Wednesday, 11 November 2015

အသက္ ၅၀ ေပမယ့္ ၂၀ေက်ာ္သက္လို လွသူ


တရုတ္ျပည္ Chongqing ျမိဳ႕မွာ ေနထိုင္တဲ့ Mrs. Qin အမည္ရ အမ်ိဳးသမီး ျဖစ္ပါတယ္။ သူမဟာ အသက္ ၅၀ ေက်ာ္ျပီျဖစ္ျပီး သမီး ၂ ဦးနဲ႔ ေျမးမေလး တစ္ဦး ရွိပါတယ္။ ဒါေပမယ့္ သူမကို ၾကည့္လိုက္ရင္ အဖြား တစ္ဦး ျဖစ္တယ္လို႔ လံုးဝ ထင္ရက္စရာ မရွိပါဘူး။

သူမဟာ ထူးျခားစြာပဲ ငယ္ရြယ္ ႏုပ်ိဳတဲ့ အသြင္အျပင္ကို ပိုင္ဆိုင္ထားပါတယ္။ အသားအရည္မ်ား တြန္႔တဲြ မက် ေနသလို ခႏၶာကိုယ္မွာလည္း အဆီပိုမ်ား ရွိမေနပါ။ သူမ အေနဲ႔ ယင္းအတြက္ လွိ်ဳ႕ဝွက္ခ်က္ အျဖစ္ အစားအေသာက္ကို ဆင္ျခင္ စားသံုးျပီး ဝိုင္ကိုလည္း က်န္းမာေရး အတြက္ ေသာက္သံုးေလ့ ရွိေၾကာင္း ဆုိပါတယ္။

တရုတ္ျပည္မွာ လက္ရွိ အလွကုန္ ပစၥည္းမ်ား ေရာင္းခ်ရမွုဟာ တစ္ႏွစ္ကို အေမရိကန္ ေဒၚလာ ၁ ဘီလ်ံ မက ရွိျပီး အလွကုန္ ပစၥည္းထက္ သဘာဝက်က် ႏုပ်ိဳနည္းမ်ားကို ပိုလို႔ ရွာေဖြ စိတ္ဝင္စားလာၾကေၾကာင္း သိရပါတယ္။
.
Ref: cctv
ေအာင္ခမ္း (ရိုးရာေလး)
www.yoyarlay.com

#aungkham_yyl
#news_yyl

(Unicode version)
အသက် ၅၀ ပေမယ့် ၂၀ကျော်သက်လို လှသူ

တရုတ်ပြည် Chongqing မြို့မှာ နေထိုင်တဲ့ Mrs. Qin အမည်ရ အမျိုးသမီး ဖြစ်ပါတယ်။ သူမဟာ အသက် ၅၀ ကျော်ပြီဖြစ်ပြီး သမီး ၂ ဦးနဲ့ မြေးမလေး တစ်ဦး ရှိပါတယ်။ ဒါပေမယ့် သူမကို ကြည့်လိုက်ရင် အဖွား တစ်ဦး ဖြစ်တယ်လို့ လုံးဝ ထင်ရက်စရာ မရှိပါဘူး။

သူမဟာ ထူးခြားစွာပဲ ငယ်ရွယ် နုပျိုတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားပါတယ်။ အသားအရည်များ တွန့်တွဲ မကျ နေသလို ခန္ဓာကိုယ်မှာလည်း အဆီပိုများ ရှိမနေပါ။ သူမ အနေဲ့ ယင်းအတွက် လှိျု့ဝှက်ချက် အဖြစ် အစားအသောက်ကို ဆင်ခြင် စားသုံးပြီး ဝိုင်ကိုလည်း ကျန်းမာရေး အတွက် သောက်သုံးလေ့ ရှိကြောင်း ဆိုပါတယ်။

တရုတ်ပြည်မှာ လက်ရှိ အလှကုန် ပစ္စည်းများ ရောင်းချရမှုဟာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁ ဘီလျံ မက ရှိပြီး အလှကုန် ပစ္စည်းထက် သဘာဝကျကျ နုပျိုနည်းများကို ပိုလို့ ရှာဖွေ စိတ်ဝင်စားလာကြကြောင်း သိရပါတယ်။
.
Ref: cctv
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment