Monday, 28 May 2018
ခနတာပြုံးပျော်ခြင်းဖြင့် ဘဝအမောတွေ ပြေပျောက်ပါစေရှင် ▪️လူပျံတော်ရဲ့ ရည်းစားစာ▪️
“ဦးကောဝိဒကြီး လူထွက်သွားပြီ......” ဆိုသည့် သတင်းသည် ဆင်ဖြူကျွန်းဆိုသည့် အညာမြို့လေးမှာ အဟော့ဆုံးသတင်းဖြစ်သွား၏။ တချို့ကမယုံကြည်ကြသလို တချို့ကလဲ အံ့သြ၍နေ၏။ အံ့သြမည်ဆိုကလည်း အံ့သြထိုက်ပါပေ၏။ ဦးကောဝိဒဆိုတာ အရိုးခံ ကိုယ်တော်။ တစ်ပါးတည်း အေးအေးဆေးဆေးတည်တည်ညိမ်ညိမ်နေတတ်တဲ့သူ။ မပြုံးမရီ ခပ်တည်တည် မှုန်တေတေနဲ့မို့ ဒီတသက်မှာတော့ ဦးကောဝိဒ လူထွက်လိမ့်မည်လို့ ဘယ်သူမှကို ထင်မထားကြပေ။ ဒါပေမယ့် လက်ရှိအနေအထားက မယုံလို့မရ လက်မခံလို့မဖြစ်တော့တဲ့အခြေအနေ၊ ခေါင်းက ကတုံဘိုကေ ပုဆိုးကိုတစ်စောင်းဆွဲ မညီမညာဝတ်ထားပြီး အင်္ကျီမှာ သတ်သတ်ရပ်ရပ်မရှိဘဲ ဖရိုမရဲ ဖွကျဲကျဲ ခပ်တည်တည်မှုန်ကုတ်ကုတ်နဲ့ လူပျံတော်ဦးကောဝိဒရဲ့ပုံဟာ မြင်ရုံနဲ့ဘုန်ကြီးလူထွက်မှန်း သိသာလှသည်။ ဦးကောဝိဒ လူထွက်တာထက် လူထွက်ခြင်းရဲ့အကြောင်းရင်းကို သိတဲ့သူတိုင်းက ပိုလို့အံ့သြကြ၏။ မအံ့သြဘဲနေနိုင်ရိုးလား လူထွက်တဲ့အကြောင်းက ကျောင်းထိုင်ဆရာတော်ရဲ့ တူမ အပျိုကြီးမမကို ချစ်ခင်တွယ်တာမြတ်နိုးရှာလို့ဆိုပဲ။ နတ်လူ သာဓုထော်ပနာပြုရမယ့် ရည်မှန်ချက်ကြီးပါပေ။ အပျိုကြီးမမဆိုတာကလည်း ဦးကောဝိဒကို ကြည်ညိုလေးစားတဲ့ဒကာမတယောက်ပါ။ ဦးကောဝိဒ လူထွက်တယ်ဆိုတဲ့သတင်းကြားတော့ အပျိုကြီးမမမှာ ၃-ရက်လောက်တောင် ထမင်းမစားနိုင်ဘဲ တမှိုင်မှိုင်နဲ့ဖြစ်သွားတဲ့အထိကို စိတ်မကောင်းဖြစ်မိတာ။ ဦးကောဝိဒ လူထွက်ပြီး တစ်လလောက်ကြာတော့ လူထွက်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို စတင် အကောင်ထည်ဖော်ဖို့ ကြိုးစားပါလေတော့၏။ ဘုန်ကြီးလူထွက်ဆိုတော့လည်း ချစ်ပါတယ်၊ ကြိုက်ပါတယ်ဆိုပြီး ချစ်စကား ကြိုက်စကား ရည်းစားစကားပြောဖို့ဆိုတာအဆင်မပြေ အစွမ်းလဲမရှိ။ နောက်ဆုံးမှာတော့ ရှိသမျှသတ္တိ အားကုန်သုံးပြီး အပျိုကြီးမမကို ချစ်သ၀ဏ်လွှာ ရည်စားစာပေးဖို့ဆုံးဖြတ်လိုက်၏။ သို့သော် ကိုယ်တိုင်တော့မဟုတ် ကြားခံအောင်တွယ်ကနေတဆင့် ရည်းစားစာပေးရန်ဖြစ်သည်။ ကြားခံအောင်တွယ်ကား အခြားမဟုတ် ဦးကောဝိဒဦးဇင်းဘ၀က ညီငယ်လိုဖြစ်နေသည့် ကိုရင်ဗိုလ်တေပင်တည်း..။ ကိုရင်ဗိုလ်တေကလည်း ဦးကောဝိဒလို မပြုံမရီ ခပ်တည်တည်နဲ့ မဟုတ်မခံဂျစ်ကန်ကန် ကိုရင်တပါးပင်ဖြစ်သည်။ စကားလဲမလိုအပ်ရင် အပိုမပြောတာမို့ ဘာစာလဲ ? ဘာလို့ ပေးတာလဲ ? လို့လေရှည်နေမဲ့သူမဟုတ်လို့ ကိုရင်ဗိုလ်တေကို အကူအညီတောင်းခြင်းဖြစ်သည်။ ကိုရင်ဗိုလ်တေက အပျိုကြီးမမအိမ်ကို နေ့စဉ်ဆွမ်းခံကြွ၏။အပျိုကြီးမမအိမ်ရောက်တော့ ဆွမ်းလောင်းဖို့ အသင့်စောင့်နေတဲ့ အပျိုကြီးကို အသင့်တွေ့လိုက်ရ၏။ “ဒကာမကြီး ဦးကောဝိဒလူထွက်က ဒကာမကြီးကို စာပေးခိုင်းလိုက်တယ် ရော့ ဒီမှာ” ဆိုပြီးပေးလိုက်လေရာ အပျိုကြီးမှာ ၀မ်းသားအားရနဲ့ .. “ဟုတ်လားဘုရား တပည့်တော်သူနဲ့တွေ့ချင်နေတာ အဆင်ကောပြေလားမသိပါဘူး၊ အရင်ကတော့ ဦးဇင်းက တပည့်တော်ကို တရားစာတွေ၊ဆုံးမစာတွေရေးပေးနေကျလေ ခုလဲ တရားစာ ဆုံးမစာပဲရေးပေးလိုက်တာနေမှာဘုရား” လို့ပြောပြီး စာအိပ်ကိုဖွင့်၍ ဖတ်ရန်လုပ်ပြီမှ. “တပည့်တော်က မျက်မှန်မပါတော့ မမြင်ရဘူးဘုရား။ ကိုရင်ပဲဖတ်ပြပါဘုရား” ဆိုပြီးဘုန်းကြီးလူထွက်ရဲ့ရည်းစားစာကိုကိုရင်ဗိုလ်တေလက်ထဲထိုးထည့်လိုက်တော့သည်။ ကိုရင်ဗိုလ်တေဟာ ဓမ္မကထိကဖြစ်ဖို့ရည်ရွယ်ထားသူမို့ စာကျက်ရင်ပဲဖြစ်ဖြစ် ဘုရားရှိခိုးရင် ပဲဖြစ်ဖြစ် ဓမ္မကထိကလေသံနဲ့ ဆိုလေ့ရှိ၏။ စာချဆရာတော်ဆီ ကျက်ပြီးသားစာကို အလွတ်ပြန် ဆိုတဲ့အခါ ကိုရင်ဗိုလ်တေအလှည့်ရောက်မှာကို စာချဆရာတော်မှာ အသေကြောက်၏။ စာကိုဓမ္မကထိလေသံနဲ့ ဆွဲဆွဲငင်ငင် အသံသြသြကြီးနဲ့ တရားဟောသလို ဆိုတတ်သောကြောင့် ဖြစ်သည်။ အခုလည်း လူပျံတော်ဘုန်းကြီးလူထွက်က အပျိုကြီကိုပေးလိုက်တဲ့ ရည်းစားစာကို ဓမ္မကထိကလေသံဖမ်းပြီး တရားဟောသလို ဖတ်ပြလိုက်ပါတော့သည်……….။ “ပထ၀ီ၊တေဇော၊အာပေါ၊၀ါယောဆိုသည့် ဓါတ်ကြီးလေးပါးဖြင့် ဖွဲ့စည်းထားသော ခန္ဓာအိမ်ပိုင်သည့် သင်္ခါရနယ်သူ မာတုဂါမ အပျိုကြီးမမရေ...။ အနိစ္စ၊ဒုက္ခ၊အနတ္တဆိုသည့် မြတ်စွာဗုဒ္ဓ ဟောမြွှတ်ပြခဲ့သကဲ့သို့ ပါပဲ..။ သံသရာခရီသွားဦးပဇင်းကောဝိဒသည်လည်း ယခုအခါ၌မူ အတီတကုသလေ အတိတ်ကံ ကုန်ဆုံး၍ လက္ခဏာရေး သုံးပါးတွင် အ၀င်အပါဖြစ်သော အနိစ္စသဘောအရ ဘုန်းကြီးအဖြစ်မှ လူ့၏အဖြစ်သို့ အနိစ္စအဖြစ် လျောကျဖြစ်ပျက်သွားချေ၏။ ၎င်းအတွက်ကြောင့်တော့ ဒေါမနဿမဖြစ်ပါချေလင့်။မာတုဂါမ၏ ရူပါရုံပသာဒသည် ဦးပဇင်းလူထွက်၏ ဟဒဟဘ၀င်၌ ဥပါဒါန်အာရုံရောက် အ၀ိဇ္ဇာမာရ်နတ်ဝင်ပူးကပ်သဖြင့် သမုဒုယသစ္စာဖြစ်သွားပါပေ၏။ ထို့ကြောင့် ဒုက္ခသစ္စာအတူကျော်၍ သုမေဓါ သုမိတ္တာလို တူပျော်ပျော် မဂ်ဖိုလ်နန်း တက်လှမ်းကြပါကုန်စို့ဟု မေတ္တာပေါ်သစ္စာဆင့်လို့ ကောင်းစွာမသွေ အသိပေးလိုက်ရပါပေတော့ သတည်း..” လို့ နောက်ကနေ “သတည်း”တစ်လုံးအပိုထပ်ထည့်ပြီး ဘုန်းကြီးလူထွက်ရည်းစားစာကို ဓမ္မကထိကလေသံနှင့် ဖတ်လိုက်လေရာ အပျိုကြီးဒေါ်မမမှာ တကယ့်တရားစာအထင်ဖြင့် ရိုသေစွာလက်အုပ်ချီပြီး သာဓု……သာဓု….သာဓု…..ပါဘုရာလို့ သာဓုသုံးလီ ခေါ်ဆိုဆိုလိုက်ပါတော့သည်။ “ဦးကောဝိဒတို့ကတော့ တပည့်တော်ကို အတော်ခင်တာဘုရား ဥပဇင်းဘ၀တုန်းကလဲ တရားစာတွေရေးပေးသလို ခုလူထွက်တော့လဲရေးပေးနေတုန်းပဲဘုရား၊ သူကိုပြောလိုက်ပါ ဥပဇင်းပေးတဲ့ဘုရားရှိခိုးကို နေ့တိုင်းမှန်မှန်ရှိခိုးပါမယ်ဘုရား” လို့ကိုရင်ဗိုလ်တေကို လျှောက်လိုက်ပါတော့သည်။ အဲဒီနေကစပြီး အပျိုကြီးဒေါ်မမတစ်ယောက် ဘုရားရှိခိုးသည့်အခါတိုင်း ဦးကောဝိဒလူထွက်ရဲ့ ရည်းစား စာကို ဘုရားရှိခိုးစာအထင်နဲ့ နေ့စဉ်နေ့တိုင်းရှိခို၍နေလေတော့၏။ ဘုန်းကြီးလူထွက် ဦးကောဝိဒကြီးလည်း ဓမ္မကထိကလေသံဖမ်းတဲ့ ကိုရင်ဗိုလ်တေရဲ့ ကောင်းမှုကြောင့် ရည်ရွယ်ချက်အထမမြောက် “အချစ်ရှုံးသမား ဘုန်းကြီးလူထွက်” အဖြစ်နဲ့ အပျိုးကြီးနဲ့မမညားဘဲ ဘုန်းကြီးကျောင်းမှာ “ကပ္ပိယ”အဖြစ်နဲ့သာ နှစ်ပါးသွား၍ နေရရှာလေတော့သတည်း...........။ 🔺ဓမ္မဝီရ ဒေါက်တာတေဇနိယ🔺 credit-ဓမ္မရတနာ
      
