စိတ်မကောင်းဖြစ်မိတယ်။ ပစ္စည်းကလည်း တချို့ တစ်ဝက် ပြန်ရပါတယ်။ အမှုတော့ မဖွင့်ဖြစ်ခဲ့ပါဘူး''ဟု ၄င်းက ဆိုသည်။ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအတွက် ပစ္စုပ္ပန်တွင် အကောင်းဆုံး လုပ်ဆောင်ပေးနေသည့် မရှင်ငြိမ်းမယ်က အနာဂတ်အတွက် ကံစီမံရာ အတိုင်း သာဟု ပြောသည်။ ''ကျွန်မ တတ်နိုင်သလောက် လုပ်နိုင်သရွေ့တော့ လုပ်သွားဦးမှာပါ။ ကျွန်မ သေသွားရင်တော့ ကလေးတွေရဲ့ ကံအတိုင်းပဲပေါ့ ...'' နှင်းမောင်ဦး The Speaker သတင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၂၆) ၂၀၁၈ ဇွန် ၈
Saturday, 2 June 2018
    
Friday, 1 June 2018
" "
"တောက် … မင်းတို့ကောင်တွေ တစ်ယောက်မှ သောက်သုံးမကျဘူး ကမ္ဘာကို ခြိမ်းခြောက်နိုင်တဲ့ ငါတို့တွေက ဒီ မြန်မာနိုင်ငံနဲ့ တွေ့မှ အရှက်ဗြန်းဗြန်းကွဲရတော့မယ်" ISIS ရဲ့ ခေါင်းဆောင်ကြီး အဗူဘကာ ပေါက်ကွဲပြီ အစည်းအဝေးခန်းမကြီး တစ်ခုလုံး တိတ်နေတာဘဲ အဗူဘကာကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ် "ရာရှစ်လဲ သေပြီမလား"
"ဟုတ် ဟုတ်ပါတယ် … ရာရှစ်ဘိုင် ကျသွားပါပြီ…" "တောက်" ရာရှစ်ဆိုတာက နယ်နယ်ရရတော့ မဟုတ်ဘူး ပြင်သစ်ကို ဖောက်ခွဲတုံးက ဦးဆောင်တဲ့လူ ဖောက်ခွဲရေးမှာတော့ ဆရာတစ်ဆူဘဲ ဒါပေမဲ့ ပြင်သစ်မှာတုံးကမသေဘဲ မြန်မာပြည်ရောက်မှ သေတယ် လွန်ခဲ့တဲ့တစ်ပတ်က အဗူဘကာ ကိုယ်တိုင် ရာရှစ်ကို အသေခံဗုံးခွဲဖို့ မြန်မာပြည်ကို လွှတ်လိုက်တာ ရာရှစ်သေတယ် ဒါပေမဲ့ ဗုံးမကွဲသွားဘူး အဗူဘကာ ခံပြင်းတာ အဲ့ဒါ … ရာရှစ်ခမျာမှာလဲ အမိန့်အတိုင်း ဗုံးဂျတ်ကတ်ဝတ်ပြီး လူအစည်ကားဆုံးဖြစ်တဲ့ ရေကျော်ပွဲဈေးကို သွားခဲ့တာဘဲ လူကလဲ များပါ့ ကြိတ်ကြိတ်တိုးဘဲ ရာရှစ် ပြုံးတယ် ဟုတ်တယ်လေ … လူများလေ ရာရှစ် ကြိုက်လေဘဲလေ ရာရှစ်က ဗုံးဂျတ်ကတ်ကို အထဲခံဝတ်ထားတယ် ဒါပေမဲ့ အဲ့ဒါကို ခွဲမှာ မဟုတ်ဘူး ပြေးမလွတ်မှ စနက်တံဖြုတ်ပြီး သတ်သေမှာ သူ့ရဲ့ အဓိက မစ်ရှင်က incoming call bomb ခွဲမှာ ဗုံးထောင်မယ် ခပ်လှမ်းလှမ်းသွားပြီး ဖုန်းခေါ်မယ် ဗုံးကွဲမယ် ပြီးပြီ သူ့အလုပ်က ဒါဘဲ … ရာရှစ် လူအုပ်ထဲ ဇွတ်တိုးဝင်လိုက်တယ် "ဗျစ်" "ဟာ" ရာရှစ် လန့်သွားတယ် သူ့ဖင် သူပြန်စမ်းတယ် ခုနက သူ့ဖင်ကို တစ်ယောက်ယောက် နှိုက်လိုက်တာကို ပြောလို့ရတာမဟုတ်ဘူး အယ်ခိုင်ဒါက ကောင်တွေနဲ့ ရာရှစ်တို့ ISIS က ပြိုင်ဖက်တွေ "ငါ့ဖင်ထဲ ဗုံးလာထောင်သွားတာများလား" "ဗျစ်" "ဟယ်" ထပ်အနှိုက်ခံရတယ် စမ်းကြည့်တော့ ဘာဗုံးမှလဲ မရှိဘူး ရာရှစ် ဖင်မလုံတော့ဘူး ရာရှစ်ပုံစံကလဲ နှိုက်ချင်စရာကိုး ဖင်ကကောက်တယ် ကုလားပေမဲ့ မုတ်ဆိတ်မွှေး တပင်မှမရှိဘူး ဒီကြားထဲ ရင်ဘတ်မှာ လက်ပစ်ဗုံးနှစ်လုံးက ငေါလို့ ရာရှစ် သိသွားပြီ ဒါ အယ်ခိုင်ဒါ နှိုက်တာမဟုတ်ဘူး ပွဲဈေးက ကောင်တွေ လက်ကမြင်းတာ ရာရှစ် မျက်ရည်စို့တက်လာတယ် "အို အိုင်အက်စ်အတွက် အသက်တောင်ပေးပြီးမှဘဲ ဖင်နှိုက်ခံရတာလောက်တော့ ရှက်မနေတော့ပါဘူး" တွေးလို့မှ မဆုံးသေး လက်တစ်ဖက်က အင်္ကျီရင်ဘတ်ထဲကို ဝှစ်ခနဲ ဝင်လာတယ် "အို အမေ့" ရာရှစ် လန့်သွားတယ် အထဲမှာ ဗုံးတွေလေ သကောင့်သားက လက်ပစ်ဗုံးကို ဘာမှတ်နေတယ် မသိဘူး ပယ်ပယ်နယ်နယ် ပွတ်နေတာ ရာရှစ်ခမျာ လှုပ်လဲမလှုပ်ရဲ "ဟောဒီမှာ ကျွန်မကို နှိုက်နေပါတယ်" လို့ အော်လိုက်ရင်လဲ ဗုံးတွေနဲ့လက်ပူးလက်ကြပ်ကြီး မိမှာ အောင်မာ … သကောင့်သားက ဗုံးကို ပွတ်လို့ ဝ တော့ စနက်တံကို လက်နဲ့ ဖိဖိပြီး ချေနေတယ် "ဘုရား ဘုရား ထပေါက်ရင်တော့ သောက်ကျိုးနည်းပြီ" လက်ပိုင်ရှင်ကို ရှာလိုက်တော့ ချာတိတ်တစ်ယောက် အံမယ် … မျက်စတောင် ပစ်ပြလိုက်သေးတယ် "ဗျစ်" "အမေ့" အနောက်ကလဲ လက်ဆော့ပြီး နှိုက်သွားပြန်ပြီ … အရှေ့မှာ ဗုံး အနောက်မှာ ဖင် အသက် ကော အရှက်ကော စမုံတုံးမဲ့အပေါက် "အင်း ကြိတ်ခံ ရာရှစ် ကြိတ်ခံ" ရာရှစ် မျက်စိ စုံမှိတ်ပြီး အံကို ကြိတ်ထား လခွမ်း … ဗုံးကို ပွတ်နေပြီးတော့ ကောင်းလားဟင် တဲ့ ရာရှစ် ဟန်မပျက် ခေါင်းညိတ်ပြလိုက်တယ် "အင်း ကောင်းတယ် စနက်တံကို အရမ်းမကလိပါနဲ့လား ဟင် အယ် ဟုတ်ပေါင်" ရာရှစ် စကားမှား သွားတာတောင် ငတိက မရိပ်မိဘူး သူ့တဏှာနဲ့ သူကိုး "လှလိုက်တာ မမရယ် လက်ပစ်ဗုံးလေး လိုဘဲ" လက်ပစ်ဗုံးဘဲဟဲ့ မသာရဲ့ ရာရှစ် စိတ်ထဲက ကျိန်ဆဲနေပေမယ့် အပြင်မှာတော့ ပြုံးခံနေရတာပေါ့ "မမ နက်ဖန်ညကျလဲ လာခဲ့အုံးနော် ကျနော် လူနာတင်ယာဉ်နားက စောင့်နေမယ်" "အင်း လာခဲ့မယ်" ရာရှစ်လဲ ပြီးပြီးရော ပြောပြီး ပြေးတာပေါ့ အကွယ်တနေရာ ရောက်မှ ဗုံးတွေကို အသာအယာ ပြန်ထုတ်လိုက်တယ် ဗုံး နှစ်လုံးစလုံး ဘတ်လဘိုင်ကို လိုက်လို့ နှိုက်တဲ့လက်ကလဲ ဂျီးတွေ ချွေးတွေနဲ့ ဆိုတော့ စနက်တံတောင် ဗွက်ထတယ် "ခွီး … ဒီဗုံးတွေ ထားခဲ့မှပါ အလကားနေရင်း သေတော့မလို့ ဟူး …" ရာရှစ် လက်ပစ်ဗုံးတွေ ချုံထဲဝှက်ခဲ့လိုက်တယ် incoming call bomb ထည့်ထားတဲ့ အိတ်ကိုပိုက်ပြီး လူအုပ်ကြားထဲ ပြန်တိုးတယ် လမ်းလယ်ခေါင် ထိုင်ချလိုက်တယ် "ဒီမှာ ဟေ့ညူ ဒါဘာညုတ်တာလဲ …" ပတ်တီး တိုးလို့တွဲလောင်းနဲ့ လူတစ်ယောက် ခွက်ကို လက်ဒုံးတိနဲ့ ညှပ်ပြီး ဖင်တွန်း ဖင်တွန်းနဲ့ ရာရှစ်ဆီ ရွှေ့လာတယ် "ဒီပွဲဈေးကို ဗုံးခွဲမလို့ ဟား ဟား ဟား …" ရာရှစ် ကိုယ့်ဖာသာ သဘောကျပြီး ကြိတ်ရယ်လိုက်သေးတယ် "ဒါ ဗုံးခွဲတဲ့ နေညာ မဟုတ်ဘူး ပတ်ညံတောင်းတဲ့နေရာ " "ဟင်" "ဗုံးခွဲချင် ဝေးဝေးသွားခွဲ ဗျောက်ကို ဗျောက်လို့မပြောဘူး ဗုံးခွဲမယ်ညေး ဘာညေးလာပြောနေနယ် သောက်ကြီးသောက်ကျယ်နဲ့ သောက်ခလေး" "ညှင်" ရာရှစ်ခမျာ ဗုံးအိတ်လေးပိုက်ပြီး လစ်ထွက်ခဲ့ရပြန်ရော "ဒီနေရာ မဆိုးဘူး လူလဲ အတန်အသင့် စည်သေးတယ် ဒီနားဘဲ ထောင်လိုက်တော့မယ်" ရာရှစ် ဗုံးကို ဖွင့်စစ်တယ် အားလုံးအိုကေပြီ ဖုန်းခေါ်လိုက်ရုံဘဲ … ပွဲဈေးအပြင်ဘက်ထိ ရောက်အောင် တိုးထွက်တယ် အပြင်ရောက်တော့ ဖုန်းခလုတ်နှိပ်လိုက်တယ် … လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင် … "ဟယ်" ဗုံးမှာ တိပ်နဲ့ပတ်ထားတဲ့ ဖုန်းက မအားဘူးတဲ့ ဗုံးဆီ ဆက်စရာက သူကလွဲရင် ဘယ်သူမှ မရှိ "ဗုံးများ ဖုန်းပြောနေသလားဘဲ" ရာရှစ် ပွဲခင်းထဲ ပြန်ဝင်တယ် ထပ်ဆက်တယ် … တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများ မအားသေးပါရှင် … "ဟာ" အထဲ ထပ်ဝင်တယ် ထပ်ဆက်တယ် "တူ …" "ဟယ် … ဖုန်းဝင်ပြီ" ငုံ့ကြည့်လိုက်တော့ ဗုံးအိတ်ကို ခွလျက်ကြီး "ဟဲ့ … သောက်ပလုတ်တုပ်" မထူးတော့ဘူး ဖုန်းကလဲ ဒီနေရာမှာဘဲ မိတာလေ ရာရှစ် အသေခံပြီး ဖောက်ခွဲဖို့ဆုံးဖြတ်လိုက်တယ် ဒါပေမဲ့ ရာရှစ် ဗုံးမကွဲခင် သေချင်တယ် ဗုံးကွဲပြီး သေရင် နာမှာကိုး အဲ့တော့ သူ့လည်ပင်းသူ လှီးသတ်ဖို့ လုပ်လိုက်တယ် အဲ့ဒါက နာကျင်မှု သက်သာတယ် ဆိုလား ရာရှစ် အချိန်တွက်လိုက်တယ် လည်ပင်းကို ဓားနဲ့လှီးမယ် စက္ကန့်ပိုင်း အချိန်ရတယ် အဲ့အချိန် ဖုန်းခေါ်မယ် သေမယ် သေပြီးတာနဲ့ ဗုံးကွဲမယ် … အားလုံး ကွက်တိ ရာရှစ် ဓားထုတ်ပြီး သူ့လည်ပင်းသူ လှီးလိုက်တယ် သွေးတွေ ပန်းထွက်လာတယ် ဖုန်းအမြန်ခေါ်တယ် "တူ …" မကွဲသေးဘူး "တူ …" မကွဲဘူး "ဟင် မှန်းစမ်း …" လက်နဲ့စမ်း ကြည့်တယ် ဗုံးတွေက နည်းနည်းရှည်နေသလိုလို အိတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ တိပ်နဲ့ပတ်ထားတဲ့ ကောက်ညှင်းကျည်တောက်တွေက အစည်းလိုက်ကလေး "ဟာ …ဘယ် ပတ်ပြင်းမသား လက်ကမြင်းပြီး ဗုံးနဲ့ကောက်ညှင်းကျည်တောက်ကို လဲသွားရတာလဲကွ ဖာ့ခ် …" လို့ အသံနက်ကြီးနဲ့ အော်ရင်း ပွဲခင်းထဲ စန့်စန့်ကြီး ဂန့်သွားခဲ့ရတာလေ … ရာရှစ် အဲ့သလို အလဟဿ သေခဲ့တော့ အဗူဘကာ ပေါက်ကွဲပြီပေါ့ "ဒီနိုင်ငံကို တစစီ အမှုန့်ချေပြမယ် တောက်" အဗူဘကာ သူ့တပည့်တွေဘက် လှည့်မေးလိုက်တယ် "သူတို့ မြို့လည်ခေါင်မှာ ရှိတဲ့ LED ဘုတ်ကြီးတွေကို hack စမ်း … ငါ ဒီကောင်တွေကို ပြောစရာရှိတယ်" "hack လဲ မထူးဘူး ဆရာကြီး သူတို့ဘုတ်တွေက အကောင်းတစ်ခုမှ မရှိဘူး" "ကျစ် … ရုပ်သံမီဒီယာတခုခုကို ဖုန်းဆက်ကွာ" "ဆက်လိုက်ပြီ ဆရာကြီး ဘာပြောလိုက်ရမလဲ …" "အဗူဘကာ တနိုင်ငံလုံးကို ပြောစရာရှိတယ်လို့ ပြောလိုက် ဟား … ဟား … ဟား …" ဖုန်းဆက်တဲ့လူကလဲ မေးလိုက်တယ် "ဘာတဲ့လဲဟေ့ …" "ဟဒယ လိုင်းဆို အဆင်ပြေမလားတဲ့ ဆရာ" "ဘာကွ … တောက် free to air လိုင်းတွေကို ချိတ်စမ်း" ဖုန်းထပ်ဆက်တယ် ထပ်မေးတယ် "ဆရာ ညဥ့်နက်မှရမယ်တဲ့ အဲ့ဒါတောင် သင့်အတွက်မနက်ဖြန်ကို ဖြုတ်ပြီး သင့်အတွက် အဗူဘကာဆိုပြီး ထည့်ပေးရမှာတဲ့" အဗူဘကာ စိတ်ညစ်သွားတယ် သူက မြန်မာနိုင်ငံကို ခြိမ်းခြောက်ချင်တာ အကုန်လုံးအိပ်တဲ့အချိန် သွားလွှင့်တော့ ဘယ်သူက ကြည့်ပြီး ကြောက်တော့မှာလဲ … "ငါ အကြံရပြီ ဟေ့ … ဖေ့ဘုတ်အကောင့် တစ်ယောက် လာဖွင့်ပေးစမ်း" အဗူဘကာ နာမည်နဲ့ဘဲ အကောင့်ဖွင့်လိုက်တယ် nick name ကို ISIS leader လို့ထည့်လိုက်တယ် မြန်မာ အယောက်နှစ်ဆယ်လောက်ကို add လိုက်တယ် ရပြီ … ဒီလောက်ဆို အစီအစဉ် စ လို့ရပြီလေ အဗူဘကာ မျက်နှာဖုံးစွပ်လိုက်တယ် AK 47 တလက်ကို ဟန်ပါပါ ပခုံးပေါ်ထမ်းလိုက်တယ် "ဟေ့ကောင်တွေ … ငါ့ကို Live