ရန်ကုန်၊ နိုဝင်ဘာ ၁၃
လစာထုတ်ရင်ဆွဲ ကြိုးဝယ်ပေးမယ် ပြောပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးတစ်ဦးကို ရဲတစ်ဦးက ကာမလိမ်လည်ရယူလိုက်တဲ့ အမှု အခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တယ်လို့
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုရုံးကနေ သိရပါတယ်။
ဖြစ်စဉ်ကတော့ အခုလ ၆ ရက်နေ့ည ၁၂ နာရီလောက်က သာကေတမြို့နယ်၊ ၁၀/တောင်(၁၄)ရပ်ကွက်၊သလ္လာဝတီ ၆ လမ်းနေ အသက်၁၄နှစ်အရွယ်မ...ကို
MOGE မှ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အသိမိတ်ဆွေ ဖြစ်သူ အသက် ၃၇ အရွယ် ရဲတပ်ဖွဲ့ဝင် ဦး.....က ဘုရားလိုက်ပို့ပေးမယ်လို့ပြောပြီး နေအိမ်မှာ လာရောက်ခေါ်ယူသွားပါတယ်။
ဒီလို ခေါ်ဆောင်သွားပြီး
ဘုရားကနေ အပြန်ရူခင်းသာမြို့ပတ်လမ်းဘေးရှိမှောင်ရိပ်ကျနေတဲ့ နေရာအရောက်မှာ အခုလို ပြောဆိုပြီး ကာမလိမ်လည်ရယူခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရသိရပါတယ်။
ဒီဖြစ်စဉ်ဖြစ်ပွားပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ အသက် ၁၄ နှစ်အရွယ် မ.. ဟာနေမကောင်းကြောင်း ပြောပြီး အိပ်ယာထဲလဲနေရာကနေ မိခင်ရဲ့ စစ်ဆေးမေးမြန်းမှုကြောင့်
အခုကိစ္စဖြစ်ပွားခဲ့ကြောင်း သိရှိရတာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒီလို သွေးဆောင်ဖျားယောင်းပြီး ကာမလိမ်လည်ရယူခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ဦး.. ကို ဒီနေ့မနက် သာကေတနယ်မြေရဲစခန်းမှာ (ပ)၈၂၆/၂၀၁၅၊ပြစ်မှုပုဒ်မ၃၆၃/၃၆၆-က
နဲ့ အမှုဖွင့် ထားပြီး စုံစမ်းစစ်ဆေး နေတယ်လို့ သိရပါတယ်။
ရဲကျော်ထက်
Popular News Journal
No comments:
Post a Comment