Wednesday, 11 November 2015

မြန်မာ့ ရွေးကောက်ပွဲ ရလဒ်များကို တာဝန်ရှိသူများက ကြေညာဆဲဖြစ်သော်လည်း အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် က အစိုးရဖွဲ့နိုင်ရန် လုံလောက် သည့် မဲရလဒ်များကို ရရန် မျှော် လင့်ထားပြီးဖြစ်ကြောင်း ရန်ကုန် မြို့သို့ ရောက်ရှိနေသည့် ဘီဘီစီ သတင်းထောက် ဖာဂယ်ကိန်းက ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၎င်း၏ ပါတီ အစိုးရဖွဲ့နိုင် ရန် လိုအပ်သည့် မဲအရေအ တွက် အနည်းဆုံး ၇၅ ရာခိုင်နှုန်းကို ရရှိနေပြီဖြစ်ကြောင်း ဆိုသည်။

အချို့သော ဒီချုပ်ပါတီ ထိပ် ပိုင်း ခေါင်းဆောင်များကလည်း ၎င်းတို့ပါတီသည် ထိုအရေအ တွက်ကို အသာအယာ ရရှိမည်ဟု ယုံကြည်ထားကြောင်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံသူများအနေဖြင့် နှိမ့်ချ သည့် စိတ်ထားရှိရမည်ဖြစ် ကြောင်း ပြောထားသည်။

‘‘အနိုင်ရတဲ့သူတွေဟာ ရှုံး တဲ့သူတွေရဲ့ ခံစားချက်တွေကို စော်ကားတာ (သို့မဟုတ်) ထိန်း မနိုင်သိမ်းမရ အောင်ပွဲခံတာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်’’ ဟု ၎င်းက ဆိုထားသည်။
....................................................
အစိုးရဖွဲ့နိုင်ရန် လုံလောက်သည့် မဲရလဒ် မျှော်လင့်ထားပြီးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဘီဘီစီသို့ ပြော

No comments:

Post a Comment