======================= ======================= ရခိုင်ပြည်နယ် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်​စွဲပြစ်တင်ထားခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ဝန်ကြီး၏ ဇနီးပိုင် ကုမ္ပဏီပရိုင်ဖိုင်ကိုမှု စစ်ဆေးရန် တောင်းခံ၍မရဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဦးနိုင်ကြွယ်အေးက ပြောသည်။ ဝန်ကြီးဦးကျော်အေးသိန်း ဇနီးပိုင်ဆိုင်သည့် ကုမ္ပဏီမှာ ရခိုင်ပြည်နယ်အခြေစိုက် သိင်္ဂီရွှေပြည်ဆောက်လုပ်ရေး ကုမ္ပဏီ ဟုသိရပြီး ကုမ္ပဏီပရိုဖိုင်ကို အစိုးရအဖွဲ့မှတစ်ဆင့် စာတင် တောင်းခံပြီးမှ ကြည့်ရှုခွင့် ပြုမည်ဟုဆိုကာ ငြင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ်လွှတ်တော်က စွပ်စွဲအပြစ်တင်ထားသည့် စီးပွားရေးဝန်ကြီးနှင့် ဆက်စပ်ပြီးအခြားကုမ္ပဏီများ၏ ပရိုဖိုင်ကို တောင်းခံ စစ်ဆေး၍ ရခဲ့ပြီး ဝန်ကြီး၏ ဇနီးပိုင် ကုမ္ပဏီပရိုင်ဖိုင်ကိုမှု စစ်ဆေးရန် တောင်းခံ၍မရခဲ့ခြင်း ဖြစ်သည်။ “လွှတ်တော် ကိုယ်စားလှယ်တွေ၊ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက ကုမ္ပဏီတွေရဲ့ ပရိုဖိုင်ကို တောင်းကြည့်လို့ ရတယ်။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုရဲ့ ပရိုဖိုင်ကို တောင်းတဲ့အခါမှာ ဝန်ကြီးက ကျွန်တော်တို့ကို အစိုးရအဖွဲ့ကို စာတင်ပြီးမှပေးမယ်လို့ ပြောတယ်။ အဲဒီကုမ္ပဏီကလည်း အခု ဝန်ကြီးဇနီးရဲ့ကုမ္ပဏီဖြစ်နေတယ်။ ဒီကုမ္ပဏီကျမှ ဝန်ကြီးက ဘာကြောင့် ဒီလို လုပ်တာလဲတော့ မသိရသေးဘူး။ ဒါပေမဲ့ အဖြေတော့ ပေါ်လာမှာပါ။”ဟု အဖွဲ့ခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေးက ပြောသည်။ စစ်ဆေးမေးမြန်းထားသည့် သက်သေများအနက် လွှတ်တော်ကိုယ်စားလှယ်များ၊ ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းရှင် များ ပါဝင်ကာ တင်ဒါခေါ်ယူသည့်အခါ တင်ဒါစည်းမျည်း၊ စည်းကမ်းများနှင့် ကိုက်ညီမှုမရှိသည့်အပြင် နီးစပ်ရာ ကုမ္ပဏီများကို မျက်နှာသာပေးခဲ့သည့် အချက်များကို စိစစ်တွေ့ရှိထားကြောင်း ၎င်းကဆိုသည်။ အဆိုပါ ကုမ္ပဏီ၏ ပရိုဖိုင်မှာ ကုမ္ပဏီနှင့် မသက်ဆိုင်သလို အစိုးရအဖွဲ့မှလည်း အထောက်ထားအဖြစ် ထိန်းသိမ်းထားသည့်လုပ်ငန်း ဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ထံ တရားဝင် စာဖြင့်တောင်းခံရန် လိုအပ်ကြောင်း စွပ်စွဲပြစ်တင်ခံထားရ သည့် ဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။ “အစိုးရနဲ့ သက်ဆိုင်တဲ့ ပစ္စည်းဆိုရင် နှုတ်နဲ့တောင်းလို့ရတဲ့ ပစ္စည်းမဟုတ်ဘူးလေ။ တရားဝင်တောင်းရင် တရားဝင်ပေးမှာ ပေါ့။ ဒါက ကုမ္ပဏီနဲ့မဆိုင်ဘူး။ အစိုးရမှာ အထောက်ထားအနေနဲ့ သိမ်းထားတဲ့ လုပ်ငန်းတွေ ဖြစ်နေပြီလေ။ တင်ဒါအဖွဲ့မှာ ခရိုင်ထွေအုပ်မှာ အထောက်ထားအနေနဲ့ သိမ်းထားတာ။ ဟိုဟာတွေနဲ့ တူတာမှ မဟုတ်တာ။ အခုက စစ်ဆေးနေတဲ့ ကိစ္စလေ။ သာမန်ကုမ္ပဏီတစ်ခုကို သွားကြည့်တဲ့ပုံစံက မဟုတ်ဘူး။”ဟု ဝန်ကြီးက ဆိုသည်။ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း စွပ်စွဲပြစ်တင်ခံထားရခြင်းနှင့် ပတ်သက်ပြီး စိစစ်တွေ့ရှိချက် အပြီးသတ်အစီရင်ခံစာကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ်သည်။ အဆိုပါ ဝန်ကြီး ဦးကျော်အေးသိန်းမှာ ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်၏ ခွင့်ပြုရန်ပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် မြို့နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ ထိခိုက်နစ်နာရသည်ဟုဆိုကာ တာဝန်ကရပ်စဲဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က ပြည်နယ်ဥက္ကဌထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း ယခုကဲ့သို့ ပြည်နယ်လွှတ်တော်မှာ စွပ်စွဲပြစ်တင်ကာ ရာထူးနှင့် တာဝန်က ရပ်စဲသင့်ကြောင်း ပြည်နယ်လွှတ်တော်မှာ မဲခွဲအတည်ပြုပြီးနောက် ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံသမ္မတ လက်မှတ်ထိုးကာ ဦးမင်းအောင်ကို ရာထူးနှင့် တာဝန်က ရပ်စဲခဲ့သည်။ ============== Mizzima - News in Burmese http://mizzimaburmese.com/article/39998
အိမ်ပြေး မိန်းကလေးအား သားမယားအဖြစ် ဆက်ဆံသူကို အမှုဖွင့်
======================= ======================= နေအိမ်မှထွက်ပြေးလာသည့် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဆိုင်ကယ်ဖြင့်ခေါ်ဆောင်၍ တည်းခိုခန်းတစ်ခုတွင် သားမယားအဖြစ် ဆက်ဆံသော လူငယ်တစ်ဦးကို မေလ ၂၆ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံရသော အသက် ၂၀ နှစ် ဝန်းကျင်ရှိ နေမင်းအောင် (ခ) နေဇော်မှာ မေလ ၁၅ ရက် နံနက် ၄ နာရီခန့်က ယင်းမြို့နယ်ရှိ ဧရာဝဏ်လမ်းပေါ်မှ အိမ်ပြေး မိန်းကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် ၎င်းမောင်းနှင်လာသော ဆိုင်ကယ်ဖြင့် မိန်းကလေးငယ်ကို ခေါ်ဆောင်၍ (၇၁) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ တည်းခိုခန်းတစ်ခုတွင် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်ချက်အရသိရသည်။ “ကောင်မလေးက အခုလ ၁၄ ရက် ညနေပိုင်းက အိမ်က ထွက်သွားတယ်။ အဒေါ်ဖြစ်သူနဲ့အသိတွေက လိုက်ရှာပေမယ့် ရှာမတွေ့ခဲ့ဘူး။ မေလ ၁၇ ရက် ညပိုင်းမှာ သူ (မိန်းကလေး) နေတဲ့ ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးကို ပြန်ရောက်လာတော့ သူ့အဒေါ်က မေးမြန်းရင်းနဲ့ အကြောင်းစုံသိခဲ့ရလို့ အခုမှ ရဲစခန်းလာအမှုဖွင့်ကြတာပါ။ တရားခံက အမည်ပဲ ပြောစကားအရ သိရသေးတာ။ ဘယ်မှာနေမှန်းကို ကောင်မလေးလည်း မသိဘူး”ဟု ရဲအရာရှိက ပြောသည်။ နေအိမ်မှ ထွက်ပြေးလာသည့် ၁၄ နှစ်အရွယ်မိန်းကလေးမှာ အသက် ၂၀ နှစ်ဝန်းကျင်ရှိ လူငယ်နှစ်ဦး စီးနင်းလာသော မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ တည်းခိုခန်းတစ်ခုသို့ လိုက်ပါသွားခဲ့သော်လည်း ၎င်းကို သားမယားအဖြစ် နှစ်ကြိမ်ဆက်ဆံခဲ့သူမှာ နေမင်းအောင် (ခ) နေဇော် တစ်ဦးတည်းသာဖြစ်ကြောင်း ထွက်ဆိုသဖြင့် ယင်းအမျိုးသားကို မုဒိမ်းမှုဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ ============== The Voice http://thevoicemyanmar.com/news/21603-eai
Sunday, 27 May 2018
နုတ်ထွက်ခဲ့သည့် စီမံဘဏ္ဍာဝန်ကြီးနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက် သမ္မတရုံးကို တင်ပြ
======================= ======================= စီမံ/ဘဏ္ဍာဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို မေလ ၂၅ ရက်က သမ္မတရုံးကို တင်ပြ အစီရင်ခံလိုက်ပြီလို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ ကော်မရှင် အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က “သမ္မတရုံးက စုံစမ်းခိုင်းလို့ စုံစမ်းပေးတယ်။ အခု ဘာဆက်လုပ်မယ်ဆိုတာကို စောင့်နေပါတယ်။ သူနုတ်ထွက်သွားတာကတော့ ကော်မရှင်က စုံစမ်းတာနဲ့ ပတ်သက်နိုင်ပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့ ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဆိုပါကိစ္စနှင့် လျှို့ဝှက်အဆင့်အတန်း သတ်မှတ်ထားတဲ့ ကိစ္စက လွဲပြီးတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေကို သင့်တော်တဲ့ အချိန်မှာ ထုတ်ပြန်ပေးမယ်လို့လည်း ဆိုပါတယ်။ ============== DVB TV News http://burmese.dvb.no/archives/272022
