Wednesday, 11 November 2015

"ရွေးကောက်ပွဲသည် မြန်မာပြည်သူများ၏အောင်ပွဲ ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ထုတ်ပြန် "

နိုဝင်ဘာလ ၈ ရက်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် နိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်း အတွက် အရေးပါပြီး အပြောင်းအလဲအတွက် မိမိတို့၏ ဆန္ဒကို ရှင်းလင်းစွာ ထုတ်ဖော်ပြသခဲ့သော မြန်မာပြည်သူများ၏ အောင်ပွဲဖြစ်ကြောင်း မြန်မာရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်သော ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီစနစ် ကျင့်သုံး၍ တာဝန်ယူမှုရှိသော အစိုးရတစ်ရပ်အဖြစ် ဦးတည်ဆောင်ရွက်ရာတွင် ဗြိတိန်နိုင်ငံသည် မြန်မာပြည်သူများကို ပံပိုးသွားရန် အဆင့်သင့်ရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment