ပုဂံသို့ အလည်လာသည့် ဟောင်ကောင်သူတစ်ဦးကို ရန်ကုန်-ပုဂံရထားပေါ်တွင် ရထားစားသောက်ဆိုင် စားပွဲထိုးတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၂၃ ရက် နံနက် ရထားဖြင့် ရန်ကုန်မြို့မှ ပုဂံသို့ ထွက်ခွာလာသည့် နိုင်ငံခြားသူကို ရထားပေါ်ရှိ စားသောက်ဆိုင်စားပွဲထိုးတစ်ဦးက ညောင်ဦးမြို့နယ် တောင်ဇင်းဘူတာအနီးတွင် အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ် သည်။ ‘‘ညောင်ဦးနားရောက်ပြီဆိုရင် ရထားပေါ်က လူပြတ်တယ်လေ။ စားသောက်ဆိုင်က စားပွဲထိုးက ဗီဒီယိုဖိုင်ပြပြီးအခန်းခေါ်ပြီး အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းတယ်လို့ သိရတယ်။ ကောင်မလေးကလည်း အလိုက်သင့်နေပြီးတော့ ပုဂံဘူတာရောက်မှ ရဲခေါ်ပြီးတိုင်တာလို့ သိရတယ်’’ဟု ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ နိုင်ငံခြားသူကို အဓမ္မပြု ကျင့်ခြင်း ရှိ၊ မရှိ စစ်ဆေးနေပြီး ရထားစားသောက်ဆိုင်စားပွဲထိုးကို ပုဒ်မ ၃၇၇/၅၁၁တို့ဖြင့် တောင်ဇင်းတိုက်နယ် ရဲတပ်ဖွဲ့တွင် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။ ‘‘ပုဒ်မ ၃၇၇ က ဓမ္မတာအတိုင်း ဆန့်ကျင်ပြီးတော့ လိင်ဆက်ဆံတာကို ပြောတာ။ ပုဒ်မ ၅၁၁ က လိင်ဆက်ဆံဖို့ အားပေးကူညီတာကို ပြောတာ။ ပုဒ်မ ၃၇၇ က ထောင်ဒဏ်တစ်သက်တစ်ကျွန်း (သို့မဟုတ်) ဆယ်နှစ်ထိ ချလို့ရတယ်။ဒါပေမဲ့ ပုဒ်မ ၅၁၁ ကပ်လိုက်တော့ အဲဒီအမိန့် ချတာထက် တစ်ဝက်ပဲ ချလို့ရတော့မယ်။ ဥပမာ ဆယ်နှစ်ဆို ငါးနှစ်ပဲ ချရမှာပေါ့’’ဟု ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က ပြော သည်။ 7daydaily
No comments:
Post a Comment