Saturday, 26 May 2018
ဦးခေါင်းထဲ ဓားစိုက်နေသည့်တိုင် အံ့ဖွယ် အသက်ရှင်ခဲ့သူ အကျဉ်းသား
======================= ======================= ဘရာဇီးလ်နိုင်ငံမှာ အကျဉ်းသား အမျိုးသားတဦး ဦးခေါင်းထဲ ဓားမစိုက်ဝင်နေပြီး ဆေးရုံဆီ တည်တည်ငြိမ်ငြိမ် လျှောက်လာတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက လက်နက်ကိုင် လုယက်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ အကျဉ်းသား ပက်ဒရိုဖာရီရာဟာ အီတာမာရာကာကျွန်းပေါ်မှာရှိတဲ့ အကျဉ်းထောင်မှာ အခြားအကျဉ်းသားတဦးနဲ့ ခိုက်ရန်ဖြစ်ခဲ့ကြတာလို့ ဒေသခံသတင်းတွေအရ သိရပါတယ်။ ရုပ်သံနဲ့ ဓာတ်ပုံတွေထဲမှာ အမျိုးသားရဲ့ နားထင်၊ မျက်လုံးတွေနဲ့ လက်မပိုင်းပဲ ဝေးတဲ့ ညာဘက်ဦးခေါင်းနေရာမှာ ဓားမကြီး စိုက်ဝင်နေတာ တွေ့ရပါတယ်။ လူနာက သတိရှိပြီး မေးခွန်းတွေကို ရှင်းရှင်းလင်းလင်း ပြန်ဖြေပြီး လှုပ်ရှားနိုင်၊ လမ်းလျှောက်နိုင်လို့ ဆရာဝန်တွေလည်း အံ့သြခဲ့ရပါတယ်။ ဆိုးဆိုးရွားရွား ဓားနဲ့ခုတ်ခံရပေမယ့် အံ့သြဖွယ်ရာ အသက်ရှင်ခဲ့ပါတယ်။ ရီစိ့ဗ်မြို့က ဆေးရုံမှာ ၅ နာရီကြာ ခွဲစိတ်ကာ ဓားမကို ဖယ်ရှားပြီးတဲ့နောက် ရေရှည်ကျန်းမာရေး ပြဿနာလည်း ခံစားရမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဆေးရုံကုတင်ပေါ်မှာ ထိုင်နေချိန် အာဏာပိုင်တွေက လူနာကို မေးခွန်း မေးမြန်းနေပြီး တုံ့ဆိုင်းမှုမရှိဘဲ လူနာက သူ့ကို ဓားနဲ့ခုတ်သူရဲ့ အခန်းကို သူဘယ်လို ရောက်သွားပုံနဲ့ ဓားနဲ့ခုတ်ခံခဲ့ရပုံကို ရှင်းပြနေတာပါ။ ပက်ဒရိုက သူ့ကို ဓားနဲ့ခုတ်သူက အသက် ၂၇ နှစ်အရွယ် အန်တိုနီယိုဒါဆေးလ်ဗာဆိုတဲ့ အကျဉ်းသားဆိုတာ ပြောပေမယ့် ဘာကြောင့် ဓားနဲ့ခုတ်ခံရသလဲဆိုတဲ့ အကြောင်းကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ “ကျနော်ကို အန်တိုနီယိုရဲ့ အခန်းထဲသွားဖို့ အခြား အကျဉ်းသားတယောက်က ပြောတယ်။ ကျနော် အဲဒီကိုရောက်တော့ ခေါင်းကို ဓားမနဲ့ ခုတ်ခံခဲ့ရတာပဲ” လို့ သူက ရဲကို ပြောပါတယ်။ အသက် ၃၄ နှစ်အရွယ် ပက်ဒရိုကို မြို့ဆေးရုံကနေ အကျဉ်းထောင်ဆေးရုံကို ပြန်ပြောင်းရွှေ့ခဲ့ပြီး သူ့ကျန်းမာရေး ကောင်းလာလို့ အကျဉ်းချရာ အခန်းကျဉ်းထဲ ပြန်ရောက်သွားပြီလို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက ဘာကြောင့်တိုက်ခိုက်တယ်ဆိုတာကိုနဲ့ လုံခြုံရေးတွေက အကျဉ်းထောင်ထဲကို ဓားသွင်းခွင့်ပြုခဲ့တာကို သိရဖို့ စုံစမ်းမေးမြန်းနေတယ်လို့ မေလ ၂၅ ရက်နေ့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။ ============== DVB TV News http://burmese.dvb.no/archives/271842
Wednesday, 23 May 2018
   Gadget း
======================= ======================= ခေတ်သစ် မြို့ပြလူနေမှုပုံစံမှာ ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတွေ တော်တော်နည်းသွားပါပြီ။ ရုံးခန်းထဲမှာ တကုပ်ကုပ်ထိုင်ရင်း ကွန်ပျူတာရှေ့မှာအလုပ်ရှုပ်နေတဲ့ အချိန်တွေက ပိုများလာပါတယ်။ လှုပ်ရှားမှုနည်းသွားတဲ့အပြင် အစားအသောက်ကိုလည်း ဆင်ခြင်မှုအားနည်းတဲ့ အခါ ကိုယ်အလေးချိန်တွေ တိုးလာ၊ ဝလာကြတာ ဓမ္မတာပါပဲ။ အဆီတက်လို့၊ အထိုင်များလို့ ဝလာတာဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ရေရှည်မှာလည်း နောက်ဆက်တွဲလူမှုရေး၊ကျန်းမာရေး ပြဿနာတွေ ထပ်ပြီးကြုံလာနိုင်ပါတယ်။ အဝလွန်နေတာကို ဝိတ်ချဖို့အတွက် အခြေခံအကျဆုံး နည်းလမ်းနှစ်ခုက လေ့ကျင့်ခန်းလုပ်ဖို့နဲ့ အစားဆင်ခြင်ဖို့ ဖြစ်ပါတယ်။ အခုဆောင်းပါးမှာတော့ ဝိတ်ချနေသူတွေအတွက် ပိုပြီးထိရောက်အဆင်ပြေစေမယ့် နည်းပညာ Gadget လေးတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။ စမတ်ပေါင်ချိန်စက် နည်းပညာခေတ်မှာတော့ အိမ်သုံး ပေါင်ချိန်စက်တွေဟာ ကိုယ်အလေးချိန်တစ်ခုတည်းကို ဖော်ပြတာမျိုး မဟုတ်တော့ပါဘူး။ ဥပမာ Fitbit က ထုတ်လုပ်တဲ့ စမတ်ပေါင်ချိန်စက်တွေဆိုရင် ကိုယ်အလေးချိန်အပြင် ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်း၊ ကြွက်သားရာခိုင်နှုန်း၊ ရေပမာဏအစရှိတာတွေကိုပါ တစ်ပါတည်းဖော်ပြပေးပါတယ်။အဲဒီအချက်အ လက်တွေကို ကိုယ့်ရဲ့စမတ်ဖုန်းမှာ ထည့်သွင်းထားတဲ့ App ကိုBluetooth ချိတ်ပြီး ကြည့်ရုံပါပဲ။ ပေါင်ချိန်သူရဲ့ အသက်၊ အရပ်အမြင့် စတာတွေကိုမှတ်သားထားပြီး လက်ရှိ ကိုယ်အလေးချိန်၊ အဆီပမာဏအရ ကျန်းမာရေးနဲ့ သင့်တော်သလား၊ အဝလွန်နေသလား (ဒါမှမဟုတ်) လိုတာထက် ပိုပြီး ပိန်နေသလားဆိုတာတွေကိုလည်း ဖော်ပြနိုင်ပါသေးတယ်။ ကိုယ်အလေးချိန်ချည်းပဲမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့အဆီအချိုးအစားကိုပါ ဖော်ပြ နိုင်တာကြောင့် အစားဆင်ခြင်သူတွေရော လေ့ကျင့်ခန်းလုပ်သူတွေအတွက်ပါ အရမ်းအသုံးဝင်ပါတယ်။ စမတ်လက်ပတ်နာရီ ဈေးကွက်ထဲမှာ စမတ်လက်ပတ်နာရီတွေ မျိုးစုံရှိနေပါတယ်။ အား ကစားလှုပ်ရှားမှုအတွက် အထူးပြုဖန်တီးထားတဲ့ နာရီတွေလည်း တော် တော်များပါတယ်။ စမတ်လက်ပတ်နာရီတွေရဲ့ အာရုံခံကိရိယာဟာ လက်ကောက်ဝတ်သွေးကြောကို ထောက်လှမ်းပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို ဖော်ပြပေးနိုင်ပါတယ်။ ခေတ်မီစမတ် လက်ပတ်နာရီတွေမှာ ပြေးနေတဲ့အချိန်၊ ရေကူးနေတဲ့အချိန်၊ အလေးမနေတဲ့အချိန် သင့်တော်သလို ပြောင်းလဲထားနိုင်မယ့် Mode တွေပါ ထည့်ပေးထားတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် နှလုံးခုန်နှုန်း ဘယ်လောက်ရှိ တယ်၊ ကယ်လိုရီပမာဏဘယ်လောက် လောင်ကျွမ်းသွားတယ်ဆိုတာကို အနီးကပ်ဆုံး ခန့်မှန်းပေးနိုင်ပါတယ်။ ဝိတ်လျှော့ဖို့ ကယ်လိုရီတွက်ပြီး စားနေသူတွေ၊ ကျန်းမာရေးအတွက် အားကစားလိုက်စားသူတွေဆိုရင် တော့ ဒီလို လက်ပတ်နာရီလေးတစ်လုံးလောက် ရှိထားတာ မမှားပါဘူး။ စမတ်ဖုန်း ဒီခေတ်မှာတော့ လူတိုင်းလိုလို စမတ်ဖုန်းကိုင်နေကြပါပြီ။ တကယ်လို့ လက်ပတ်နာရီလို သီးခြားပစ္စည်းမျိုး မဝယ်ချင်ဘူးဆိုရင် စမတ်ဖုန်း အခြေပြု App တွေကိုလည်း ဝိတ်လျှော့ဖို့ အထောက်အပံ့အနေနဲ့ အသုံးချနိုင်ပါသေးတယ်။ iPhone တွေရော Android OS သုံး ဖုန်းတွေမှာပါ သုံးစွဲသူရဲ့ ကျန်းမာရေးအချက်အလက်တွေကို အိတ်ကပ်ထဲကနေတစ်ဆင့် ထောက်လှမ်းစုဆောင်းနိုင်တဲ့ Feature တွေ ပါရှိတတ်ပါတယ်။ ဥပမာတစ်နေ့ကို ခြေလှမ်းဘယ်လောက်များများ လမ်းလျှောက်ဖြစ်သလဲ ဆိုတာမျိုးတွေကို စမတ်ဖုန်းသုံးပြီး အလွယ်တကူ သိနိုင်ပါတယ်။ Androidဖုန်းတွေမှာဆိုရင် Google Fit လို App တွေကို Download ဆွဲချပြီး ထည့်ထားရုံပါပဲ။ စမတ်ချိန်ခွင် အားကစားရုံမှာ လေ့ကျင့်ခန်းသွားမလုပ်ဖြစ်တဲ့ သူတွေကတော့ အစားဆင်ခြင်ပြီး ဝိတ်လျှော့တဲ့နည်းကို ရွေးချယ်နိုင်ပါတယ်။ ဒီနေရာမှာဘာစားသင့်တယ်၊ ဘာမစားသင့်ဘူးဆိုတာကို ကိုယ်တိုင်အကဲမဖြတ် တတ်ရင် နည်းပညာအကူအညီ လိုအပ်လာပါပြီ။ SITU ရဲ့ အစားအ သောက် စမတ်ချိန်ခွင်လိုပစ္စည်းမျိုးတွေက အခုအခက်အခဲကို ဖြေရှင်းဖို့ အကောင်းဆုံးရွေးချယ်မှုပါပဲ။ အဲဒီလို ချိန်ခွင်လေးတွေအပေါ်မှာ ကိုယ်စားမယ့် အစားအသောက်ကို တင်လိုက်ရုံပါပဲ။ ဒါဆိုရင် ကိုယ့်ဝမ်းထဲရောက်သွားမယ့် ကယ်လိုရီပမာဏကို အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်ပါ တယ်။ နောက်ပြီး နေ့စဉ် ကိုယ်စားမယ့် ကယ်လိုရီအတိုင်းအတာကို သတ်မှတ်ပေးထားနိုင်တာကြောင့် အဲဒီထက်ကျော်သွားရင် သတိပေးဦးမှာပါ။ အစားအသောက်ကို ဆင်ခြင်ပြီး နေထိုင်မှုပုံစံပြောင်းလဲဖို့ ရွေးချယ်ထား တဲ့ ဝိတ်ချသူတွေကတော့ ဒီလိုချိန်ခွင်လေးတွေ မဖြစ်မနေ ဆောင်ထား သင့်ပါတယ်။ မတ်တတ်အလုပ်စားပွဲ နေ့တိုင်း ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ လူတွေကတော့ ကိုယ့်အလုပ်စားပွဲကို မတ်တတ်ရပ် အလုပ်လုပ်ရတဲ့ပုံစံ အဆင့် မြှင့်ပြောင်းလဲလိုက်တာ ပိုကောင်းပါတယ်။ ဆိုဖာထိုင်ခုံပေါ်မှာလောက် သက်သောင့်သက်သာမရှိပေမယ့် ခန္ဓာကိုယ်ရဲ့ အဆီလောင်ကျွမ်းမှုကို အများကြီး ပိုအားကောင်းစေတာကြောင့်ပါ။ ပျမ်းမျှအားဖြင့်တော့တနင်္လာကနေ သောကြာအထိ ငါးရက်အတွင်း အလုပ်စားပွဲမှာ ထိုင် မနေဘဲ မတ်တတ်ရပ်ပြီး တစ်နေ့ရှစ်နာရီ အလုပ်လုပ်မယ်ဆိုရင် ကယ်လိုရီနှစ်ထောင်ကျော်ထိ ပိုမို လောင်ကျွမ်းစေတာကြောင့် ဝိတ်ချဖို့ အရမ်းအထောက်အကူဖြစ်ပါတယ်။ လေ့လာမှုတွေအရ ပုံမှန်အခြေအနေထက် တစ်နေ့ကို သုံးနာရီလောက် မတ်တတ်ပိုရပ်နေမယ်ဆိုရင် တစ်နှစ်လုံးမှာ ကယ်လိုရီ သုံးသောင်းလောက်အထိ လောင်ကျွမ်းနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ ကိုယ်အလေးချိန် ရှစ်ပေါင်လောက်ကျသွားမယ့် စွမ်းအင် ပမာဏပါပဲ။ ============== 7Day News Journal http://7daydaily.com/story/127244
အသက် ၃၀ အထိ အိမ်မှာပဲနေတဲ့သားကို မိဘတွေက တရားစွဲ
======================= ======================= အနောက်နိုင်ငံတွေမှာတော့ အရွယ်ရောက်လာတဲ့ သားသမီးတွေဟာ မိဘများနဲ့ မနေတော့ဘဲ ထွက်ခွာကြပါတယ်။ နယူးယောက်ပြည်နယ်က အသက် ၃၀ ကျော် အမျိုးသားဟာ မိဘများနဲ့ ဆက်လက်နေထိုင်နေတာမို့ မိဘကိုယ်တိုင်က တရားစွဲလိုက်ပါသတဲ့။ မိဘများကပေးတဲ့ ပိုက်ဆံကိုလည်း နေရာသစ်မှာ အခြေချဖို့ မယူဘဲနဲ့ အိမ်ကိုလည်း အိမ်ငှားခမပေးဘဲ အလကားနေနေမှုနဲ့ မိဘများက တရားစွဲတာဖြစ်ပါတယ်။ နေရာပြောင်းဖို့အတွက် စာငါးကြိမ်တိုင်တိုင် ရောက်ခဲ့ပေမယ့် မိုက်ကယ်ရိုတန်ဒိုဟာ မပြောင်းရွှေ့ခဲ့တာမို့ ခရစ္စတီနာ ရိုတန်ဒိုနဲ့ မာ့ခ်ရိုတန်ဒိုတို့က တရားစွဲခဲ့ကြတာ ဖြစ်ပါတယ်။ မိုက်ကယ်ကတော့ သူ့အတွက် ပြောင်းဖို့အချိန် အလုံအလောက်မရဘူးလို့ ဥပဒေအရ ချေပထားပါတယ်။ သားကို အိမ်ကထွက်ခွာပြီး သတ်သတ်နေဖို့အတွက် ဘယ်လိုမှ တိုက်တွန်းလို့မရတော့တဲ့အဆုံး အဆိုပါနည်းကို သုံးတာဖြစ်တယ်လို့ ဆိုပါတယ်။ ရှေ့နေရဲ့ အကူအညီနဲ့ ပြောင်းရွှေ့ဖို့ စာအကြိမ်ကြိမ် ပို့ခဲ့ပေမယ့် မလိုက်နာလို့ တရားရုံးက ခုလိုဆင့်ခေါ်တာ ဖြစ်ပါသတဲ့။ ============== The Voice http://thevoicemyanmar.com/relax/21482-emp
Tuesday, 22 May 2018
ဓမ္မစကူးလ် ကျောင်းဆရာမ တစ်ဦး အသတ်ခံရ
ဖောင်းပြင်မြို့ မန်မော်ရွာ၊ အ.လ.က (မန်မော်)က ဓမ္မစကူးလ် ကျောင်းဆရာမ တစ်ဦး အသတ်ခံရ
======================= ======================= ဖောင်းပြင်မြို့နယ် မန်မော်ရွာ အ.လ.က (မန်မော်) မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၅ နှစ်အရွယ် ဓမ္မစကူးလ် ကျောင်းဆရာမတစ်ဦး ကို ယမန်နေ့ က ပိုးစာကုန်း-မန်မော်ရွာ လမ်းပိုင်း တစ်နေရာမှာ မုဒိန်းကျင့်ခံရပြီး သတ်ဖြတ်ခံထားရတဲ့ ပုံစံအနေအထားမျိုးနဲ့ သေဆုံးလျက်သားတွေ့ရှိခဲ့ရတယ်လို့ ဖောင်းပြင်မြို့မရဲစခန်း က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။ ဖောင်းပြင်မြို့ကနေ လာမယ့်လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတစ်ဦးကို သွားရောက်ကြိုဆိုဖို့ မန်မော်- ပိုးစာကုန်းရွာချင်းဆက်လမ်းမှာ သွားရောက်စောင့်ဆိုင်းမယ်ဆိုပြီးမန်မော် ရွာက နေထွက်သွားခဲ့ကြောင်း၊ အချိန်တန်ပြန်ရောက်မလာတာကြောင့် လိုက်ရှာကြရာ ည ၉ နာရီခွဲလောက် ရွာချင်းဆက်လမ်းမှာ ဆရာမရဲ့အလောင်းကို မှောက်ခုံအနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့ရကြောင်း ဖောင်းပြင်မြို့မရဲစခန်းရဲ့တာဝန်ကျတာဝန်မှူးကပြောပါတယ်။ "မှောက်ခံအနေအထားနဲ့တွေ့တယ်။ ထမီကပြန်ပြီးဝတ်ပေးထားတဲ့ပုံစံမျိုးတွေ့တယ်။ အတွင်းခံဘောင်းဘီကို တစ်ခြားတစ်နေရာမှာတွေ့ရတယ်။ ဒါပေမဲ့ကျွန်တော်တို့ ဆေးစာမရသေးတော့ မုဒိန်းမှုရယ်လို့တော့ ရာနှုန်းပြည့်ပြောလို့မရသေးဘူး" လို့ အဆိုပါရဲအရာရှိက ဆိုပါတယ်။ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာတစ်ချက်၊ လည်ဂုတ်အောက်နားပခုံးအနားမှာ ညိုမဲဒဏ်ရာတစ်ချက်တွေ့ရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ယူဆရကြောင်း ၊ အနီးပတ်ဝန်းကျင်မှာသက်သေခံအဖြစ် အနည်းငယ်ကြီးတဲ့ ကျောက်ခဲတစ်လုံး နဲ့ တုတ်တစ်ချောင်းကိုတွေ့ရကြောင်း အဆိုပါရဲအရာရှိကထပ်လောင်းရှင်းပြပါတယ်။ သေဆုံးနေတဲ့အနေအထားကိုကြည့်ရင် လက်ဝတ်လက်စားတွေ တစ်ခုမှယူဆောင်သွားခြင်းမရှိဘူးလို့လည်း ရဲကဆိုပါတယ်။ အခုအသတ်ခံလိုက်ရတဲ့ ကျောင်းဆရာမ ဟာ မန်မော်(အလက)မှာ တာဝန်ထမ်းဆောင်နေသလို မန်မော် သီရိရာဇာဓမ္မစကူးလ် ကျောင်းမှာလည်း စာသင်ပေးနေတဲ့ ကျောင်ဆရာမတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဖောင်းပြင်မြို့နယ်ထဲမှာ ယခု ၂၀၁၈ ခုနှစ်အတွင်း လူသတ်မှု ၃ မှုဖြစ်ပွားခဲ့ပြီဖြစ်ပြီးအရင် အမှု ၂ မှုကတော့ သာမန်မတော်တဆဖြစ်သွားတဲ့လူသတ်မှုတွေဖြစ်ကြောင်း၊ အခု ကျောင်းဆရာမအသတ်ခံရမှုတစ်ခုသာ တမင်ရည်ရွယ်ချက်နဲ့ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ယူဆရကြောင်း ဖောင်းပြင်ရဲတပ်ဖွဲ့က ကောက်ချက်ချထားကြပါတယ်။ လက်ရှိ အဆိုပါအမှုကို ဖောင်းပြင်ရဲစခန်းမှာ (ပ) ၆၅ /၂၀၁၈ ရာဇသတ်ကြီး ၃၀၂ နဲ့ လတ်တလော အမှုဖွင့်ထားပြီး ဆေးစစ်ချက် ရရှိလို့ မုဒိန်းမှုဖြစ်ကြောင်းပေါ်ပေါက်ခဲ့ရင် ပုဒ်မ ထပ်တိုးလာနိုင်တယ်လို့ ရဲကဆိုပါတယ်။ သီဟ Photo - သီရိရာဇာဓမ္မစကူးလ်၊ ပရဟိတအသင်း - ဖောင်းပြင် ============== Popular News Journal ဖောင်းပြင်၊ မေ ၂၃
Monday, 21 May 2018
သေဆုံးသွားသည့် သူတောင်းစားအဘွားအို၏ ဘဏ်စာရင်းတွင် ပေါင် ၁ သန်းခန့် ဘာကြောင့် ရောက်နေတာလည်း
======================= ======================= လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ သေဆုံးသွားခဲ့တဲ့ မသန်စွမ်း သူတောင်းစားတဦးရဲ့ ဘဏ်စာရင်းထဲမှာ ပေါင် ၁ သန်းနီးပါးရှိနေခဲ့တာကို တွေ့ရှိရချိန်မှာ ရဲတွေဟာ အံ့အား သင့်ခဲ့ကြရပါတယ်။ ဖာတီမာ အော့သ်မန်အမည်ရတဲ့ အသက် ၅၂ နှစ်အရွယ် အဆိုပါသူတောင်းစား အဘွားအို ရုတ်တရက်သေဆုံးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ချိန်မှာ ခုလို စစ်ဆေးတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ရဲတွေဟာ သူ့ရဲ့ အိတ် ၂ အိတ်ထဲက ငွေတွေကိုလည်း တွေ့ရှိခဲ့ကြပြီး ဘဏ်ငွေစု စာအုပ်တအုပ်ကိုပါ တွေ့ရှိခဲ့ကြတာလို့ မေရာသတင်းမှာ မေလ ၂၀ ရက်နေ့က ဖော်ပြပါတယ်။ ရဲပြောရေးဆိုခွင့်ရှိသူ ဂျိုးဆက်ပ် မူဆာလာမ်ကတော့ အဘွားအိုရဲ့ သေဆုံးမှုမှာတော့ သံသယဖြစ်ဖွယ် တစုံတရာ မတွေ့ရပဲ နှလုံးတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ရတာလို့ ပြောပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အဘွားအိုရဲ့ ဘဏ်စာအုပ်ထဲက ခုလို ငွေပမာဏ အမြောက် အမြားရှိနေတာကိုတော့ အံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ အဘွားအိုမှာ လက် ၂ ဘက်လုံးမရှိဘဲ ခြေထောက်တွေကိုလည်း အသုံးပြုလို့ မရသူတဦးဖြစ်ကာ ကြင်နာတတ်တဲ့ လက်ဘနွန်စစ်သားတဦးကြောင့် နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စစ်သားက အဘွားအိုကို ကြင်ကြင်နာနာနဲ့ အစာရေစာတွေ တိုက်ကျွေးခဲ့တဲ့ ပုံဟာ တစစနဲ့ လူသိများလာခဲ့တာ ဖြစ်ပါတယ်။ အဘွားအို သေဆုံးပြီးနောက်မှာတော့ ရဲတွေက သူ့ရဲ့ ဆွေမျိုးသားချင်းတွေကို လိုက်ရှာခဲ့ကြပြီးနောက်မှာတော့ နိုင်ငံမြောက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မိသားစုဝင်တွေက အဘွားအိုမှာ ငွေကြေးတွေ ခုလောက်ရှိနေလိမ့်မယ်လို့ တကယ်သိမထားခဲ့ကြဘူးလို့ ဆိုပါတယ်။ အဘွားအိုဟာ ဓားပြတိုက်ခံခဲ့ရဖူးတာမို့ ဒီအကြောင်းကို ပြောဖို့ ထိတ်လန့်နေခဲ့တာ ဖြစ်နိုင်တယ်လို့ သူတို့က ပြောပါတယ်။ သူ့ရဲ့ လက် ၂ ဘက်စလုံးဟာ လက်ဘနွန်ပြည်တွင်းစစ် ကာလတုန်းက ဆုံးရှုံးခဲ့ တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ============== DVB TV News http://burmese.dvb.no/archives/270999
Saturday, 19 May 2018
မြင်းပေါ်လမ့်ကျ ခဲ့သူ ဟောင်ကောင်စူပါစတား မင်းသားကြီး
ထိုင်းနို်င်ငံမှာကြော်ငြာလာရိုက်ရင်း မြင်းပေါ်လမ့်ကျ ခဲ့သူ ဟောင်ကောင်စူပါစတား မင်းသားကြီး ဂျက်လီပါ။ဇတ်ကားတခုအတွက်အဖိုးအိုပုံစံ မိတ်ကပ်ပြင်ထားတာ မဟုတ်ပါဘူး ၊သူ့ မှာ thyroid hormoneသိုင်းရွိုက်ဟိုမုန်းမြင့်မားခြင်းရောဂါနဲ့  spinal nerveအရိုးနဲ့ အာရုံကြောဆိုင်ရာ ထိခိုက်သွားခဲ့လို့  အသက်၅၅ နှစ်အရွယ်နုပျိုဆဲမင်းသားကြီးဘ၀ ကနေ အသက်၇၀အရွယ်အဖိုးအို လို့  ထင်ရလောက်အောင် အရွယ်ကျသွားခဲ့တာပါ။SAWFans of the mainland Chinese superstar, "Jet Lee" or "Li Liian Jia" He has had a major health problem until he was 55 years old, but he looked like 70 years old.
Friday, 18 May 2018
   () 
=========
========= ================== ငှက်ပျောသီးဟာ ဆေးဝါးတွေထက်တောင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။ ဗီတာမင် ၊ ပရိုတင်းဓါတ်နဲ့ တခြားအဟာရဓါတ်တွေပါဝင်လို့ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့အသီးပါ။ ဒါ့အပြင် အရသာလည်းရှိ ဈေးနှုန်းလည်း တင့်သင့်တာမို့ အိမ်တိုင်း ၀ယ်ယူစားသုံးသင့်ပါတယ်။ အမျိုးသမီးတွေအတွက်ဆို ရာသီမှန်ပြီး ကိုယ်ခံအားစနစ်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ တခြားရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ငှက်ပျောသီးရဲ့ အံ့မခန်းအစွမ်း ၁။ ငှက်ပျောသီးဟာ အားဆေးလိုပါပဲ။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးတာကြောင့် အားကစားသမားတွေ အဓိကစားသုံးကြပါတယ်။ ၂။ ငှက်ပျောသီးမှာ Amino Acid ပါဝင်မှုမြင့်မားတာကြောင့် စိတ်ဖိစီးမှုကို လျှော့ကျစေပြီး ပျော်ရွှင်စေပါတယ်။ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်ဓါတ်ကလည်း စိတ်ကျရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ၃။ ငှက်ပျောသီးမှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး ဆားဓါတ်အနည်းငယ်ပဲပါဝင်ပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ၄။ ငှက်ပျောသီးကို တစ်နေ့တစ်လုံးစားပေးတာဟာ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေပါတယ်။ ၅။ ငှက်ပျောသီးမှာ သံဓါတ်ကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းရေဂါကို ကုသပေးနိုင်ပါတယ်။ ၆။ ငှက်ပျောသီးကိုစားပေးတာ ဟောမုန်းဓါတ်ထုတ်လုပ်မှုကို ဟန်ချက်ညီစေပါတယ်။ ၇။ ကိုယ်ဝန်ဆောင်တွေအတွက် ငှက်ပျောသီးက အထူးသင့်တော်ပါတယ်။ နာကျင်ကိုက်ခဲတာတွေကိုသက်သာစေပြီး သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ၈။ ငှက်ပျောသီးဟာ အစာအိမ်အတွက် အထူးကောင်းမွန်ပြီး အစာအိမ်ချည်ပေါက်တာ အစာအိမ်နာတာတွေကို လျှော့ချပေးနိုင်ပါတယ်။ အစာအိမ်အတွင်း အက်ဆစ်ထုတ်လုပ်မှုကိုလည်း ထိန်းချုပ်ပေးပါတယ်။ ၉။ ငှက်ပျောသီးမှာ ဗီတာမင်ဓါတ် ၆ မျိုးပါဝင်လို့ သွေးတွင်းဂလူးကိုစ့်ပါဝင်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ၁၀။ ငှက်ပျောသီးကို မနက်ပိုင်းမှာ ၁ လုံးလောက်စားပေးတာဟာ ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ =========== MyFood Myanmar
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး အစားထိုးပြောင်းလဲ
================== ================== The Ladies News
Thursday, 17 May 2018
အရွယ်ရှိတုန်း မိုက်တုန်းလေးဆိုတဲ့
တဲ့
ဘာကြော်ငြာရိုက်သိချင်ရင် ဝင်ကြည့်ပေတော့
 May 17, 2018 Gana Bia              Swim Suit                   credit
  
================== ================== လူတိုင်းမှာတော့ ခပ်ညစ်ညစ် အလေ့ကျင့်လေးတွေရှိပါတယ်။ ဒါပေမယ့် ယောကျာ်းလေးနဲ့မိန်းကလေး တို့ကို အမြင်အတူမပေးနိုင်တဲ့ပတ်ဝန်ကျင်မှာ ရှင်သန်ရတဲ့ အမျိုးသားတစ်ယောက် ခပ်ညစ်ညစ်အလေ့ကျင့်တစ်ခုကို ပတ်ဝန်ကျင်မှာ ထုတ်ပြောဖို့အိုကေပေမယ့် မိန်းကလေးတွေအတွက် ကျ နည်းနည်း ရှက်ဖို့ကောင်းနေတတ်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေလဲ တစ်ခါတစ်လေ ညစ်ကျယ်ကျယ် အလေ့ထလေးတွေကို ထုတ်ပြောဖို့အဆင်ပြေပါတယ်။ အဲ့လိုအလေ့ထလေးတွေမှာ ကောင်းကျိုးလေးတွေ ရှိနေတတ်တာကို ဖော်ပြပေးချင်တာမို့ ကိုယ့်ကိုကိုယ် အပြစ်ရှိနေတယ်လို့ခံစားစရာမလိုတော့ပါဘူး။ အက်မင် တို့ပြောနေတဲ့ ညစ်ကျယ်ကျယ်အလေ့ထလေးဆိုတာကတော့ ရေချိုးနေစဉ် အပေါ့သွားခြင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ ယောကျာ်လေးမို့ လုပ်ရမယ်၊ မိန်းကလေးမို့ မလုပ်သင့်ဘူးတွေ မရှိတော့ပါဘူးနော်။ ရေချိုးနေစဉ်အပေါ့သွားခြင်း ဟာ တကယ်ကောင်းတဲ့အချက်တွေရှိနေတာမို့ နောက်တစ်ကိုယ် ရေချိုးနေတုန်းသွားချင်ရင် Just Let it go, Let it flow ပါနော်။ ၁- ရေကုန်သက်သာ သင်သိပါသလား အပေါ့သွားခြင်းကလဲရေသုံးရတယ်ဆိုတာ။ ပုံမှန် အလေးသွားခြင်းအပြင် အပေါ့သွားတဲ့အခါ လဲ သန့်စင်ခန်းထဲက ရေ ၁ ဂါလန်ခွဲနဲ့ ၃ ဂါလန် အထိသုံးပေးရပါတယ်။ ရေအတွက် ဘေလ် ကုန်စရာမလိုတဲ့ မြို့တွေမှာ မသိသာပေမယ့် တစ်လတစ်ခါ ရေဖိုးကုန်နေတဲ့ မြို့တွေမှာ တော့ ရေဖိုးကသိသာပါတယ်။ ဒါကြောင့် ရေချိုးရင်း အပေါ့သွားလိုက်တဲ့အခါ ကိုယ်သုံးတဲ့ ဆပ်ပြာနဲ့ ရေပမဏအများက အားလုံးကိုတစ်ခါတည်း သန့်စင်ပေးပြီးသားဖြစ်စေမှာပါ။ ဒါ့အပြင် ရေချိုးရင်းအပေါ့သွားလိုက်တဲ့အခါ တစ်ရူးသုံးစရာလဲမလိုတော့ပါဘူး။ ဒါဆို ပတ်ဝန်ကျင်ကိုလဲ ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ၂- အသားပိုပျောက်ကင်း ထူးတော့ထူးဆန်းတယ်။ ဒါပေမယ့် ဒါကတကယ်ပါ။ သုတေသနပြုသူတွေ လေ့လာတွေ့ရှိချက်အရ ဆီးမှာ အသားပို၊ အသားပေါ်မှာ တွေ့ရတတ်တဲ့ မို တစ်မျိုးကို ပျောက်ကင်းစေတဲ့ အက်စစ် နဲ့ အမိုးနီးယားပါဝင်ပါတယ်။ ဒါကြောင့် ရုတ်တရက်ခြေထောက်ပေါ်ကနေ အပေါ့သွားမိတဲ့အခါ ကိုယ့်ကိုကိုယ် စိတ်မပျက်ပါနဲ့လို့။ ဒါက အခြေခံ spa လုပ်တဲ့ treatment တစ်ခုပါလို့။ ၃- လူတိုင်းနီးပါးဖြစ် Galmour မဂ္ဂဇင်းရဲ့ poll (မဲခွဲရေတွက်ခြင်း) မှာ ကမ္ဘာကျော်အနုပညာရှင်တွေ အပါဝင် မိန်းကလေးတွေရဲ့ ၇၅ ရာခိုင်နူန်းကနေ ၈၀ ရာခိုင်နူန်း ဟာ ရေချိုးခန်းထဲမှာ အပေါ့သွားတတ်ကြပါတယ်။ ဒါကြောင့် ကောင်းကျိုးတွေလဲရှိနေတာမို့ ဒီထက်ပိုပြီးရှက်နေစရာမလိုတော့ပါဘူး။ From MM =========== Minglarbar Morning
Tuesday, 15 May 2018
 fb 
စိတ်မကောင်းပါဘူးဒေါက်တာရေ fb ဆိုတာကအဲ့လိုမျိးလေ အားလုံးကိုရိုသေလေးစား တန်ဖိုးထားပါတယ်ခင်ဗျာ ကျွန်တော့်အိမ်မှာရွေ့ ပြောင်းနေတဲ့ ရှေးဟောင်ဘီဒိုကြီးနဲ့ပတ်သက်ပြီး ခင်မင်လေးစားရတဲ့မိတ်ဆွေများ၏ အကြံဥာဏ်များကိုရလိုချင်တဲ့အတွက် အရင်ကလည်းpostတွေရေးပြီး အကူညီတောင်းခံခဲ့ဘူးတာကို ကျွန်တော့်ရဲ့frien
dများသိပါလိမ့်မယ် (13.5.2018)ကမ္ဘာ့အမေများနေ့မှာ ကျွန်တော် ဘာသာရေး စီးပွားရေး လူမှုရေးနှင့်ပါတ်သက်တာများကို နေ့လည်1:55မှာLiveလွှင့်ကာ မိတ်ဆွေများနှင့်ပြောပြဆွေးနွေးပြီး အဲ့ဒီနေ့ည(6:30)ခန့်မှာပဲ ကျွန်တော့်အိမ်ကဘီဒိုကြီး၏ ထူးခြားဖြစ်စဉ်များကိုထပ်မှန်ပြီး Liveလွှင့်လိုက်ပါတယ် ကျွန်တော့်ကိုဘီဒိုကြီးနဲ့ပါတ်သက်ပြီး အားပေးအကြံဥာဏ်ပေးကြတဲ့ commentများ ကျွန်တော်အားလိမ်းညာနေပါတယ်ဟု ဝိုင်းဆဲနေကြတဲ့commentများကို မဖြေရှင်းတော့ပါဘူးမဖြေတော့ပါဘူး စေတနာဖြင့်အကြံဥာဏ်ပေးသူများကို မလေးစားလို့စာမပြန်တာမဟုတ်ပါဘူး ကျွန်တော်စိတ်မကောင်းဖြစ်နေရလို့ပါ လိမ်တယ်ဆိုပြီးဝိုင်းဆဲနေကြသူများ ကျွန်တော့်ကိုယ်ကြိုက်သလိုပြောပါ ကြိုက်သလိုဆဲကြပါခင်ဗျာ ကျွန်တော်ကိုးကွယ်ဆည်းကပ်နေတဲ့ ရတနာသုံးပါကိုမဆော်ကားပါနဲ့ ကျွန်တော်တန်ဖိုးထားလေးစားတဲ့ မိဘနှစ်ပါးကိုမဆဲကြပါနဲ့ ရတနာမြတ်သုံးပါနှင့် မိဘဆရာသမားများကို ဆဲတဲ့commentတွေဖတ်ရတိုင်း ကျွန်တော်မျက်ရည်ကျရလိုပါ အရမ်းခံစားရလို့ပါခင်ဗျာကျွန်တော်အနှးညွတ်တောင်းပန်တာပါ *ကျွန်တော်ဘီဒိုကြီးနဲ့ပါတ်သက်ပြီး အရင်းလေးငါးလကထဲကနေရာတွေ မကြာခဏရွေးပြောင်းနေပါတယ် *ယနေ့ကျမှထူးထူးခြားခြား အသံတွေတစ်နေကုန် ဖြစ်ပေါ်နေပါတယ်ပြောပြတောလည်း *ရှေ့နောက်စကားမညီဘူးတဲ့ *Liveလွှင့်နေစဉ်အချိန်အခါမှာ ကောင်းတာမကောင်းတာသိရအောင် အချက်ရေးနဲ့တီးခိုင်းကြည့်ပါလား တီးခိုင်ရင်အဖြေသိရလိမ့်မယ်ဆိုတဲ့ မိတ်ဆွေများရဲ့comment အကြံဥာဏ်ပေးစကားကိုလက်ခံပြီး တီးတော့လည်းလိမ်နေတာတဲ့ *လက်ဟန်နဲ့ဘီဒိုကြီးကို တောင်းပန်နေတော့လည်း တီးတဲ့လူကိုအချက်ပြနေတာတဲ့ *အမျှတမ်းများပေးဝေတော့လည်း ဘာကုသိုလ်လုပ်လို့ အမျှတမ်းပေးဝေတာလည်းတဲ့ *ဧည့်ခန်းနှင့်ထမင်းစားခန်းမှာရှိတဲ့ အခြာသောဘီဒိုကြီးတွေကဘာသံမှ မကြားရတာကိုရိုက်ပြတော့လည်း ကြွားတာလားအရူးကွက်နင်းတာလား ဘီဒိုတွေရောင်ဖို့ကြော်ငြာနေတာလား နာမည်ကြီးချင်တာလားတဲ့ *ကျွန်တော့်Liveလွှင့်ပြီးကာနီးမှ အပြင်ကရောက်လာတဲ့ တူလေကရေလာတိုက်တော့လည်း *အခန်းစီးနောက်ကွယ်ကနေပြီး တီးနေတဲလူလိုစွတ်ဆွဲကြပြန်တယ် *ကျွန်တော်ကနေပြီးတူလေးကို သားအခုမှလာရသလားဆိုပြီး တူလေးလှမ်းပုတ်လိုက်တော့လည်း လူတွေကိုမလေးမစားလုပ်တာလား လိမ်နေတာသိသာတယ်တဲ့ *အဆိုးဆုံးကသားသမီးအရင်းလို့ သဘောထားတဲ့တူးတူးလေးကို ခွေးကဆွံအနားမကြား မျက်လုံးကမ်းနေတာတဲ့ဗျာ ပြောကြပါကြိုက်သလိုပြောပါ ကျွန်တော်ရှေးဟောင်းပစ္စည်း အရောင်းဝယ်လုပ်တဲ့လူလည်းမဟုတ် နာမည်ကြီးအောင်လုပ်နေတာလည်း မဟုတ်ဘူးဆိုတာကို ကျွန်တော့်ကိုယ်ကျွန်တော်အသိဆုံးမို့ အတုတစ်ထောင်အယောင်တစ်သိန်း ပေါ်ပေါက်နေတဲ့ခေတ်ကာလကြီးမှာ ကျွန်တော့်အပေါ်ထင်ချင်သလိုထင်ပါ မြင်ချင်သလိုမြင်ကြပါ commentတွေကိုလည်း ကြိုက်သလိုရေးပါစိတ်မဆိုပါဘူး စာတော့မပြန်တော့ပါဘူးခင်ဗျာ မြန်မာ့အမွေနှစ်တွေတိုင်းတပါးမှာ မြင်ခဲ့တွေ့ ခဲ့ရလို့ရင်နာလွန်းလို့ တတ်နှိင်သမျှဆုဆောင်းပြီး ပြတိုက်ဖွင့်ဖို့ပြင်ဆင်နေချိန်မှာ ကျူံတွေ့ နေရတဲ့အခက်ခဲကို ရိုးရှင်းစွာအကြံဥာဏ်တောင်းခံတာ ကျွန်တော့်ကိုယ်ကျွန်တော်အသိဆုံးပါ ဆင်သေကိုဆိတ်ရည်နဲ့မဖုံးနဲ့ လိမ်တဲ့လူကဘယ်သူကလိမ်တယ်လို့ ဘယ်လိုဝန်ခံမလည်း စွတ်ဆွဲလည်းပြောလည်းခံပါမယ် တကယ်တမ်းအလိမ်ခံနေရတာက ကျွန်တော်ဆိုတာကို ခင်မင်ကြတဲ့မိတ်ဆွေများသိပါတယ် အထူးသဖြင့်အပြင်မှာ ခင်မင်တဲ့သူတွေ ကျွန်တော့်အိမ်ရောက်ဘူးတဲ့သူတွေက ကျွန်တော်ဘာသာတရားအပေါ်မှာ အလေးနက်ထားရိုသေမှုများနှင့် မိဘရိုသေလေးစားတန်ဖိုးထားမှုကို ထည်ထည်ဝင်ဝင်လူတိုင်းသိပေမဲ့ မသိသေးတဲ့သူတွေအတွက် ခုလိုပစ္စည်းတွေဆုဆောင်းလို့ရအောင် စီးပွားလုပ်ကိုင်တာအစဉ်ပြေအောင် ဘာလုပ်လည်းမေးကြရင် မိဘရိုသေလေးစားတန်ဖိုးထားလို့ပါ မိဘအပေါ်စိတ်ရှည်လို့ပါ မိဘခြေရာလေကိုရိုသေစွာဖြင့် သွားလေရာဆောင်လို့ပါဟု ပြောပြပေးယုံလေးပါခင်ဗျာ ခုဖြစ်နေတာတွေအားလုံးကို ကျွန်တော်အရမ်းခံစားနေရပါတာမို့ ကျွန်တော်ယနေ့မှစပြီးဘီဒိုကြီး ဆက်တတိုက်ဖြစ်ပေါ်တဲ့ videoမှတ်တမ်းCCTVမှတ်တမ်း ဓါတ်ပုံမှတ်တမ်းများကို face bookမတင်တော့ပါဘူးဗျာ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တင်ထားတာတွေကြည့်ပြီး အကုသိုလ်တွေဖြစ်နေကြတာကို စိတ်မကောင်းလည်းဖြစ်ရလို့ပါ ကျွန်တော့်ရဲ့ရည်ရွယ်ချက်အမှန်နဲ့ စေတနာမေတ္တာများကို ကျွန်တော်အသိဆုံးဖြစ်တာမို့ ကျွန်တော့်ရဲ့ကာယကံ ဝစီကံ မနှောကံများအားလုံးကို ကျွန်တော့်ပဲခံယူမှာမို ဘာမှမဖြေရှင်းတော့ပါဘူး ကျွန်တော်ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားမိဘများကို မဆဲကြပါနဲ့မဆဲပါနဲ့လို့ အနှးညွတ်တောင်းပန်အပ်ပါတယ် ကျွန်တော်ကလေးဘဝမှစပြီး ယနေ့အရွယ်အထိ့ပြုလုပ်ခဲ့တဲ့ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်အပေါင်းတို့အား အားလုံးအမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော *သဒ္ဓမ္မဇောတိကဓဇ *သီရိသုဓမ္မမဏိဇောတဓရ *သီဟသုဓမ္မမဏိဇောတဓရ *သုဓမ္မမဏိဇောတဓရ *(စည်သူဒေါက်တာလှဝင်းအောင်) *(လူမှုထူးချွန်ပထမအဆင့်) *(နိုင်ငံစွမ်းဆောင်ရည်ဆုရ) *ဘစိုးဥ မြန်မာမှုအနှပညာရတနာ ကျောက်မျက်ရတနာရောင်းဝယ်ရေး Credit*Hla Win Aung #Wynn Zaw Latt
  
===
==================== ======================= မိုးရာသီမှာ ပေါလှတဲ့ အစားအစာတွေထဲ မျှစ်တစ်ခုလည်း အပါအ၀င်ပါ။ လူတိုင်းနီးပါး ကြိုက်ကြပေမယ့် စားရမှာ ကြောက်တဲ့ အစားအစာ တစ်ခုပါ။ ဆိုးဆေးတွေကို ကြောက်တာ ဖြစ်သလို အကြောတက် သွေးတက်မှာကိုလည်း ကြောက်ကြပါတယ်။ ဒါပေမယ့် အရာရာတိုင်းမှာ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေတတ်ကြတာပါ။ မျှစ်တွေကိုတော့ ဆေးမဆိုးတဲ့ မျှစ်တွေကိုတော့ ရွေးချယ်ဖို့ လိုပါတယ်။ မျှစ်ကို ကြော်ချက်စားကြသလို ဟင်းရည် လုပ်သောက်ကြပါတယ်။ ပြုတ်ပြီး တို့စရာ အဖြစ်လည်း စားသောက်ကြပါတယ်။ ချဉ်ပေါင်ရွက်နဲ့ ရောချက်ပြီး ချဉ်ရည်ချက် စားကြတာကလည်း ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက် ရစေပါတယ်။ မျှစ်မှာ အမျှင်ဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတိန်း၊ ပိုတက်ဆီယမ်၊ မက်ဂနိ၊ ကော့ပါး၊ ဇင့်၊ ဗီတာမင် B6,C,E တို့ ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု နည်းပါးပါတယ်။ မျှစ်ကို စားသုံးခြင်းဟာ မကောင်းတဲ့ အဆီတွေကို ကျစေပါတယ်။ သွေးဖိအားကို ထိန်းပေးပြီး ပိုးသတ်အာနိသင် ရှိပါတယ်။ မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂက်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။ နာတာရှည်ရောဂါ ဖြစ်နိုင်ခြေကို နည်းပါးစေနိုင်ပြီး နှလုံး ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်အောင် ကူညီပေးပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ၀မ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါတယ်။ တန်ဆေးလွန်ဘေး ဆိုတဲ့ စကားလည်း ရှိတာကြောင့် အတိုင်းအဆကို ချင့်ချိန်ပြီး စားသုံးသင့်ပါတယ်။ ============== MyFood Myanmar
မြစ်ကြီးနားမန္တလေးမီးရထားလမ်းပိုင်း နှစ်နေရာမိုင်းခွဲခံရ
======================
၁၆ ၅ ၂၀၁၈ နမ္မတီးနှင့်မရမ်းကြား ပေ၆၀တံတားပေါ်ဖြတ်သန်းနေသော APT မိုင်းရှင်းရထားမိုင်းထိခဲ့ပြီး စက်ခေါင်း၄၅ံတိမ်းစောင်းနောက်တွဲ၃တွဲချော်ကျခဲ့သည်။ မိုးကောင်းနှင့်ထိုပူးကြားတံတားအမှတ်၆၆၂်ပေ၁၀ တံတားလမ်းပိုင်းပျက်စီးခဲ့ရသည်။ ယဉ်ယဉ်သိန်းနဘား ၁၆ ၅ ၂၀၁၈ Lwin Oo
【  】  / 
  
======================= ======================= သွားတိုက်ဆေးအခွံမှာ ပါတဲ့ အရောင်တွေနဲ့ မှတ်သားထားတဲ့ လေးထောင့်ပုံသင်္ကေတလေးက အထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို ဖော်ပြနေတာမဟုတ်ပါဘူး။ သွားတိုက်ဆေးဝယ်ရင်း အခွံအောက်ခြေက အရောင်ပါတဲ့ သင်္ကေတလေးကို သေချာကြည့်ရင် တွေ့နိုင်ပါတယ်။ ဒါက ဘာကိုရည်ညွှန်းလဲဆိုတာ သင်သိရင်တော့ အံသြသွားပါလိမ့်မယ်။ ဒီအရောင်ပါတဲ့ သင်္ကေတအမှတ်အသားလေးက အထဲမှာ ပါဝင်တဲ့အရာတွေကို ရည်ညွှန်းတယ်ဆိုပြီး လွဲမှားစွာ နားလည်နေကြပါတယ်။ ဒီဟာလေးက အထဲမှာပါတဲ့အရာတွေ ဥပမာ – ဓာတုပစ္စည်း ၊ သဘာဝပစ္စည်း ၊ ဆေးဘက်ဆိုင်ရာ စသည်ဖြင့် ဖော်ပြနေတယ်လို့ ထင်နေကြတာပါ။ ဒီအချက်အလက်တွေက တကယ်တမ်းတော့ သိပ်ရှင်းလင်းမှုမရှိဘဲ အသုံးမဝင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝပစ္စည်းများသာ ပါသည်လို့ ပြထားပေမယ့် ဓာတုပစ္စည်းတွေလည်း ပါနေနိုင်ပါတယ်။ နောက်ပြီး ဆေးဘက်ဆိုင်ရာတွေ ပါဝင်တယ်ဆိုတာလည်း သိပ်ပြီး တိကျမှုမရှိပါဘူး။ ဟုတ်ပါတယ် ဒီအရောင်အမှတ်အသားလေးက အထဲမှာပါတဲ့အရာတွေကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဒါလေးက ထုတ်လုပ်မှုဖြစ်စဉ်အတွက် လိုအပ်တဲ့ လေဆာနဲ့ဓါတ်မှန်ရိုက်ရာမှာ အသုံးချတဲ့ အမှတ်အသားတစ်ခု (eye mark , color mark) သာ ဖြစ်ပါတယ်။ ဒီလိုလေဆာနဲ့ဓါတ်မှန်ရိုက်ပြီး ထုတ်ပိုးမှုမှာ ဘယ်နေရာကို ဖြတ်မယ်၊ ဘယ်နေရာကို လိပ်မယ် ဆိုပြီး ဆုံးဖြတ်တဲ့အမှတ်အသားဖြစ်ပါတယ်။ အိုင်းမတ်ခ် (eye mark) အိုင်းမတ်ခ်ဆိုတာ အင်တာနက်ကုန်ပစ္စည်းတွေမှာ အများစုတွေ့နိုင်တဲ့ စတုဂံပုံစံရိုက်နှိပ်ထားတဲ့ အမှတ်အသားကို စစ်ဆေးနိုင်မယ့် လျှပ်စစ်အာရုံခံအရာဖြစ်ပါတယ်။ ဒီအမှတ်အသားလေးက ထုတ်ကုန်တစ်ခုချင်းစီအတွက် ဘယ်နေရာကို ဖြတ်ရမယ်ဆိုတာ သတ်မှတ်ပေးပါတယ်။ အရောင်ပါတဲ့သင်္ကေတအမှတ်အသားလေးကတော့ အိုင်းမတ်ခ်လို (နောက်ဆုံးထုတ်ပိုးမှုအဆင့်ထိပါဖို့) မဟုတ်ပါဘူး။ အရောင်အမျိုးမျိုးပါဝင်နေတာက အမျိုးမျိုးသောထုတ်ပိုးမှုစနစ်နဲ့ အာရုံခံစက်များအတွက်ပဲ ဖြစ်ပါတယ်။ သွားတိုက်ဆေးတစ်ခုထဲ ဘာတွေပါလဲသိဖို့ကတော့ ဗူးပေါ်မှာ ရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို ဖတ်ရှုခြင်းပါပဲ။ အရောင်တွေကတော့ အင်တာနက်မှာ ပျံ့နှံ့နေပြီး ဒီအရောင်နဲ့အမှတ်အသားကို ဘယ်လိုရှာရမယ်၊ ဘယ်လိုအဓိပ္ပါယ်ဖော်ရမယ်ဆိုတဲ့ သတင်းအချက်လက်တွေကို မှားယွင်းစွာမျှဝေနေပါတယ်။ ဒါတွေက အများအားဖြင့် မမှန်ကန်ပါဘူး။ မှားယွင်းတဲ့အချက်အလက်များ အပြာရောင် – သဘာဝ + ဆေး အစိမ်းရောင် – သဘာဝ အနီရောင် – သဘာဝ + ဓာတုပစ္စည်း အမဲရောင် – ဓာတုပစ္စည်း အမှန်တော့ အရောင်အမှတ်အသားတွေနဲ့ ပါဝင်ပစ္စည်းတွေက ဆက်စပ်မှု မရှိပါဘူး။ ဒါက ထုတ်လုပ်မှုအပိုင်းမှာ သုံးတဲ့အမှတ်အသားတွေ ဖြစ်ပါတယ်။ ဘယ်နေရာကို ဘယ်လိုဖြတ်မယ်။ ဘယ်လိုလိပ်မယ်။ လေလုံအောင်ဘယ်လိုလိပ်မယ်။ စသည်ဖြင့် သိရှိနိုင်တဲ့ အမှတ်အသားသာဖြစ်ပါတယ်။ သွားတိုက်ဆေးထဲမှာပါတဲ့ အရာတွေကို သိထားဖို့ အရေးကြီးပါတယ်။ ဒါကို သိဖို့အတွက် ဘူးခွံပေါ်မှာရေးထားတဲ့ ပါဝင်ပစ္စည်းများဆိုတဲ့နေရာကို ကြည့်ရုံနဲ့တင် လုံလောက်ပါတယ်။ ရေးသားသူ Dr. Phio Thia ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar. Credit : Hellosayarwon ============== Morning News
     
================== ================== မူဆယ်တိုက်ခိုက်ခံရမှု ကြောင့် သေဆုံးသူ တရုတ်နိုင်ငံ သား သုံးဦး ရုပ်အလောင်းကို မီးရှို့သင်္ဂြိုဟ်ပြီးနောက် အရိုးပြာကို တရုတ်နိုင်ငံဘက်သို့ မေလ ၁၄ ရက်က လွှဲပြောင်းပေးခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ရဲကင်းစခန်း နှင့် ပြည်သူ့စစ်များကို တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) က ၀င်ရောက်တိုက်ခိုက်ရာ သေဆုံး သူ ၂၀ ဦးအနက် သုံးဦးသည် တရုတ်နိုင်ငံသားများ ဖြစ်သည်။ ‘‘မနေ့က မီးရှို့သင်္ဂြိုဟ်ပြီး အရိုးပြာ သုံးအိုးလုပ်ပြီး ဒီနေ့ပဲ လွှဲလိုက်တယ်။ သေဆုံးသူတွေက တရုတ်ဘက်ကနေလာပြီး ဒီဘက် မှာ ကားမောင်းနေသူတွေလို့ သိရ တယ်’’ဟု မူဆယ်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး အေးမြင့်က ပြော ကြားသည်။ တရုတ်နိုင်ငံသားများဖြစ် သည့် အသက် (၂၈) နှစ်နှင့် (၂၉) နှစ်အရွယ် အမျိုးသား နှစ်ဦး၊ (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အရိုးပြာ သုံးအိုးကို တရုတ်နိုင်ငံ ရွှေလီရဲတပ်ဖွဲ့နှင့် သေဆုံးသူများ၏ မိသားစုဝင်များက လက်ခံခဲ့သည်။ သေဆုံးမှုတွင် ပါဝင်သောရဲအုပ် ဇော်ရဲနိုင်၏ နာရေးကို မူဆယ်မြို့မသုသာန်၌ မေလ ၁၃ ရက်တွင်ပြုလုပ်ခဲ့ပြီး ယင်းနာရေးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယပြည်နယ်တပ်ဖွဲ့မှူးက ဦးဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အရပ်သားအချို့နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအပါအ၀င် ဒဏ်ရာရသူ ၂၆ ဦးသည် မူဆယ်နှင့် မန္တလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။ =========== 7Day News Journal http://7daydaily.com/story/126579
အချစ်စစ်နဲ့ ချစ်မိသွားတဲ့အခါ ဘာတွေကြုံရမလဲ
================== ================== သူနဲ့ မခေါ်မပြောဘဲ နေနေရတဲ့ နာကျင်မှုက သူ့ကိုစိတ်ဆိုးရတာထက် ပိုခါးသီးလို့ မခွင့်လွှတ်နိုင်ဘူးဆိုတဲ့ စကားက သူ့ကို တစ်သက်လုံး ပြောဖြစ်မှာ မဟုတ်တဲ့စကားပါ လက်ထပ်ဖို့ မစဉ်းစားခင် ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းက သူ့ကို တကယ်ချစ်တာ သေချာပြီလားဆိုတဲ့ မေးခွန်းပါ။ ဘဝတစ်ခုက အမြဲတစေ အဆင်ပြေ ချောမွေ့မနေနိုင်ပါဘူး။ ဘဝနှစ်ခုပေါင်းစပ်တဲ့အခါမှာလည်း ပိုများတဲ့ အဆင်မပြေမှုတွေ ၊ အခက်အခဲတွေကို တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် လောကဓံကို ကျော်ဖြတ်တဲ့အခါမှာတော့ အချစ်စစ်က အကောင်းဆုံး အင်အားဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ရင်ထဲက အချစ်ကတကယ်စစ်ရဲ့လား ကိုယ်ရထားတဲ့ အချစ်တွေကရော အစစ်ဆိုတာသေချာပြီလားလို့ ဆန်းစစ်ပြီး မှ လက်ထပ်ဖို့ ဆုံးဖြတ်သင့်တာပေါ့။ ဘဝအတွက် အမှန်ကန်ဆုံး ချမိတဲ့ ဆုံးဖြတ်ချက်က လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဂုဏ်ယူလို့ရအောင် အချစ်စစ်ဆိုတာ ဘယ်လိုမျိုးများလဲလို့ Marry နဲ့ အတူတူ ရှာဖွေကြည့်ရအောင်လား ။ အချစ်စစ်ဆိုတာ တကယ်တော့ အချစ်စစ်ဆိုတဲ့ အရာဟာ အဓိပ္ပါယ်ဖွင့်ဆိုရတာ သိပ်ကိုချိုမြိန်လွန်းပေမယ့် ရှာဖွေတွေ့ရှိဖို့ကတော့ ခက်ခဲလွန်းပါတယ်။ အချစ်ချစ်နဲ့ ချစ်ရမယ့် သူမျိုးကိုလည်း တစ်သက်မှာ တစ်ဦးတစ်ယောက်ထက် ပိုပြီး တွေ့ဖို့ မလွယ်ကူနိုင်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ အချစ်စစ်ကို တွေ့တဲ့အချိန်မှာ ကိုယ်ဟာ အချစ်စစ်ကို တွေ့နေမှန်း သေသေချာချာ သိဖို့လိုပါတယ်။ ဒီတော့ အချစ်တွေကို ဘယ်လို ခြေရာကောက်ကြမလဲ။ မပူပါနဲ့ လူတိုင်းဟာ အချစ်နဲ့တွေ့တဲ့အခါမှာ အလိုလို ပြောင်းလဲသွားတာမျိုးတွေရှိပါတယ်။ ဒီတော့ အချစ်စစ်နဲ့ တွေ့ချိန်မှာ ဘယ်လို ပြောင်းလဲမှုတွေ ကြုံရမလဲဆိုတာ Marry က ပြောပြပေးပါမယ်။ မျှော်လင့်ချက်မပါတဲ့ ပေးဆပ်မှုတွေ သူ့အတွက် ဂရုစိုက်ပေးနေတာ၊ နားလည်မှုပေးနေတာ၊ ဖြည့်ဆည်းပေးနေမိတာတွေက သူ့ဆီက တစ်စုံတစ်ရာပြန်ရပါစေတော့ ဆိုတဲ့ မျှော်လင့်ချက်မပါဘူးဆိုရင် ဒါဟာ အချစ်စစ်ဆိုတာ သေချာပါတယ်။ သူ့ကို အဲ့လို ပေးဆပ်ပေးဖို့ အထူးတလည် စဉ်းစားမိတာ၊ လုပ်ယူထားတာမျိုး မဟုတ်ဘဲ အလိုအလျောက် ပြုမှုမိနေတာမျိုးပါ။ သန့်ရှင်းတဲ့ ပျော်ရွှင်မှုတွေ တစ်စုံတစ်ခုကို ပိုင်ဆိုင်လိုက်ရမှ၊ စိတ်ကျေနပ်မှု တစ်စုံတစ်ရာရလိုက်မှ ပျော်ရွှင်မှုကို ခံစားရတာ မဟုတ်ဘဲ ကိုယ်ချစ်ရတဲ့သူ ပျော်နေ၊ ပြုံးနေ၊ ရယ်နေ၊ စိတ်ကျေနပ်နေတာကို မြင်လိုက်ရရုံနဲ့ ကိုယ်ကပါ အလိုလိုပျော်ရွှင်လာတာမျိုးဆိုရင် ရင်ထဲမှာ အချစ်စစ်တွေ ကိန်းအောင်းနေတာ သေချာနေပါပြီ။ အချိန်ကြာကြာ စိတ်ဆိုးဒေါသထွက်လို့ မရတာတွေ သူ့လုပ်ရပ် အပြုအမူတွေကို သင်အရမ်း စိတ်ဆိုးနာကျင်ခဲ့ရင်တောင်မှ အဲ့ဒါက အချိန်ခဏတာပဲတဲ့။ သူနဲ့ မခေါ်မပြောဘဲ နေနေရတဲ့ နာကျင်မှုက သူ့ကိုစိတ်ဆိုးရတာထက် ပိုခါးသီးလို့ မခေါ်မပြောဘဲလည်း ကြာကြာမနေနိုင်ကြပါဘူးတဲ့။ မခွင့်လွှတ်နိုင်ဘူးဆိုတဲ့ စကားက သူ့ကို တစ်သက်လုံး ပြောဖြစ်မှာ မဟုတ်တဲ့စကားပါ။ =========== Nway Nway Aung Marry