ရိုက်ပေးစမ်း" အဗူဘကာ Live စ လွှင့်ပြီ "ဟား ဟား ဟား …" viewer 20 တဲ့ အဗူဘကာ ထပ်ရယ်တယ် "ဟား ဟား ဟား …" viewer 150 ကျော်လာပြီ ချက်ချင်းဘဲ အဗူဘကာ ထပ်ရယ်တယ် "ဟား ဟား ဟား အဟွတ် အဟွတ် …" viewer 300 ရပြီ … ဒီလောက်ဆို စ ပြော လို့ရပြီ "ISIS ခေါင်းဆောင် အဗူဘကာ ဆိုတာ ကျုပ်ဘဲ ငွား ငွား ငွား …" comment တွေ တက်လာပါပြီ … ဟယ် ISIS ခေါင်းဆောင်တဲ့ cele ကြီးတော့် … … ကွီး အဗူ add me … "ဟယ်" စခရင်မှာ အသဲပုံတွေလဲ ဖလပ် ဖလပ်နဲ့ တက်လာတယ် "ငြိမ်ငြိမ်နားထောင်ကြပါ မင်းတို့မြန်မာတွေကို ပြောစရာရှိတယ်" … နာမည် ခေါ်ပေး … "ဟင် … ရိန်းဘိုး ဘေဘီ ကဲ ခေါ်ပေးပြီးပြီနော်" … bro ကျနော့် နာမည်လဲ ခေါ်ပေးအုံးလေ … "အာကွာ … ကိုစိုးမိုးသူ ကိုစိုးမိုးသူ ကိုစိုးမိုးသူ" … တခါခေါ်ရင် ရပါပြီဗျာ … "ခင်ဗျား user name မှာကိုက သောက်ကြောရှည်ပြီး သုံးခါ ရေးထားတာလေ ခွီးထဲမှ … ကဲ ဆက်ပြောတော့မယ် … ခင်ဗျားတို့ မြန်မာနိုင်ငံကို …" … မျက်နှာဖုံး ချွတ်ပြပါ ဗျို့ … "ကျုပ်တို့ ISIS က …" … သေနတ်က အစစ်လား … "အစစ်ပေါ့ " … တစ်ချက် နှစ်ချက် ပစ်ပြ … "အယ် … ပြောနေတာလေးလဲ သောက်ဖက်လုပ်ပြီး နားထောင်ပေးကြပါအုံးဗျာ … ခင်ဗျားတို့ မြန်မာနိုင်ငံကို ကျုပ်တို့ ISIS က …" … ကွီး follow ဘဲရတော့တယ် … "ဒါလေး ပြောပြီးရင် add ပေးပါ့မယ်ဗျာ … ခွီးထဲမှ … ခင်ဗျားတို့ မြန်မာနိုင်ငံကို ကျုပ်တို့ ISIS က မကြာတော့တဲ့ ကာလမှာ …" … ကွီး video တွေ အရမ်းကြိုက်တယ် … "ညှယ် … အခုမှ အကောင့်ဖွင့်တာကို" … see first လုပ်ထားတယ် သက်လား တပတ်ကို တစ်ခု နှစ်ခုလောက် တင်ပေး … "ဟုတ်ကဲ့ … ဟယ် ဒါ ခြိမ်းခြောက်နေတာလေ ဟာသမှ မဟုတ်တာ" … ကွီး အတွင်းခံဘောင်းဘီအနက်ကြီးနဲ့ စွန်းဖိုင်း … "ခွီးထဲမှာ … မျက်နှာဖုံးဟ မျက်နှာဖုံး" … ဟိုနေ့က သတင်းမှာ တွေ့လိုက်တယ် … "ဟုတ်လား ဟီ ဟီ … ကျေးဇူး" … စကားပြောတာတောင် ဒီလောက်အသံကောင်းတာ ကုလားသီချင်း တစ်ပိုဒ်လောက် ဆိုပြ … " ခစ် ခစ် ရှက်စရာကြီး ဆိုတတ်ဝူးဆို မျက်နှာဖုံး စွပ်ထားတာတောင် မျက်နှာတွေ ပူလာပြီ " အဗူဘကာခမျာ သူ့ကို ဘယ်သူကမှ ဒီလောက် မြှောက်မပြောဘူးတော့ ခြိမ်းခြောက်စကားပြောဖို့တောင် မေ့ပြီး ဖီးလ်တွေတက်တော့တာပေါ့ … ကွီးက စင်ဂယ်လား … "အို … စင်ဂယ်ပေါ့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်ဖို့ဆိုတာ စနက်တံ ဖြုတ်ရတာ လောက် မလွယ်ပါဘူးကွယ်" … ဟာ တော်ကီ အလန်းဘဲ ပြန်တင်မယ်နော် စာသားကြိုက်လို့ … "တင် တင် ခိ" … ဒါနဲ့ ဘာပြောမလို့ Live လွှင့်တာလဲ … … ဟုတ်တယ် ပြောစရာရှိတာ ပြောပါ အားမနာနဲ့ … "သြော် … ဟိုလေ … ကျုပ်တို့ ISIS က ခုတလော အားလဲအားနေတာ ဆိုတော့ မြန်မာနိုင်ငံမှာ ဗုံးလေး ဘာလေး လာထောင်မလားလို့ အဲ့ဒါ … ဟီ ဟီ" … မကောင်းဘူး … … ဟုတ်တယ် မကောင်းဘူး … … ဘာလုပ်မှာလဲ ကွီးရာ အခုဆို cele တောင် ဖြစ်နေပြီကို … "ဗုံး မထောင်ရင်လဲ တခြား ဘာမှ လုပ်စရာမရှိလို့ အဲဒါ ဟီ ဟီ " … ဒါမျိုး Live ခဏခဏ လွှင့်ပေါ့ … … ဟုတ်ပ cele ဆိုတာ လူတွေသေအောင်မလုပ်ရဘူး လူတွေရီအောင် လုပ်ရတာ … … funny video တွေရိုက် ဒီထပ်တောင် လူပိုကြိုက်အုံးမှာ … "တကယ် … ဟီ ဟီ ရိုက်ပြီ ရိုက်ပြီ " အဲ့သည်အချိန်က စပြီး facebook မှာ IS Funny Group ကြီး ပေါ်လာပါလေရော … အဗူဘကာကတော့ ပင်တိုင် သရုပ်ဆောင်ပေါ့ ဝီလပ်ဖ် အဗူဘကာ ဆိုတဲ့ Fan Page ကြီးလဲ ပေါ်လာတယ် အဗူဘကာခမျာ အရင်က သေနတ်ကိုင်ပြီး ကျားခဲ့လျားခဲ့သမျှ အခု မုတ်ဆိတ်ကြီး တကားကားနဲ့ အခြောက်လိုလဲ သရုပ်ဆောင်ရ … ပရိတ်သတ် ရီဖို့က အဓိက ကိုး ရိုက်စရာ video မရှိရင် သေနတ်ကြီး တကားကားနဲ့ mirror selfie ဆွဲ ဓာတ်ပုံ ခဏခဏတင် ဒါမှ ပရိတ်သတ်နဲ့ in touch ဖြစ်မှာကိုး အားနေ လျားနေရင် တာလီဘန်တို့ အယ်ခိုင်ဒါတို့ကို စတေးတပ်နဲ့ သောက်ဖောင်းထု ( ဟိုက မြင်တာမှ မဟုတ်တာ ) အောက်က ဘုမသိ ဘမသိနဲ့ IS Fan တွေကလဲ … အဗူဘကာ ကွ အားပေးတယ် ချ ချ … ဆိုပြီး အောက်ဆီဂျင်လုပ် တချို့ကလဲ တာလီဘန် တို့ အယ်ခိုင်ဒါ တို့ကို ဘာမှတ်နေတယ် မသိဘူး … သူတို့က ငါတို့ IS လောက် ရီ ရလို့လား … ဆိုတာက ပါသေးတယ် အဗူဘကာ ကျေးဇူးနဲ့ ISIS တဖွဲ့လုံး လူချစ်လူခင် များလာတယ်ပေါ့ … သေနတ်နဲ့ သိမ်းတာထက် ဟာသလုပ်ပြပြီး သိမ်းပိုက်တာက သူတို့အတွက် ထောက်ခံသူ ပိုရတယ် ဆိုတာ သဘောပေါက်သွားတယ်လေ … ဒါပေမဲ့ မကြာပါဘူး အဗူဘကာ ရဲ့ "ISIS funny group "နှင့် အပြိုင် အယ် ဇဝါ ဟီရီ ခေါင်းဆောင်တဲ့ "ရီစရာ ပျော်စရာ အယ်ခိုင်ဒါ" ဟာသ အဖွဲ့ဆိုတာတွေကော ဟိုက်ဘာသူလာ ခေါင်းဆောင်တဲ့ " ဟီးဟီးဟားဟား တာလီဘန် အိုပါးများ " ဆိုတာတွေကော မုတ်ဆိတ်တကားကားနဲ့ ဟာသလူရွှင်တော်တွေ မြန်မာ့ facebook တခွင်မှာ မှိုလိုပေါက်လာပါတော့တယ် credit [ 21.10.2016 ရက်နေ့ထုတ် IJ MOBILE ဂျာနယ်၌ ဖော်ပြပြီး]
Monday, 28 May 2018
ခနတာပြုံးပျော်ခြင်းဖြင့် ဘဝအမောတွေ ပြေပျောက်ပါစေရှင် ▪️လူပျံတော်ရဲ့ ရည်းစားစာ▪️
“ဦးကောဝိဒကြီး လူထွက်သွားပြီ......” ဆိုသည့် သတင်းသည် ဆင်ဖြူကျွန်းဆိုသည့် အညာမြို့လေးမှာ အဟော့ဆုံးသတင်းဖြစ်သွား၏။ တချို့ကမယုံကြည်ကြသလို တချို့ကလဲ အံ့သြ၍နေ၏။ အံ့သြမည်ဆိုကလည်း အံ့သြထိုက်ပါပေ၏။ ဦးကောဝိဒဆိုတာ အရိုးခံ ကိုယ်တော်။ တစ်ပါးတည်း အေးအေးဆေးဆေးတည်တည်ညိမ်ညိမ်နေတတ်တဲ့သူ။ မပြုံးမရီ ခပ်တည်တည် မှုန်တေတေနဲ့မို့ ဒီတသက်မှာတော့ ဦးကောဝိဒ လူထွက်လိမ့်မည်လို့ ဘယ်သူမှကို ထင်မထားကြပေ။ ဒါပေမယ့် လက်ရှိအနေအထားက မယုံလို့မရ လက်မခံလို့မဖြစ်တော့တဲ့အခြေအနေ၊ ခေါင်းက ကတုံဘိုကေ ပုဆိုးကိုတစ်စောင်းဆွဲ မညီမညာဝတ်ထားပြီး အင်္ကျီမှာ သတ်သတ်ရပ်ရပ်မရှိဘဲ ဖရိုမရဲ ဖွကျဲကျဲ ခပ်တည်တည်မှုန်ကုတ်ကုတ်နဲ့ လူပျံတော်ဦးကောဝိဒရဲ့ပုံဟာ မြင်ရုံနဲ့ဘုန်ကြီးလူထွက်မှန်း သိသာလှသည်။ ဦးကောဝိဒ လူထွက်တာထက် လူထွက်ခြင်းရဲ့အကြောင်းရင်းကို သိတဲ့သူတိုင်းက ပိုလို့အံ့သြကြ၏။ မအံ့သြဘဲနေနိုင်ရိုးလား လူထွက်တဲ့အကြောင်းက ကျောင်းထိုင်ဆရာတော်ရဲ့ တူမ အပျိုကြီးမမကို ချစ်ခင်တွယ်တာမြတ်နိုးရှာလို့ဆိုပဲ။ နတ်လူ သာဓုထော်ပနာပြုရမယ့် ရည်မှန်ချက်ကြီးပါပေ။ အပျိုကြီးမမဆိုတာကလည်း ဦးကောဝိဒကို ကြည်ညိုလေးစားတဲ့ဒကာမတယောက်ပါ။ ဦးကောဝိဒ လူထွက်တယ်ဆိုတဲ့သတင်းကြားတော့ အပျိုကြီးမမမှာ ၃-ရက်လောက်တောင် ထမင်းမစားနိုင်ဘဲ တမှိုင်မှိုင်နဲ့ဖြစ်သွားတဲ့အထိကို စိတ်မကောင်းဖြစ်မိတာ။ ဦးကောဝိဒ လူထွက်ပြီး တစ်လလောက်ကြာတော့ လူထွက်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို စတင် အကောင်ထည်ဖော်ဖို့ ကြိုးစားပါလေတော့၏။ ဘုန်ကြီးလူထွက်ဆိုတော့လည်း ချစ်ပါတယ်၊ ကြိုက်ပါတယ်ဆိုပြီး ချစ်စကား ကြိုက်စကား ရည်းစားစကားပြောဖို့ဆိုတာအဆင်မပြေ အစွမ်းလဲမရှိ။ နောက်ဆုံးမှာတော့ ရှိသမျှသတ္တိ အားကုန်သုံးပြီး အပျိုကြီးမမကို ချစ်သ၀ဏ်လွှာ ရည်စားစာပေးဖို့ဆုံးဖြတ်လိုက်၏။ သို့သော် ကိုယ်တိုင်တော့မဟုတ် ကြားခံအောင်တွယ်ကနေတဆင့် ရည်းစားစာပေးရန်ဖြစ်သည်။ ကြားခံအောင်တွယ်ကား အခြားမဟုတ် ဦးကောဝိဒဦးဇင်းဘ၀က ညီငယ်လိုဖြစ်နေသည့် ကိုရင်ဗိုလ်တေပင်တည်း..။ ကိုရင်ဗိုလ်တေကလည်း ဦးကောဝိဒလို မပြုံမရီ ခပ်တည်တည်နဲ့ မဟုတ်မခံဂျစ်ကန်ကန် ကိုရင်တပါးပင်ဖြစ်သည်။ စကားလဲမလိုအပ်ရင် အပိုမပြောတာမို့ ဘာစာလဲ ? ဘာလို့ ပေးတာလဲ ? လို့လေရှည်နေမဲ့သူမဟုတ်လို့ ကိုရင်ဗိုလ်တေကို အကူအညီတောင်းခြင်းဖြစ်သည်။ ကိုရင်ဗိုလ်တေက အပျိုကြီးမမအိမ်ကို နေ့စဉ်ဆွမ်းခံကြွ၏။အပျိုကြီးမမအိမ်ရောက်တော့ ဆွမ်းလောင်းဖို့ အသင့်စောင့်နေတဲ့ အပျိုကြီးကို အသင့်တွေ့လိုက်ရ၏။ “ဒကာမကြီး ဦးကောဝိဒလူထွက်က ဒကာမကြီးကို စာပေးခိုင်းလိုက်တယ် ရော့ ဒီမှာ” ဆိုပြီးပေးလိုက်လေရာ အပျိုကြီးမှာ ၀မ်းသားအားရနဲ့ .. “ဟုတ်လားဘုရား တပည့်တော်သူနဲ့တွေ့ချင်နေတာ အဆင်ကောပြေလားမသိပါဘူး၊ အရင်ကတော့ ဦးဇင်းက တပည့်တော်ကို တရားစာတွေ၊ဆုံးမစာတွေရေးပေးနေကျလေ ခုလဲ တရားစာ ဆုံးမစာပဲရေးပေးလိုက်တာနေမှာဘုရား” လို့ပြောပြီး စာအိပ်ကိုဖွင့်၍ ဖတ်ရန်လုပ်ပြီမှ. “တပည့်တော်က မျက်မှန်မပါတော့ မမြင်ရဘူးဘုရား။ ကိုရင်ပဲဖတ်ပြပါဘုရား” ဆိုပြီးဘုန်းကြီးလူထွက်ရဲ့ရည်းစားစာကိုကိုရင်ဗိုလ်တေလက်ထဲထိုးထည့်လိုက်တော့သည်။ ကိုရင်ဗိုလ်တေဟာ ဓမ္မကထိကဖြစ်ဖို့ရည်ရွယ်ထားသူမို့ စာကျက်ရင်ပဲဖြစ်ဖြစ် ဘုရားရှိခိုးရင် ပဲဖြစ်ဖြစ် ဓမ္မကထိကလေသံနဲ့ ဆိုလေ့ရှိ၏။ စာချဆရာတော်ဆီ ကျက်ပြီးသားစာကို အလွတ်ပြန် ဆိုတဲ့အခါ ကိုရင်ဗိုလ်တေအလှည့်ရောက်မှာကို စာချဆရာတော်မှာ အသေကြောက်၏။ စာကိုဓမ္မကထိလေသံနဲ့ ဆွဲဆွဲငင်ငင် အသံသြသြကြီးနဲ့ တရားဟောသလို ဆိုတတ်သောကြောင့် ဖြစ်သည်။ အခုလည်း လူပျံတော်ဘုန်းကြီးလူထွက်က အပျိုကြီကိုပေးလိုက်တဲ့ ရည်းစားစာကို ဓမ္မကထိကလေသံဖမ်းပြီး တရားဟောသလို ဖတ်ပြလိုက်ပါတော့သည်……….။ “ပထ၀ီ၊တေဇော၊အာပေါ၊၀ါယောဆိုသည့် ဓါတ်ကြီးလေးပါးဖြင့် ဖွဲ့စည်းထားသော ခန္ဓာအိမ်ပိုင်သည့် သင်္ခါရနယ်သူ မာတုဂါမ အပျိုကြီးမမရေ...။ အနိစ္စ၊ဒုက္ခ၊အနတ္တဆိုသည့် မြတ်စွာဗုဒ္ဓ ဟောမြွှတ်ပြခဲ့သကဲ့သို့ ပါပဲ..။ သံသရာခရီသွားဦးပဇင်းကောဝိဒသည်လည်း ယခုအခါ၌မူ အတီတကုသလေ အတိတ်ကံ ကုန်ဆုံး၍ လက္ခဏာရေး သုံးပါးတွင် အ၀င်အပါဖြစ်သော အနိစ္စသဘောအရ ဘုန်းကြီးအဖြစ်မှ လူ့၏အဖြစ်သို့ အနိစ္စအဖြစ် လျောကျဖြစ်ပျက်သွားချေ၏။ ၎င်းအတွက်ကြောင့်တော့ ဒေါမနဿမဖြစ်ပါချေလင့်။မာတုဂါမ၏ ရူပါရုံပသာဒသည် ဦးပဇင်းလူထွက်၏ ဟဒဟဘ၀င်၌ ဥပါဒါန်အာရုံရောက် အ၀ိဇ္ဇာမာရ်နတ်ဝင်ပူးကပ်သဖြင့် သမုဒုယသစ္စာဖြစ်သွားပါပေ၏။ ထို့ကြောင့် ဒုက္ခသစ္စာအတူကျော်၍ သုမေဓါ သုမိတ္တာလို တူပျော်ပျော် မဂ်ဖိုလ်နန်း တက်လှမ်းကြပါကုန်စို့ဟု မေတ္တာပေါ်သစ္စာဆင့်လို့ ကောင်းစွာမသွေ အသိပေးလိုက်ရပါပေတော့ သတည်း..” လို့ နောက်ကနေ “သတည်း”တစ်လုံးအပိုထပ်ထည့်ပြီး ဘုန်းကြီးလူထွက်ရည်းစားစာကို ဓမ္မကထိကလေသံနှင့် ဖတ်လိုက်လေရာ အပျိုကြီးဒေါ်မမမှာ တကယ့်တရားစာအထင်ဖြင့် ရိုသေစွာလက်အုပ်ချီပြီး သာဓု……သာဓု….သာဓု…..ပါဘုရာလို့ သာဓုသုံးလီ ခေါ်ဆိုဆိုလိုက်ပါတော့သည်။ “ဦးကောဝိဒတို့ကတော့ တပည့်တော်ကို အတော်ခင်တာဘုရား ဥပဇင်းဘ၀တုန်းကလဲ တရားစာတွေရေးပေးသလို ခုလူထွက်တော့လဲရေးပေးနေတုန်းပဲဘုရား၊ သူကိုပြောလိုက်ပါ ဥပဇင်းပေးတဲ့ဘုရားရှိခိုးကို နေ့တိုင်းမှန်မှန်ရှိခိုးပါမယ်ဘုရား” လို့ကိုရင်ဗိုလ်တေကို လျှောက်လိုက်ပါတော့သည်။ အဲဒီနေကစပြီး အပျိုကြီးဒေါ်မမတစ်ယောက် ဘုရားရှိခိုးသည့်အခါတိုင်း ဦးကောဝိဒလူထွက်ရဲ့ ရည်းစား စာကို ဘုရားရှိခိုးစာအထင်နဲ့ နေ့စဉ်နေ့တိုင်းရှိခို၍နေလေတော့၏။ ဘုန်းကြီးလူထွက် ဦးကောဝိဒကြီးလည်း ဓမ္မကထိကလေသံဖမ်းတဲ့ ကိုရင်ဗိုလ်တေရဲ့ ကောင်းမှုကြောင့် ရည်ရွယ်ချက်အထမမြောက် “အချစ်ရှုံးသမား ဘုန်းကြီးလူထွက်” အဖြစ်နဲ့ အပျိုးကြီးနဲ့မမညားဘဲ ဘုန်းကြီးကျောင်းမှာ “ကပ္ပိယ”အဖြစ်နဲ့သာ နှစ်ပါးသွား၍ နေရရှာလေတော့သတည်း...........။ 🔺ဓမ္မဝီရ ဒေါက်တာတေဇနိယ🔺 credit-ဓမ္မရတနာ
      
======================= ======================= ရခိုင်ပြည်နယ် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်​စွဲပြစ်တင်ထားခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ဝန်ကြီး၏ ဇနီးပိုင် ကုမ္ပဏီပရိုင်ဖိုင်ကိုမှု စစ်ဆေးရန် တောင်းခံ၍မရဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဦးနိုင်ကြွယ်အေးက ပြောသည်။ ဝန်ကြီးဦးကျော်အေးသိန်း ဇနီးပိုင်ဆိုင်သည့် ကုမ္ပဏီမှာ ရခိုင်ပြည်နယ်အခြေစိုက် သိင်္ဂီရွှေပြည်ဆောက်လုပ်ရေး ကုမ္ပဏီ ဟုသိရပြီး ကုမ္ပဏီပရိုဖိုင်ကို အစိုးရအဖွဲ့မှတစ်ဆင့် စာတင် တောင်းခံပြီးမှ ကြည့်ရှုခွင့် ပြုမည်ဟုဆိုကာ ငြင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ်လွှတ်တော်က စွပ်စွဲအပြစ်တင်ထားသည့် စီးပွားရေးဝန်ကြီးနှင့် ဆက်စပ်ပြီးအခြားကုမ္ပဏီများ၏ ပရိုဖိုင်ကို တောင်းခံ စစ်ဆေး၍ ရခဲ့ပြီး ဝန်ကြီး၏ ဇနီးပိုင် ကုမ္ပဏီပရိုင်ဖိုင်ကိုမှု စစ်ဆေးရန် တောင်းခံ၍မရခဲ့ခြင်း ဖြစ်သည်။ “လွှတ်တော် ကိုယ်စားလှယ်တွေ၊ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက ကုမ္ပဏီတွေရဲ့ ပရိုဖိုင်ကို တောင်းကြည့်လို့ ရတယ်။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုရဲ့ ပရိုဖိုင်ကို တောင်းတဲ့အခါမှာ ဝန်ကြီးက ကျွန်တော်တို့ကို အစိုးရအဖွဲ့ကို စာတင်ပြီးမှပေးမယ်လို့ ပြောတယ်။ အဲဒီကုမ္ပဏီကလည်း အခု ဝန်ကြီးဇနီးရဲ့ကုမ္ပဏီဖြစ်နေတယ်။ ဒီကုမ္ပဏီကျမှ ဝန်ကြီးက ဘာကြောင့် ဒီလို လုပ်တာလဲတော့ မသိရသေးဘူး။ ဒါပေမဲ့ အဖြေတော့ ပေါ်လာမှာပါ။”ဟု အဖွဲ့ခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေးက ပြောသည်။ စစ်ဆေးမေးမြန်းထားသည့် သက်သေများအနက် လွှတ်တော်ကိုယ်စားလှယ်များ၊ ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းရှင် များ ပါဝင်ကာ တင်ဒါခေါ်ယူသည့်အခါ တင်ဒါစည်းမျည်း၊ စည်းကမ်းများနှင့် ကိုက်ညီမှုမရှိသည့်အပြင် နီးစပ်ရာ ကုမ္ပဏီများကို မျက်နှာသာပေးခဲ့သည့် အချက်များကို စိစစ်တွေ့ရှိထားကြောင်း ၎င်းကဆိုသည်။ အဆိုပါ ကုမ္ပဏီ၏ ပရိုဖိုင်မှာ ကုမ္ပဏီနှင့် မသက်ဆိုင်သလို အစိုးရအဖွဲ့မှလည်း အထောက်ထားအဖြစ် ထိန်းသိမ်းထားသည့်လုပ်ငန်း ဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ထံ တရားဝင် စာဖြင့်တောင်းခံရန် လိုအပ်ကြောင်း စွပ်စွဲပြစ်တင်ခံထားရ သည့် ဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။ “အစိုးရနဲ့ သက်ဆိုင်တဲ့ ပစ္စည်းဆိုရင် နှုတ်နဲ့တောင်းလို့ရတဲ့ ပစ္စည်းမဟုတ်ဘူးလေ။ တရားဝင်တောင်းရင် တရားဝင်ပေးမှာ ပေါ့။ ဒါက ကုမ္ပဏီနဲ့မဆိုင်ဘူး။ အစိုးရမှာ အထောက်ထားအနေနဲ့ သိမ်းထားတဲ့ လုပ်ငန်းတွေ ဖြစ်နေပြီလေ။ တင်ဒါအဖွဲ့မှာ ခရိုင်ထွေအုပ်မှာ အထောက်ထားအနေနဲ့ သိမ်းထားတာ။ ဟိုဟာတွေနဲ့ တူတာမှ မဟုတ်တာ။ အခုက စစ်ဆေးနေတဲ့ ကိစ္စလေ။ သာမန်ကုမ္ပဏီတစ်ခုကို သွားကြည့်တဲ့ပုံစံက မဟုတ်ဘူး။”ဟု ဝန်ကြီးက ဆိုသည်။ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း စွပ်စွဲပြစ်တင်ခံထားရခြင်းနှင့် ပတ်သက်ပြီး စိစစ်တွေ့ရှိချက် အပြီးသတ်အစီရင်ခံစာကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ်သည်။ အဆိုပါ ဝန်ကြီး ဦးကျော်အေးသိန်းမှာ ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်၏ ခွင့်ပြုရန်ပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် မြို့နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ ထိခိုက်နစ်နာရသည်ဟုဆိုကာ တာဝန်ကရပ်စဲဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က ပြည်နယ်ဥက္ကဌထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း ယခုကဲ့သို့ ပြည်နယ်လွှတ်တော်မှာ စွပ်စွဲပြစ်တင်ကာ ရာထူးနှင့် တာဝန်က ရပ်စဲသင့်ကြောင်း ပြည်နယ်လွှတ်တော်မှာ မဲခွဲအတည်ပြုပြီးနောက် ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံသမ္မတ လက်မှတ်ထိုးကာ ဦးမင်းအောင်ကို ရာထူးနှင့် တာဝန်က ရပ်စဲခဲ့သည်။ ============== Mizzima - News in Burmese http://mizzimaburmese.com/article/39998
အိမ်ပြေး မိန်းကလေးအား သားမယားအဖြစ် ဆက်ဆံသူကို အမှုဖွင့်
======================= ======================= နေအိမ်မှထွက်ပြေးလာသည့် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဆိုင်ကယ်ဖြင့်ခေါ်ဆောင်၍ တည်းခိုခန်းတစ်ခုတွင် သားမယားအဖြစ် ဆက်ဆံသော လူငယ်တစ်ဦးကို မေလ ၂၆ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံရသော အသက် ၂၀ နှစ် ဝန်းကျင်ရှိ နေမင်းအောင် (ခ) နေဇော်မှာ မေလ ၁၅ ရက် နံနက် ၄ နာရီခန့်က ယင်းမြို့နယ်ရှိ ဧရာဝဏ်လမ်းပေါ်မှ အိမ်ပြေး မိန်းကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် ၎င်းမောင်းနှင်လာသော ဆိုင်ကယ်ဖြင့် မိန်းကလေးငယ်ကို ခေါ်ဆောင်၍ (၇၁) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ တည်းခိုခန်းတစ်ခုတွင် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်ချက်အရသိရသည်။ “ကောင်မလေးက အခုလ ၁၄ ရက် ညနေပိုင်းက အိမ်က ထွက်သွားတယ်။ အဒေါ်ဖြစ်သူနဲ့အသိတွေက လိုက်ရှာပေမယ့် ရှာမတွေ့ခဲ့ဘူး။ မေလ ၁၇ ရက် ညပိုင်းမှာ သူ (မိန်းကလေး) နေတဲ့ ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးကို ပြန်ရောက်လာတော့ သူ့အဒေါ်က မေးမြန်းရင်းနဲ့ အကြောင်းစုံသိခဲ့ရလို့ အခုမှ ရဲစခန်းလာအမှုဖွင့်ကြတာပါ။ တရားခံက အမည်ပဲ ပြောစကားအရ သိရသေးတာ။ ဘယ်မှာနေမှန်းကို ကောင်မလေးလည်း မသိဘူး”ဟု ရဲအရာရှိက ပြောသည်။ နေအိမ်မှ ထွက်ပြေးလာသည့် ၁၄ နှစ်အရွယ်မိန်းကလေးမှာ အသက် ၂၀ နှစ်ဝန်းကျင်ရှိ လူငယ်နှစ်ဦး စီးနင်းလာသော မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ တည်းခိုခန်းတစ်ခုသို့ လိုက်ပါသွားခဲ့သော်လည်း ၎င်းကို သားမယားအဖြစ် နှစ်ကြိမ်ဆက်ဆံခဲ့သူမှာ နေမင်းအောင် (ခ) နေဇော် တစ်ဦးတည်းသာဖြစ်ကြောင်း ထွက်ဆိုသဖြင့် ယင်းအမျိုးသားကို မုဒိမ်းမှုဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ ============== The Voice http://thevoicemyanmar.com/news/21603-eai
Sunday, 27 May 2018
နုတ်ထွက်ခဲ့သည့် စီမံဘဏ္ဍာဝန်ကြီးနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက် သမ္မတရုံးကို တင်ပြ
======================= ======================= စီမံ/ဘဏ္ဍာဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို မေလ ၂၅ ရက်က သမ္မတရုံးကို တင်ပြ အစီရင်ခံလိုက်ပြီလို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ ကော်မရှင် အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က “သမ္မတရုံးက စုံစမ်းခိုင်းလို့ စုံစမ်းပေးတယ်။ အခု ဘာဆက်လုပ်မယ်ဆိုတာကို စောင့်နေပါတယ်။ သူနုတ်ထွက်သွားတာကတော့ ကော်မရှင်က စုံစမ်းတာနဲ့ ပတ်သက်နိုင်ပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့ ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဆိုပါကိစ္စနှင့် လျှို့ဝှက်အဆင့်အတန်း သတ်မှတ်ထားတဲ့ ကိစ္စက လွဲပြီးတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေကို သင့်တော်တဲ့ အချိန်မှာ ထုတ်ပြန်ပေးမယ်လို့လည်း ဆိုပါတယ်။ ============== DVB TV News http://burmese.dvb.no/archives/272022
Saturday, 26 May 2018
ဦးခေါင်းထဲ ဓားစိုက်နေသည့်တိုင် အံ့ဖွယ် အသက်ရှင်ခဲ့သူ အကျဉ်းသား
======================= ======================= ဘရာဇီးလ်နိုင်ငံမှာ အကျဉ်းသား အမျိုးသားတဦး ဦးခေါင်းထဲ ဓားမစိုက်ဝင်နေပြီး ဆေးရုံဆီ တည်တည်ငြိမ်ငြိမ် လျှောက်လာတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက လက်နက်ကိုင် လုယက်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ အကျဉ်းသား ပက်ဒရိုဖာရီရာဟာ အီတာမာရာကာကျွန်းပေါ်မှာရှိတဲ့ အကျဉ်းထောင်မှာ အခြားအကျဉ်းသားတဦးနဲ့ ခိုက်ရန်ဖြစ်ခဲ့ကြတာလို့ ဒေသခံသတင်းတွေအရ သိရပါတယ်။ ရုပ်သံနဲ့ ဓာတ်ပုံတွေထဲမှာ အမျိုးသားရဲ့ နားထင်၊ မျက်လုံးတွေနဲ့ လက်မပိုင်းပဲ ဝေးတဲ့ ညာဘက်ဦးခေါင်းနေရာမှာ ဓားမကြီး စိုက်ဝင်နေတာ တွေ့ရပါတယ်။ လူနာက သတိရှိပြီး မေးခွန်းတွေကို ရှင်းရှင်းလင်းလင်း ပြန်ဖြေပြီး လှုပ်ရှားနိုင်၊ လမ်းလျှောက်နိုင်လို့ ဆရာဝန်တွေလည်း အံ့သြခဲ့ရပါတယ်။ ဆိုးဆိုးရွားရွား ဓားနဲ့ခုတ်ခံရပေမယ့် အံ့သြဖွယ်ရာ အသက်ရှင်ခဲ့ပါတယ်။ ရီစိ့ဗ်မြို့က ဆေးရုံမှာ ၅ နာရီကြာ ခွဲစိတ်ကာ ဓားမကို ဖယ်ရှားပြီးတဲ့နောက် ရေရှည်ကျန်းမာရေး ပြဿနာလည်း ခံစားရမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဆေးရုံကုတင်ပေါ်မှာ ထိုင်နေချိန် အာဏာပိုင်တွေက လူနာကို မေးခွန်း မေးမြန်းနေပြီး တုံ့ဆိုင်းမှုမရှိဘဲ လူနာက သူ့ကို ဓားနဲ့ခုတ်သူရဲ့ အခန်းကို သူဘယ်လို ရောက်သွားပုံနဲ့ ဓားနဲ့ခုတ်ခံခဲ့ရပုံကို ရှင်းပြနေတာပါ။ ပက်ဒရိုက သူ့ကို ဓားနဲ့ခုတ်သူက အသက် ၂၇ နှစ်အရွယ် အန်တိုနီယိုဒါဆေးလ်ဗာဆိုတဲ့ အကျဉ်းသားဆိုတာ ပြောပေမယ့် ဘာကြောင့် ဓားနဲ့ခုတ်ခံရသလဲဆိုတဲ့ အကြောင်းကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ “ကျနော်ကို အန်တိုနီယိုရဲ့ အခန်းထဲသွားဖို့ အခြား အကျဉ်းသားတယောက်က ပြောတယ်။ ကျနော် အဲဒီကိုရောက်တော့ ခေါင်းကို ဓားမနဲ့ ခုတ်ခံခဲ့ရတာပဲ” လို့ သူက ရဲကို ပြောပါတယ်။ အသက် ၃၄ နှစ်အရွယ် ပက်ဒရိုကို မြို့ဆေးရုံကနေ အကျဉ်းထောင်ဆေးရုံကို ပြန်ပြောင်းရွှေ့ခဲ့ပြီး သူ့ကျန်းမာရေး ကောင်းလာလို့ အကျဉ်းချရာ အခန်းကျဉ်းထဲ ပြန်ရောက်သွားပြီလို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက ဘာကြောင့်တိုက်ခိုက်တယ်ဆိုတာကိုနဲ့ လုံခြုံရေးတွေက အကျဉ်းထောင်ထဲကို ဓားသွင်းခွင့်ပြုခဲ့တာကို သိရဖို့ စုံစမ်းမေးမြန်းနေတယ်လို့ မေလ ၂၅ ရက်နေ့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။ ============== DVB TV News http://burmese.dvb.no/archives/271842
Wednesday, 23 May 2018
   Gadget း
======================= ======================= ခေတ်သစ် မြို့ပြလူနေမှုပုံစံမှာ ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတွေ တော်တော်နည်းသွားပါပြီ။ ရုံးခန်းထဲမှာ တကုပ်ကုပ်ထိုင်ရင်း ကွန်ပျူတာရှေ့မှာအလုပ်ရှုပ်နေတဲ့ အချိန်တွေက ပိုများလာပါတယ်။ လှုပ်ရှားမှုနည်းသွားတဲ့အပြင် အစားအသောက်ကိုလည်း ဆင်ခြင်မှုအားနည်းတဲ့ အခါ ကိုယ်အလေးချိန်တွေ တိုးလာ၊ ဝလာကြတာ ဓမ္မတာပါပဲ။ အဆီတက်လို့၊ အထိုင်များလို့ ဝလာတာဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ရေရှည်မှာလည်း နောက်ဆက်တွဲလူမှုရေး၊ကျန်းမာရေး ပြဿနာတွေ ထပ်ပြီးကြုံလာနိုင်ပါတယ်။ အဝလွန်နေတာကို ဝိတ်ချဖို့အတွက် အခြေခံအကျဆုံး နည်းလမ်းနှစ်ခုက လေ့ကျင့်ခန်းလုပ်ဖို့နဲ့ အစားဆင်ခြင်ဖို့ ဖြစ်ပါတယ်။ အခုဆောင်းပါးမှာတော့ ဝိတ်ချနေသူတွေအတွက် ပိုပြီးထိရောက်အဆင်ပြေစေမယ့် နည်းပညာ Gadget လေးတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။ စမတ်ပေါင်ချိန်စက် နည်းပညာခေတ်မှာတော့ အိမ်သုံး ပေါင်ချိန်စက်တွေဟာ ကိုယ်အလေးချိန်တစ်ခုတည်းကို ဖော်ပြတာမျိုး မဟုတ်တော့ပါဘူး။ ဥပမာ Fitbit က ထုတ်လုပ်တဲ့ စမတ်ပေါင်ချိန်စက်တွေဆိုရင် ကိုယ်အလေးချိန်အပြင် ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်း၊ ကြွက်သားရာခိုင်နှုန်း၊ ရေပမာဏအစရှိတာတွေကိုပါ တစ်ပါတည်းဖော်ပြပေးပါတယ်။အဲဒီအချက်အ လက်တွေကို ကိုယ့်ရဲ့စမတ်ဖုန်းမှာ ထည့်သွင်းထားတဲ့ App ကိုBluetooth ချိတ်ပြီး ကြည့်ရုံပါပဲ။ ပေါင်ချိန်သူရဲ့ အသက်၊ အရပ်အမြင့် စတာတွေကိုမှတ်သားထားပြီး လက်ရှိ ကိုယ်အလေးချိန်၊ အဆီပမာဏအရ ကျန်းမာရေးနဲ့ သင့်တော်သလား၊ အဝလွန်နေသလား (ဒါမှမဟုတ်) လိုတာထက် ပိုပြီး ပိန်နေသလားဆိုတာတွေကိုလည်း ဖော်ပြနိုင်ပါသေးတယ်။ ကိုယ်အလေးချိန်ချည်းပဲမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့အဆီအချိုးအစားကိုပါ ဖော်ပြ နိုင်တာကြောင့် အစားဆင်ခြင်သူတွေရော လေ့ကျင့်ခန်းလုပ်သူတွေအတွက်ပါ အရမ်းအသုံးဝင်ပါတယ်။ စမတ်လက်ပတ်နာရီ ဈေးကွက်ထဲမှာ စမတ်လက်ပတ်နာရီတွေ မျိုးစုံရှိနေပါတယ်။ အား ကစားလှုပ်ရှားမှုအတွက် အထူးပြုဖန်တီးထားတဲ့ နာရီတွေလည်း တော် တော်များပါတယ်။ စမတ်လက်ပတ်နာရီတွေရဲ့ အာရုံခံကိရိယာဟာ လက်ကောက်ဝတ်သွေးကြောကို ထောက်လှမ်းပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို ဖော်ပြပေးနိုင်ပါတယ်။ ခေတ်မီစမတ် လက်ပတ်နာရီတွေမှာ ပြေးနေတဲ့အချိန်၊ ရေကူးနေတဲ့အချိန်၊ အလေးမနေတဲ့အချိန် သင့်တော်သလို ပြောင်းလဲထားနိုင်မယ့် Mode တွေပါ ထည့်ပေးထားတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် နှလုံးခုန်နှုန်း ဘယ်လောက်ရှိ တယ်၊ ကယ်လိုရီပမာဏဘယ်လောက် လောင်ကျွမ်းသွားတယ်ဆိုတာကို အနီးကပ်ဆုံး ခန့်မှန်းပေးနိုင်ပါတယ်။ ဝိတ်လျှော့ဖို့ ကယ်လိုရီတွက်ပြီး စားနေသူတွေ၊ ကျန်းမာရေးအတွက် အားကစားလိုက်စားသူတွေဆိုရင် တော့ ဒီလို လက်ပတ်နာရီလေးတစ်လုံးလောက် ရှိထားတာ မမှားပါဘူး။ စမတ်ဖုန်း ဒီခေတ်မှာတော့ လူတိုင်းလိုလို စမတ်ဖုန်းကိုင်နေကြပါပြီ။ တကယ်လို့ လက်ပတ်နာရီလို သီးခြားပစ္စည်းမျိုး မဝယ်ချင်ဘူးဆိုရင် စမတ်ဖုန်း အခြေပြု App တွေကိုလည်း ဝိတ်လျှော့ဖို့ အထောက်အပံ့အနေနဲ့ အသုံးချနိုင်ပါသေးတယ်။ iPhone တွေရော Android OS သုံး ဖုန်းတွေမှာပါ သုံးစွဲသူရဲ့ ကျန်းမာရေးအချက်အလက်တွေကို အိတ်ကပ်ထဲကနေတစ်ဆင့် ထောက်လှမ်းစုဆောင်းနိုင်တဲ့ Feature တွေ ပါရှိတတ်ပါတယ်။ ဥပမာတစ်နေ့ကို ခြေလှမ်းဘယ်လောက်များများ လမ်းလျှောက်ဖြစ်သလဲ ဆိုတာမျိုးတွေကို စမတ်ဖုန်းသုံးပြီး အလွယ်တကူ သိနိုင်ပါတယ်။ Androidဖုန်းတွေမှာဆိုရင် Google Fit လို App တွေကို Download ဆွဲချပြီး ထည့်ထားရုံပါပဲ။ စမတ်ချိန်ခွင် အားကစားရုံမှာ လေ့ကျင့်ခန်းသွားမလုပ်ဖြစ်တဲ့ သူတွေကတော့ အစားဆင်ခြင်ပြီး ဝိတ်လျှော့တဲ့နည်းကို ရွေးချယ်နိုင်ပါတယ်။ ဒီနေရာမှာဘာစားသင့်တယ်၊ ဘာမစားသင့်ဘူးဆိုတာကို ကိုယ်တိုင်အကဲမဖြတ် တတ်ရင် နည်းပညာအကူအညီ လိုအပ်လာပါပြီ။ SITU ရဲ့ အစားအ သောက် စမတ်ချိန်ခွင်လိုပစ္စည်းမျိုးတွေက အခုအခက်အခဲကို ဖြေရှင်းဖို့ အကောင်းဆုံးရွေးချယ်မှုပါပဲ။ အဲဒီလို ချိန်ခွင်လေးတွေအပေါ်မှာ ကိုယ်စားမယ့် အစားအသောက်ကို တင်လိုက်ရုံပါပဲ။ ဒါဆိုရင် ကိုယ့်ဝမ်းထဲရောက်သွားမယ့် ကယ်လိုရီပမာဏကို အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်ပါ တယ်။ နောက်ပြီး နေ့စဉ် ကိုယ်စားမယ့် ကယ်လိုရီအတိုင်းအတာကို သတ်မှတ်ပေးထားနိုင်တာကြောင့် အဲဒီထက်ကျော်သွားရင် သတိပေးဦးမှာပါ။ အစားအသောက်ကို ဆင်ခြင်ပြီး နေထိုင်မှုပုံစံပြောင်းလဲဖို့ ရွေးချယ်ထား တဲ့ ဝိတ်ချသူတွေကတော့ ဒီလိုချိန်ခွင်လေးတွေ မဖြစ်မနေ ဆောင်ထား သင့်ပါတယ်။ မတ်တတ်အလုပ်စားပွဲ နေ့တိုင်း ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ လူတွေကတော့ ကိုယ့်အလုပ်စားပွဲကို မတ်တတ်ရပ် အလုပ်လုပ်ရတဲ့ပုံစံ အဆင့် မြှင့်ပြောင်းလဲလိုက်တာ ပိုကောင်းပါတယ်။ ဆိုဖာထိုင်ခုံပေါ်မှာလောက် သက်သောင့်သက်သာမရှိပေမယ့် ခန္ဓာကိုယ်ရဲ့ အဆီလောင်ကျွမ်းမှုကို အများကြီး ပိုအားကောင်းစေတာကြောင့်ပါ။ ပျမ်းမျှအားဖြင့်တော့တနင်္လာကနေ သောကြာအထိ ငါးရက်အတွင်း အလုပ်စားပွဲမှာ ထိုင် မနေဘဲ မတ်တတ်ရပ်ပြီး တစ်နေ့ရှစ်နာရီ အလုပ်လုပ်မယ်ဆိုရင် ကယ်လိုရီနှစ်ထောင်ကျော်ထိ ပိုမို လောင်ကျွမ်းစေတာကြောင့် ဝိတ်ချဖို့ အရမ်းအထောက်အကူဖြစ်ပါတယ်။ လေ့လာမှုတွေအရ ပုံမှန်အခြေအနေထက် တစ်နေ့ကို သုံးနာရီလောက် မတ်တတ်ပိုရပ်နေမယ်ဆိုရင် တစ်နှစ်လုံးမှာ ကယ်လိုရီ သုံးသောင်းလောက်အထိ လောင်ကျွမ်းနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ ကိုယ်အလေးချိန် ရှစ်ပေါင်လောက်ကျသွားမယ့် စွမ်းအင် ပမာဏပါပဲ။ ============== 7Day News Journal http://7daydaily.com/story/127244